အသက်(၂၀)ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံးမှု မန္တလေးမြို့တွင်ဖြစ်ပွား

6527
သန့်ဇင် (NP News) - ဒီဇင်ဘာ ၅
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် အသက်(၂၀)ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)ထံမှ သိရသည်။
ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက် ၄နာရီခွဲအချိန်ခန့်တွင် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေတွင်းထဲခုန်ချသွားတဲ့ အမျိုးသမီးက စိတ်ကျန်းမာရေးချို့တဲ့နေတဲ့သူလို့ သိရတယ်။ သူကမနက်ပိုင်း လမ်းလျှောက်ရင်းနဲ့ ရေတွင်းထဲ ခုန်ချတာပေါ့နော်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ရေတွင်းထဲခုန်ချသေဆုံးသွားခဲ့သည့် အမျိုးသမီးသည် အသက်(၂၀)ဝန်းကျင်အရွယ်ဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့်အဆက်သွယ်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
“ရေတွင်းက ရေပြင်ထိဆိုရင်ပေ(၂၀)ပေါ့။ အောက်ရေကတော့ ခန့်မှန်းခြေ (၁၀)ပေလောက်နက်ဦးမယ်။ ခုန်ချတဲ့အမျိုးသမီးမှာက ဖုန်းတစ်လုံးတော့ပါလာတယ်။ မိသားစုနဲ့ အဆက်သွယ်ရဖို့ သက်ဆိုင်ရာက လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီးအား မေတ္တာမြင့်မိုရ်အသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အသက္(၂၀)ဝန္းက်င္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦး ေရတြင္းထဲသို႔ခုန္ခ်ေသဆုံးမႈ မႏၲေလးၿမိဳ႕တြင္ျဖစ္ပြား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၅
မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္တြင္ အသက္(၂၀)ဝန္းက်င္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦး ေရတြင္းထဲသို႔ခုန္ခ်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလးတိုင္း)ထံမွ သိရသည္။
ယေန႔(ဒီဇင္ဘာလ ၅ ရက္)၊ နံနက္ ၄နာရီခြဲအခ်ိန္ခန႔္တြင္ အမရပူရၿမိဳ႕နယ္၊ မွန္တန္းရပ္ကြက္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရတြင္းထဲခုန္ခ်သြားတဲ့ အမ်ိဳးသမီးက စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေနတဲ့သူလို႔ သိရတယ္။ သူကမနက္ပိုင္း လမ္းေလွ်ာက္ရင္းနဲ႔ ေရတြင္းထဲ ခုန္ခ်တာေပါ့ေနာ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ေရတြင္းထဲခုန္ခ်ေသဆုံးသြားခဲ့သည့္ အမ်ိဳးသမီးသည္ အသက္(၂၀)ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး လက္ရွိတြင္ မိသားစုႏွင့္အဆက္သြယ္ရရွိရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။
“ေရတြင္းက ေရျပင္ထိဆိုရင္ေပ(၂၀)ေပါ့။ ေအာက္ေရကေတာ့ ခန႔္မွန္းေျခ (၁၀)ေပေလာက္နက္ဦးမယ္။ ခုန္ခ်တဲ့အမ်ိဳးသမီးမွာက ဖုန္းတစ္လုံးေတာ့ပါလာတယ္။ မိသားစုနဲ႔ အဆက္သြယ္ရဖို႔ သက္ဆိုင္ရာက လုပ္ေဆာင္ေနပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီးအား ေမတၱာျမင့္မိုရ္အသင္းမွ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။