PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၁၀၀၀၀ ကျော်ခိုလှုံနေ

929
ကျော် (NP News) - ဒီဇင်ဘာ ၅
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အခြေပြုဒေသများရှိ စစ်ဘေးရှောင်စ ခန်းများ၌ ယနေ့ (ဒီဇင်ဘာလ ၅ ရက်)အထိ လူဦးရေ ၁၀၀၀၀ ကျော်ရောက်ရှိခိုလှုံလျက်ရှိကြောင်း ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းထံမှ သိရသည်။

စစ်ဘေးရှောင်များသည် PNLO အခြေပြုဒေသများဖြစ်သော ဆီဆိုင်မြို့၊ ဘန်းယဥ်မြို့၊ နောင်မွန်မြို့၊ ဆိုက်ခေါင်မြို့၊နောင်ထောဝ်မြို့ နှင့်ဆက်စပ်ဧရိယာများရှိ စစ်ဘေးရှောင်စခန်းများ၌ ရောက်ရှိခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။
"စစ်ဘေးရှောင်စခန်းတွေမှာ ထပ်ရောက်လာတဲ့လူတွေနေထိုင်ရအဆင်ပြေအောင် တန်းလျားတွေထပ်ဆောက်နေပါတယ်။ လက်ရှိအချိန်အထိဆိုရင် ၁၀၀၀၀ ကျော်ရှိနေပြီ။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပဲ"ဟု ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းကပြောသည်။
PNLO အခြေပြုဒေသသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် ကယားပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာကြသူအများဆုံးဖြစ်ကြောင်း သိရသည်။
"တချို့စစ်ဘေးရှောင်တွေဆိုရင် ဘောလခဲဘက်ကနေ လွိုင်ကော်ကိုစစ်ဘေးရှောင်အနေနဲ့ရောက်လာတယ်။ လွိုင်ကော်မှာတိုက်ပွဲထပ်ဖြစ်တော့ ကျွန်တော်တို့ PNLO အခြေပြုဒေသဘက်ကို ထပ်ရောက်လာကြတာပါ"ဟု ဆရာခွန်ထွန်းကပြောသည်။
လက်ရှိအချိန်၌ စစ်ဘေးရှောင်ဦးရေထပ်မံများပြားလာသော်လည်း စစ်ဘေးရှောင်စခန်းထပ်မံဖွင့်လှစ်ရန် အစီအစဥ်မရှိသေးဘဲ လိုအပ်သည့် စားနပ်ရိက္ခာများကို ပုံမှန်ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
"လက်ရှိ စစ်ဘေးရှောင်စခန်း ၂၁ ခုထက်တော့ ထပ်တိုးဖွင့်ဖို့မရှိသေးပါဘူး။ တစ်ချို့စစ်ဘေးရှောင်တွေက မြို့တွေရွာတွေထဲက ဆွေမျိုးတွေအိမ်မှာနေကြတာလည်းရှိတယ်"ဟု ဆရာခွန်ထွန်းကပြောသည်။
ထို့ပြင် စစ်ဘေးရှောင်စခန်းများ၌ရောက်ရှိခိုလှုံနေသူများအား PNLO အုပ်ချုပ်ရေးဌာနနှင့်အလှူရှင်များက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်အိတ်များ၊ ဆီများ နှင့် အခြားစားသောက်ကုန်များကို လူဦးရေအပေါ်မူတည်၍ (၂)ပတ်စာခန့်အား ပုံမှန်ပေးပို့ပေးလျက်ရှိကြောင်း သိရသည်။
PNLO အခြေပြုဒေသတွင်နေထိုင်သူများမှလည်း စစ်ဘေးရှောင်များအတွက်လိုအပ်သည့် စားသောက်ကုန်များ၊ အဝတ်အထည်များကို လာရောက်လှူဒါန်းပေးမှုများလည်းရှိနေကြောင်း ဆရာခွန်ထွန်း၏ပြောကြားချက်အရ သိရသည်။

zawgyi version
PNLO အေျချပဳေဒသရွိ စစ္ေဘးေရွာင္စခန္းမ်ားတြင္ လူဦးေရ ၁၀၀၀၀ ေက်ာ္ခိုလႈံေန
ေက်ာ္ (NP News) - ဒီဇင္ဘာ ၅
ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)အေျချပဳေဒသမ်ားရွိ စစ္ေဘးေရွာင္စ ခန္းမ်ား၌ ယေန႔ (ဒီဇင္ဘာလ ၅ ရက္)အထိ လူဦးေရ ၁၀၀၀၀ ေက်ာ္ေရာက္ရွိခိုလႈံလ်က္ရွိေၾကာင္း ဆီဆိုင္ၿမိဳ႕၊ PNLO ဆက္ဆံေရး႐ုံးတာဝန္ခံ ဆရာခြန္ထြန္းထံမွ သိရသည္။
စစ္ေဘးေရွာင္မ်ားသည္ PNLO အေျချပဳေဒသမ်ားျဖစ္ေသာ ဆီဆိုင္ၿမိဳ႕၊ ဘန္းယဥ္ၿမိဳ႕၊ ေနာင္မြန္ၿမိဳ႕၊ ဆိုက္ေခါင္ၿမိဳ႕၊ေနာင္ေထာဝ္ၿမိဳ႕ ႏွင့္ဆက္စပ္ဧရိယာမ်ားရွိ စစ္ေဘးေရွာင္စခန္းမ်ား၌ ေရာက္ရွိခိုလႈံေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။
"စစ္ေဘးေရွာင္စခန္းေတြမွာ ထပ္ေရာက္လာတဲ့လူေတြေနထိုင္ရအဆင္ေျပေအာင္ တန္းလ်ားေတြထပ္ေဆာက္ေနပါတယ္။ လက္ရွိအခ်ိန္အထိဆိုရင္ ၁၀၀၀၀ ေက်ာ္ရွိေနၿပီ။ လူမ်ိဳးေပါင္းစုံ၊ ဘာသာေပါင္းစုံပဲ"ဟု ဆီဆိုင္ၿမိဳ႕၊ PNLO ဆက္ဆံေရး႐ုံးတာဝန္ခံ ဆရာခြန္ထြန္းကေျပာသည္။
PNLO အေျချပဳေဒသသို႔ေရာက္ရွိလာသည့္ စစ္ေဘးေရွာင္မ်ားသည္ ကယားျပည္နယ္တြင္ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ တိမ္းေရွာင္လာၾကသူအမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။
"တခ်ိဳ႕စစ္ေဘးေရွာင္ေတြဆိုရင္ ေဘာလခဲဘက္ကေန လြိဳင္ေကာ္ကိုစစ္ေဘးေရွာင္အေနနဲ႔ေရာက္လာတယ္။ လြိဳင္ေကာ္မွာတိုက္ပြဲထပ္ျဖစ္ေတာ့ ကြၽန္ေတာ္တို႔ PNLO အေျချပဳေဒသဘက္ကို ထပ္ေရာက္လာၾကတာပါ"ဟု ဆရာခြန္ထြန္းကေျပာသည္။
လက္ရွိအခ်ိန္၌ စစ္ေဘးေရွာင္ဦးေရထပ္မံမ်ားျပားလာေသာ္လည္း စစ္ေဘးေရွာင္စခန္းထပ္မံဖြင့္လွစ္ရန္ အစီအစဥ္မရွိေသးဘဲ လိုအပ္သည့္ စားနပ္ရိကၡာမ်ားကို ပုံမွန္ပို႔ေဆာင္ျဖန္႔ေဝေပးလ်က္ရွိေၾကာင္း သိရသည္။
"လက္ရွိ စစ္ေဘးေရွာင္စခန္း ၂၁ ခုထက္ေတာ့ ထပ္တိုးဖြင့္ဖို႔မရွိေသးပါဘူး။ တစ္ခ်ိဳ႕စစ္ေဘးေရွာင္ေတြက ၿမိဳ႕ေတြ႐ြာေတြထဲက ေဆြမ်ိဳးေတြအိမ္မွာေနၾကတာလည္းရွိတယ္"ဟု ဆရာခြန္ထြန္းကေျပာသည္။
ထို႔ျပင္ စစ္ေဘးေရွာင္စခန္းမ်ား၌ေရာက္ရွိခိုလႈံေနသူမ်ားအား PNLO အုပ္ခ်ဳပ္ေရးဌာနႏွင့္အလႉရွင္မ်ားက အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္အိတ္မ်ား၊ ဆီမ်ား ႏွင့္ အျခားစားေသာက္ကုန္မ်ားကို လူဦးေရအေပၚမူတည္၍ (၂)ပတ္စာခန္႔အား ပုံမွန္ေပးပို႔ေပးလ်က္ရွိေၾကာင္း သိရသည္။
PNLO အေျချပဳေဒသတြင္ေနထိုင္သူမ်ားမွလည္း စစ္ေဘးေရွာင္မ်ားအတြက္လိုအပ္သည့္ စားေသာက္ကုန္မ်ား၊ အဝတ္အထည္မ်ားကို လာေရာက္လႉဒါန္းေပးမႈမ်ားလည္းရွိေနေၾကာင္း ဆရာခြန္ထြန္း၏ေျပာၾကားခ်က္အရ သိရသည္။