ဆိုရှယ်မီဒီယာမှာစွန့်စားဗီဒီယိုတင်ဖို့ လေယာဉ်ငယ်ပေါ်မှ ခုန်ချကာ လေယာဉ်ကို ပျက်စီးစေခဲ့တဲ့ YouTuber ထောင်ဒဏ် ၆ လ ချမှတ်ခံရ

 2127

ရောင်နီ (NP News) - ဒီဇင်ဘာ ၆

အသက် ၃ဝ နှစ်အရွယ် YouTube creator၊ အိုလံပစ် အားကစားသမားဟောင်းတစ်ဦးဟာ ဆိုရှယ်မီဒီယာမှာ viewer များစေဖို့ လေယာဉ်ငယ်ပေါ်မှ ခုန်ချခဲ့ပြီး လေယာဉ်ကို ပျက်စီးစေခဲ့ခြင်းကြောင့် တနင်္လာနေ့(ဒီဇင်ဘာ ၄ ရက်) မှာ ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။

ထရက်ဗာဒယ်နီရယ်ဂျက်ကော့ဟာ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလက ၎င်းရဲ့ အဆိုပါစွန့်စားဗီဒီယိုရိုက်ကူးဖို့အတွက် ကင်မရာများစွာ တပ်ဆင်ထားတဲ့လေယာဉ်မှ လေထီးနဲ့ ခုန်ချခဲ့တာပါ။ ၎င်းဟာ ရည်ရွယ်ချက်ရှိရှိ လေယာဉ်ကို ပျက်စီးစေခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ကယ်လီဖိုးနီးယားရှိ ဖက်ဒရယ်အစိုးရရှေ့နေတွေက သတင်းထုတ်ပြန်ခဲ့ပါ တယ်။

"I Crashed My Airplane” လို့ အမည်ပေးထားတဲ့ အဆိုပါဗီဒီယိုကို YouTube မှာ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်က တင်ခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုသူအချို့က အဆိုပါစတန့်ဟာ လေယာဉ်ကို ဘေးကင်းလုံခြုံစွာ ဆင်းသက်ဖို့ မကြိုးစားဘဲ ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေခဲ့တယ်လို့ ဆိုကြပါတယ်။

အစိုးရရှေ့နေများရဲ့ပြောကြားချက်အရ လေယာဉ်ပျက်ကျပြီး ရက်ပိုင်းအကြာမှာ ဂျက်ကော့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ဆိုရွယ္မီဒီယာမွာစြန္႔စားဗီဒီယိုတင္ဖို႔ ေလယာဥ္ငယ္ေပၚမွ ခုန္ခ်ကာ ေလယာဥ္ကို ပ်က္စီးေစခဲ့တဲ့ YouTuber ေထာင္ဒဏ္ ၆ လ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၆

အသက္ ၃ဝ ႏွစ္အ႐ြယ္ YouTube creator၊ အိုလံပစ္ အားကစားသမားေဟာင္းတစ္ဦးဟာ ဆိုရွယ္မီဒီယာမွာ viewer မ်ားေစဖို႔ ေလယာဥ္ငယ္ေပၚမွ ခုန္ခ်ခဲ့ၿပီး ေလယာဥ္ကို ပ်က္စီးေစခဲ့ျခင္းေၾကာင့္ တနလၤာေန႔(ဒီဇင္ဘာ ၄ ရက္) မွာ ေထာင္ဒဏ္ေျခာက္လ ခ်မွတ္ခံခဲ့ရပါတယ္။

ထရက္ဗာဒယ္နီရယ္ဂ်က္ေကာ့ဟာ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလက ၎ရဲ႕ အဆိုပါစြန္႔စားဗီဒီယို႐ိုက္ကူးဖို႔အတြက္ ကင္မရာမ်ားစြာ တပ္ဆင္ထားတဲ့ေလယာဥ္မွ ေလထီးနဲ႔ ခုန္ခ်ခဲ့တာပါ။ ၎ဟာ ရည္႐ြယ္ခ်က္ရွိရွိ ေလယာဥ္ကို ပ်က္စီးေစခဲ့ေၾကာင္း ဝန္ခံခဲ့တယ္လို႔ ကယ္လီဖိုးနီးယားရွိ ဖက္ဒရယ္အစိုးရေရွ႕ေနေတြက သတင္းထုတ္ျပန္ခဲ့ပါ တယ္။

"I Crashed My Airplane” လို႔ အမည္ေပးထားတဲ့ အဆိုပါဗီဒီယိုကို YouTube မွာ ၂ဝ၂၁ ခုႏွစ္၊ ဒီဇင္ဘာ ၂၃ ရက္က တင္ခဲ့တာျဖစ္ပါတယ္။ ၾကည့္ရႈသူအခ်ိဳ႕က အဆိုပါစတန႔္ဟာ ေလယာဥ္ကို ေဘးကင္းလုံၿခဳံစြာ ဆင္းသက္ဖို႔ မႀကိဳးစားဘဲ ရည္႐ြယ္ခ်က္ရွိရွိ ပ်က္စီးေစခဲ့တယ္လို႔ ဆိုၾကပါတယ္။

အစိုးရေရွ႕ေနမ်ားရဲ႕ေျပာၾကားခ်က္အရ ေလယာဥ္ပ်က္က်ၿပီး ရက္ပိုင္းအၾကာမွာ ဂ်က္ေကာ့ကို ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.