ဖိလစ်ပိုင်နိုင်ငံတွင် ဘတ်စ်ကားတစ်စီး လျှိုထဲသို့ထိုးကျခဲ့ပြီး အနည်းဆုံး လူ(၁၆)ဦး သေဆုံး

290

Pika (NP News) - ဒီဇင်ဘာ ၆
ဖိလစ်ပိုင်နိုင်ငံ Antique ပြည်နယ်တွင် လူဒါဇင်ချီတင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်ကမ်းပါးတစ်ခုထဲသို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင် များက ဒီဇင်ဘာလ(၆)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
အဆိုပါမတော်တဆမှုအတွင်း အခြားလူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၈)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကာ အခြား(၄)ဦးမှာ တည်ငြိမ်ကောင်းမွန်သည့်အခြေအနေတွင်ရှိနေကြောင်း Antique ပြည်နယ် အုပ်ချုပ်ရေးမှူး Rhodora Cadiao က ပြောကြားခဲ့သည်။
Iloilo ပြည်နယ်မှ ထွက်ခွာလာသော ခရီးသည်တင်ဘတ်စ်ကားသည် Antique ပြည်နယ် Culasi မြို့သို့ သွားနေစဉ် အချိန်အတွင်း ဒီဇင်ဘာလ(၅)ရက် မွန်းလွဲပိုင်းတွင် ဘရိတ်ချို့ယွင်းကာ မီတာ(၃ဝ)ရှိသော လျှိုထဲသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း Rhodora Cadiao က ပြောကြားခဲ့သည်။
Rhodora Cadiao က "ကျွန်တော်တို့ အဲဒီနေရာကို လူသတ်လမ်းကွေ့လို့ ခေါ်ပါတယ်။ အခုတစ်ခါဖြစ်တာက ဒုတိယအကြိမ်မြောက်ပါ။ သေဆုံးတဲ့လူတွေလည်းများတဲ့အတွက် အဲဒီလမ်းကို ကျွန်တော်တို့စွန့်ပစ်ပြီး အခြားလမ်း တစ်ခုလုပ်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် Rhodora Cadiao သည် ထိခိုက်ဒဏ်ရာရရှိသူများ ဆေးကုသမှုလုပ်ဆောင်နေသည့် ဆေးရုံသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ သေဆုံး/ဒဏ်ရာရရှိသူများ၏ ဆေးကုသစရိတ် နှင့် နာရေးစရိတ်တို့ကို ဖိလစ်ပိုင်အစိုးရက ကူညီမည်ဟု ကတိပြုခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
Antique ပြည်နယ် သဘာဝဘေးအန္တရာယ်အေဂျင်စီအကြီးအကဲ Roderick Train က "ဒါဟာ တောင်ပေါ်လမ်း တစ်ခုဖြစ်တဲ့အတွက် ဘတ်စ်ကားတွေက အမြင့်ကနေ ခဏခဏပြုတ်ကျလေ့ရှိပါတယ်။ ဒါကြောင့် သေဆုံးသူ အရေအတွက် အရမ်းများပြားနေတာပါ။ မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရတော့ ဒီမတော်တဆမှုဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်ခဲ့တာပါ။ ဘရိတ်ပေါက်ပြီးတော့ ဘတ်စ်ကားယာဉ်မောင်းလည်း ထိန်းချုပ်နိုင်တာမျိုး မရှိခဲ့တဲ့ပုံပါပဲ" ဟု ပြောဆိုခဲ့သည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လုပ်ဆောင်ခဲ့ပြီး အာဏာပိုင်များသည် အဆိုပါဘတ်စ်ကားကို ပြန်လည်သယ်ယူနိုင်ရန် လုပ်ဆောင်နေကြောင်း Roderick Train က ပြောကြားခဲ့သည်။
၎င်းက "ကျွန်တော်တို့ ဒီနေ့မနက်အထိ ရုပ်အလောင်းတွေကို ရှာဖွေနေတုန်းပါပဲ။ ဒီလျှိုထဲကို အတက်အဆင်း လုပ်ရတာ တကယ်ကို ပင်ပန်းပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါဘတ်စ်ကားပေါ်တွင် ခရီးသည်(၅၃)ဦး လိုက်ပါလာသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စည်းကမ်းတင်းကြပ်မှုမရှိခြင်း၊ လမ်းထိန်းသိမ်းမှုညံ့ဖျင်းခြင်းတို့ကြောင့် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံတြင္ ဘတ္စ္ကားတစ္စီး လွ်ိဳထဲသို႔ထိုးက်ခဲ့ၿပီး အနည္းဆုံး လူ(၁၆)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၆
ဖိလစ္ပိုင္ႏိုင္ငံ Antique ျပည္နယ္တြင္ လူဒါဇင္ခ်ီတင္ေဆာင္လာေသာ ဘတ္စ္ကားတစ္စီး ဘရိတ္ေပါက္ကာ ေခ်ာက္ကမ္းပါးတစ္ခုထဲသို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၆)ဦးေသဆုံးခဲ့ေၾကာင္း ေဒသတြင္းအာဏာပိုင္ မ်ားက ဒီဇင္ဘာလ(၆)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။
အဆိုပါမေတာ္တဆမႈအတြင္း အျခားလူ(၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၈)ဦးမွာ စိုးရိမ္ရသည့္အေျခအေနတြင္ ရွိေနကာ အျခား(၄)ဦးမွာ တည္ၿငိမ္ေကာင္းမြန္သည့္အေျခအေနတြင္ရွိေနေၾကာင္း Antique ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး Rhodora Cadiao က ေျပာၾကားခဲ့သည္။
Iloilo ျပည္နယ္မွ ထြက္ခြာလာေသာ ခရီးသည္တင္ဘတ္စ္ကားသည္ Antique ျပည္နယ္ Culasi ၿမိဳ႕သို႔ သြားေနစဥ္ အခ်ိန္အတြင္း ဒီဇင္ဘာလ(၅)ရက္ မြန္းလြဲပိုင္းတြင္ ဘရိတ္ခ်ိဳ႕ယြင္းကာ မီတာ(၃ဝ)ရွိေသာ လွ်ိဳထဲသို႔ ထိုးက်ခဲ့ျခင္း ျဖစ္ေၾကာင္း Rhodora Cadiao က ေျပာၾကားခဲ့သည္။
Rhodora Cadiao က "ကြၽန္ေတာ္တို႔ အဲဒီေနရာကို လူသတ္လမ္းေကြ႕လို႔ ေခၚပါတယ္။ အခုတစ္ခါျဖစ္တာက ဒုတိယအႀကိမ္ေျမာက္ပါ။ ေသဆုံးတဲ့လူေတြလည္းမ်ားတဲ့အတြက္ အဲဒီလမ္းကို ကြၽန္ေတာ္တို႔စြန႔္ပစ္ၿပီး အျခားလမ္း တစ္ခုလုပ္ဖို႔ လိုအပ္ပါတယ္" ဟု ေျပာခဲ့သည္။
ထို႔အျပင္ Rhodora Cadiao သည္ ထိခိုက္ဒဏ္ရာရရွိသူမ်ား ေဆးကုသမႈလုပ္ေဆာင္ေနသည့္ ေဆး႐ုံသို႔ သြားေရာက္ လည္ပတ္ခဲ့ေၾကာင္း သိရသည္။ ေသဆုံး/ဒဏ္ရာရရွိသူမ်ား၏ ေဆးကုသစရိတ္ ႏွင့္ နာေရးစရိတ္တို႔ကို ဖိလစ္ပိုင္အစိုးရက ကူညီမည္ဟု ကတိျပဳခဲ့ေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။
Antique ျပည္နယ္ သဘာဝေဘးအႏၲရာယ္ေအဂ်င္စီအႀကီးအကဲ Roderick Train က "ဒါဟာ ေတာင္ေပၚလမ္း တစ္ခုျဖစ္တဲ့အတြက္ ဘတ္စ္ကားေတြက အျမင့္ကေန ခဏခဏျပဳတ္က်ေလ့ရွိပါတယ္။ ဒါေၾကာင့္ ေသဆုံးသူ အေရအတြက္ အရမ္းမ်ားျပားေနတာပါ။ မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္အရေတာ့ ဒီမေတာ္တဆမႈဟာ စက္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈေၾကာင့္ျဖစ္ခဲ့တာပါ။ ဘရိတ္ေပါက္ၿပီးေတာ့ ဘတ္စ္ကားယာဥ္ေမာင္းလည္း ထိန္းခ်ဳပ္ႏိုင္တာမ်ိဳး မရွိခဲ့တဲ့ပုံပါပဲ" ဟု ေျပာဆိုခဲ့သည္။
မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကိုဆက္လုပ္ေဆာင္ခဲ့ၿပီး အာဏာပိုင္မ်ားသည္ အဆိုပါဘတ္စ္ကားကို ျပန္လည္သယ္ယူႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း Roderick Train က ေျပာၾကားခဲ့သည္။
၎က "ကြၽန္ေတာ္တို႔ ဒီေန႔မနက္အထိ ႐ုပ္အေလာင္းေတြကို ရွာေဖြေနတုန္းပါပဲ။ ဒီလွ်ိဳထဲကို အတက္အဆင္း လုပ္ရတာ တကယ္ကို ပင္ပန္းပါတယ္" ဟု ေျပာခဲ့သည္။
အဆိုပါဘတ္စ္ကားေပၚတြင္ ခရီးသည္(၅၃)ဦး လိုက္ပါလာသည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ အတည္မျပဳႏိုင္ေသးေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားတြင္ စည္းကမ္းတင္းၾကပ္မႈမရွိျခင္း၊ လမ္းထိန္းသိမ္းမႈညံ့ဖ်င္းျခင္းတို႔ေၾကာင့္ မေတာ္တဆမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။