အစ္စရေးအစိုးရက ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ရေလွှမ်းမိုးမှုများဖြစ်ပွားအောင် လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း WSJ သတင်းစာဖော်ပြ

3859

Pika (NP News) - ဒီဇင်ဘာ ၆
အစ္စရေးအစိုးရသည် ပါလက်စတိုင်းနယ်မြေအတွင်း ကုန်ပစ္စည်းများ ခိုးထုတ် (သို့မဟုတ်) တင်သွင်းရန်အတွက် ဟားမက်လက်နက်ကိုင်များ အသုံးပြုနေသည့် ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်လှိုဏ်ခေါင်းများ ဖျက်ဆီးရန်အတွက် ပင်လယ်ရေကိုအသုံးပြုရန် စဉ်းစားနေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Wall Street Journal က ဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအနောက်မြောက်ပိုင်းရှိ Al-Shati ဒုက္ခသည်စခန်းနှင့် မနီးမဝေးနေရာ တစ်ခုတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားအောင် လုပ်ဆောင်မည့်စနစ်တစ်ခုကို ပြီးခဲ့သည့်နိုဝင်ဘာလလယ်က တပ်ဆင်ခဲ့ ကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်အရ သိရသည်၊၊
အဆိုပါစနစ်တွင် မြေထဲပင်လယ်မှ တစ်နာရီလျှင် ရေကုဗမီတာထောင်ချီ စုပ်ယူနိုင်စေမည့် ရေစုပ်စက်(၅)လုံး ပါဝင် ပြီး သီတင်းပတ်အနည်းငယ်အတွင်း ဥမင်လှိုဏ်ခေါင်းများအားလုံးကို ရေလွှမ်းမိုးမှုများဖြစ်ပွားအောင် လုပ်ဆောင် နိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် အစ္စရေးအစိုးရသည် ၎င်း၏ မိတ်ဖက်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံကို အဆိုပါအစီအစဉ်အား အကြောင်းကြားခဲ့ပြီး ယင်းအစီအစဉ်က ဖြစ်နိုင်ခြေရှိ/မရှိဆိုသည့်အချက်များအပြင် အားသာချက်နှင့် အားနည်းချက်တို့ကို ငြင်းခုံမှုများရှိခဲ့ကြောင်း WSJ က ဖော်ပြခဲ့သည်။
သို့သော်လည်း အဆိုပါအစီအစဉ်ကို လုပ်ဆောင်ရန် နောက်ဆုံး ဆုံးဖြတ်ချက်များကို မချမှတ်ရသေးကြောင်း နှင့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အစ္စရေးက အသင့်ရှိ/မရှိ ဆိုသည့်အချက်တို့ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း အဆိုပါအမေရိကန်အရာရှိများက မှတ်ချက်ပြုပြောခဲ့သည်။
အဆိုပါအစီအစဉ်သည် ဟားမက်လက်နက်ကိုင်အဖွဲ့ကို ကီလိုမီတာရာနှင့်ချီရှည်လျားသော ဥမင်လှိုဏ်ခေါင်းများ အတွင်းမှ မောင်းထုတ်နိုင်ပြီး အချို့သောဥမင်လှိုဏ်ခေါင်းများမှာ အီဂျစ်နိုင်ငံအထိ ရောက်ရှိနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသအောက်ရှိ ဥမင်လှိုဏ်ခေါင်းများသည် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် ဒေသတွင်း အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲတို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး အစ္စရေး၏ ပိတ်ဆို့မှုများ ကိုလည်း ရှောင်လွှဲမှုများလုပ်စေနိုင်ရန်အတွက် အကူအညီဖြစ်စေကြောင်း သိရသည်။
အချို့ဥမင်လှိုဏ်ခေါင်းများသည် သာမန်လူတစ်ဦးမတ်တပ်ရပ်နိုင်သည့် အမြင့်အထိရှိပြီး ကွန်ကရစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အစ္စရေး၏ အစီအစဉ်နှင့်ပတ်သက်ပြီး သံသယများရှိကြောင်း အမေရိကန်အရာရှိအချို့က ပြောခဲ့သည်။ ၎င်းတို့ က "ဒီဥမင်လှိုဏ်ခေါင်းတွေနဲ့ မြေပြင် ပတ်ဝန်းကျင်အခြေအနေတွေကို ဘယ်သူကမှ အသေးစိတ်မသိတာကြောင့် ပင်လယ်ရေတွေကို စုပ်ပြီး ရေလွှမ်းမိုးမှုတွေဖြစ်အောင်လုပ်တာက အောင်မြင်မှာလားဆိုတာ မသေချာသေးပါဘူး" ဟု ပြောခဲ့သည်။
အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲသည် ပြီးခဲ့သည့်အောက်တိုဘာလ(၇)ရက်က စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးဖက်မှ လူ(၁)ထောင်ကျော် သေဆုံးခဲ့ကာ ပါလက်စတိုင်းဖက်မှ လူ(၁)သောင်းခွဲကျော် သေဆုံးထားကြောင်း သိရသည်။

Zawgyi Version;
အစၥေရးအစိုးရက ဟားမက္လက္နက္ကိုင္အဖြဲ႕၏ ဥမင္လႈိဏ္ေခါင္းမ်ားကို ေရလႊမ္းမိုးမႈမ်ားျဖစ္ပြားေအာင္ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနေၾကာင္း WSJ သတင္းစာေဖာ္ျပ
Pika (NP News) - ဒီဇင္ဘာ ၆
အစၥေရးအစိုးရသည္ ပါလက္စတိုင္းနယ္ေျမအတြင္း ကုန္ပစၥည္းမ်ား ခိုးထုတ္ (သို႔မဟုတ္) တင္သြင္းရန္အတြက္ ဟားမက္လက္နက္ကိုင္မ်ား အသုံးျပဳေနသည့္ ဂါဇာကမ္းေျမာင္ေဒသရွိ ဥမင္လႈိဏ္ေခါင္းမ်ား ဖ်က္ဆီးရန္အတြက္ ပင္လယ္ေရကိုအသုံးျပဳရန္ စဥ္းစားေနေၾကာင္း သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Wall Street Journal က ေဖာ္ျပခဲ့သည္။
အစၥေရးစစ္တပ္သည္ ဂါဇာကမ္းေျမာင္ေဒသအေနာက္ေျမာက္ပိုင္းရွိ Al-Shati ဒုကၡသည္စခန္းႏွင့္ မနီးမေဝးေနရာ တစ္ခုတြင္ ေရလႊမ္းမိုးမႈမ်ားျဖစ္ပြားေအာင္ လုပ္ေဆာင္မည့္စနစ္တစ္ခုကို ၿပီးခဲ့သည့္ႏိုဝင္ဘာလလယ္က တပ္ဆင္ခဲ့ ေၾကာင္း အေမရိကန္အရာရွိမ်ား၏ ေျပာၾကားခ်က္အရ သိရသည္၊၊
အဆိုပါစနစ္တြင္ ေျမထဲပင္လယ္မွ တစ္နာရီလွ်င္ ေရကုဗမီတာေထာင္ခ်ီ စုပ္ယူႏိုင္ေစမည့္ ေရစုပ္စက္(၅)လုံး ပါဝင္ ၿပီး သီတင္းပတ္အနည္းငယ္အတြင္း ဥမင္လႈိဏ္ေခါင္းမ်ားအားလုံးကို ေရလႊမ္းမိုးမႈမ်ားျဖစ္ပြားေအာင္ လုပ္ေဆာင္ ႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။
ၿပီးခဲ့သည့္လတြင္ အစၥေရးအစိုးရသည္ ၎၏ မိတ္ဖက္ႏိုင္ငံျဖစ္ေသာ အေမရိကန္ႏိုင္ငံကို အဆိုပါအစီအစဥ္အား အေၾကာင္းၾကားခဲ့ၿပီး ယင္းအစီအစဥ္က ျဖစ္ႏိုင္ေျခရွိ/မရွိဆိုသည့္အခ်က္မ်ားအျပင္ အားသာခ်က္ႏွင့္ အားနည္းခ်က္တို႔ကို ျငင္းခုံမႈမ်ားရွိခဲ့ေၾကာင္း WSJ က ေဖာ္ျပခဲ့သည္။
သို႔ေသာ္လည္း အဆိုပါအစီအစဥ္ကို လုပ္ေဆာင္ရန္ ေနာက္ဆုံး ဆုံးျဖတ္ခ်က္မ်ားကို မခ်မွတ္ရေသးေၾကာင္း ႏွင့္ အစီအစဥ္ကို အေကာင္အထည္ေဖာ္ရန္အတြက္ အစၥေရးက အသင့္ရွိ/မရွိ ဆိုသည့္အခ်က္တို႔ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း အဆိုပါအေမရိကန္အရာရွိမ်ားက မွတ္ခ်က္ျပဳေျပာခဲ့သည္။
အဆိုပါအစီအစဥ္သည္ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ကီလိုမီတာရာႏွင့္ခ်ီရွည္လ်ားေသာ ဥမင္လႈိဏ္ေခါင္းမ်ား အတြင္းမွ ေမာင္းထုတ္ႏိုင္ၿပီး အခ်ိဳ႕ေသာဥမင္လႈိဏ္ေခါင္းမ်ားမွာ အီဂ်စ္ႏိုင္ငံအထိ ေရာက္ရွိႏိုင္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
ဂါဇာကမ္းေျမာင္ေဒသေအာက္ရွိ ဥမင္လႈိဏ္ေခါင္းမ်ားသည္ ဟားမက္လက္နက္ကိုင္အဖြဲ႕ႏွင့္ ေဒသတြင္း အစၥလာမ္မစ္လက္နက္ကိုင္အဖြဲတို႔ကို ဒုံးက်ည္ျဖင့္ တိုက္ခိုက္ျခင္းမွ ကာကြယ္ေပးႏိုင္ၿပီး အစၥေရး၏ ပိတ္ဆို႔မႈမ်ား ကိုလည္း ေရွာင္လႊဲမႈမ်ားလုပ္ေစႏိုင္ရန္အတြက္ အကူအညီျဖစ္ေစေၾကာင္း သိရသည္။
အခ်ိဳ႕ဥမင္လႈိဏ္ေခါင္းမ်ားသည္ သာမန္လူတစ္ဦးမတ္တပ္ရပ္ႏိုင္သည့္ အျမင့္အထိရွိၿပီး ကြန္ကရစ္မ်ားျဖင့္ တည္ေဆာက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အစၥေရး၏ အစီအစဥ္ႏွင့္ပတ္သက္ၿပီး သံသယမ်ားရွိေၾကာင္း အေမရိကန္အရာရွိအခ်ိဳ႕က ေျပာခဲ့သည္။ ၎တို႔ က "ဒီဥမင္လႈိဏ္ေခါင္းေတြနဲ႔ ေျမျပင္ ပတ္ဝန္းက်င္အေျခအေနေတြကို ဘယ္သူကမွ အေသးစိတ္မသိတာေၾကာင့္ ပင္လယ္ေရေတြကို စုပ္ၿပီး ေရလႊမ္းမိုးမႈေတြျဖစ္ေအာင္လုပ္တာက ေအာင္ျမင္မွာလားဆိုတာ မေသခ်ာေသးပါဘူး" ဟု ေျပာခဲ့သည္။
အစၥေရး ႏွင့္ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကားစစ္ပြဲသည္ ၿပီးခဲ့သည့္ေအာက္တိုဘာလ(၇)ရက္က စတင္ျဖစ္ပြားခဲ့ ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးဖက္မွ လူ(၁)ေထာင္ေက်ာ္ ေသဆုံးခဲ့ကာ ပါလက္စတိုင္းဖက္မွ လူ(၁)ေသာင္းခြဲေက်ာ္ ေသဆုံးထားေၾကာင္း သိရသည္။