MNDAA အနေဖြင့် ဇွန်လကုန်တွင် မူလနေရာသို့ ဆုတ်ခွာမည်ဟု သတင်းထွက်

1644

သုတကျော် (NSS)
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဦးဆောင်ကာ တိုက်ပွဲများဖော်ဆောင်ခဲ့သည့်ကိုးကန့်လက်နက် ကိုင်တပ် MNDAA အနေဖြင့် ဇွန်လကုန်တွင် မူလနေရာသို့ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း ယုံကြည်ရသော သတင်းရင်းမြစ်တစ်ဦးက NSS ဂျာနယ်သို့ ပြောသည်။
တပ်မတော်နှင့် အပစ်ရပ်ပြီးနောက် MNDAA က ဧပြီလအတွင်း လားရှိုးမြို့မှ ထွက်ခွာခဲ့ကာ သိန္နီ မြို့ဘက်တွင် စုရုံးနေသည်ဟုဆိုသော်လည်း လောက်ကိုင်မြို့သို့ ပစ္စည်းများကို ရွေ့ပြောင်းနေခြင်း ဖြစ် ကြောင်း ၎င်းကဆိုသည်။ သို့သော် လားရှိုးမြို့ သင်ခန်းစာအဖြစ် ကိုးကန့်တပ်များ၏ လှုပ်ရှားမှုမှာ ခန့် မှန်းရခက်နေဆဲဖြစ်ပြီး ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေအတွင်း SSPP တပ်ဖွဲ့များနှင့်လည်း တင်းမာ မှုများရှိနေရာ စောင့်ကြည့်ရမည့်အခြေအနေဖြစ်နေသည်။ လက်ရှိတွင်လည်း လားရှိုးမြို့အနီးတွင် MNDAA များရှိနေဆဲဖြစ်ကာ ငွေကြေးကောက်ခံမှုများရှိနေကြောင်း သိရသည်။
“ခြောက်လပိုင်းအပြီး သူတို့နေရာကို ပြန်မယ် ကြားတယ်။ လောက်ကိုင်ကိုလေ။ သိန္နီကလည်း ဆုတ်မှာ။ အဲဒီမှာလည်း ပစ္စည်းပစ္စယ သိပ်မထားဘူး။ အပြီးအစီး ဆုတ်မယ်။ အထူးဒေသ (၁) သူတို့ နေရာအထိ ဆုတ်သွားမယ်လို့ သိရတယ်” ဟု ၎င်းက ရှင်းပြသည်။ လားရှိုးမှ MNDAA တို့ ဆုတ်ခွာခဲ့ သည့်အပေါ် အဆိုပါမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် တိုက်ခိုက်စဉ်က ပါဝင်ခဲ့ကြသော PDF များဘက် တွင် မကျေနပ်ခြင်းများရှိနေပြီး ယင်းတိုက်ပွဲကာလက PDF များ သေဆုံးမှုများပြားခဲ့သည်။
လက်ရှိ လားရှိုးမြို့တွင် အစိုးရ အုပ်ချုပ်ရေးယန္တရားများ ပုံမှန်ပြန်လည်ပတ်နေပြီး ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရကြောင်းလည်း သိရသည်။

Zawgyi Version:
MNDAA အေနျဖင့္ ဇြန္လ ကုန္တြင္ မူလေနရာသို႔ ဆုတ္ခြာမည္ဟု သတင္းထြက္
သုတေက်ာ္ (NSS)
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ဦးေဆာင္ကာ တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့သည့္ကိုးကန႔္လက္နက္ ကိုင္တပ္ MNDAA အေနျဖင့္ ဇြန္လကုန္တြင္ မူလေနရာသို႔ဆုတ္ခြာမည္ဟု သတင္းထြက္ေပၚေနေၾကာင္း ယုံၾကည္ရေသာ သတင္းရင္းျမစ္တစ္ဦးက NSS ဂ်ာနယ္သို႔ ေျပာသည္။
တပ္မေတာ္ႏွင့္ အပစ္ရပ္ၿပီးေနာက္ MNDAA က ဧၿပီလအတြင္း လားရႈိးၿမိဳ႕မွ ထြက္ခြာခဲ့ကာ သိႏၷီ ၿမိဳ႕ဘက္တြင္ စု႐ုံးေနသည္ဟုဆိုေသာ္လည္း ေလာက္ကိုင္ၿမိဳ႕သို႔ ပစၥည္းမ်ားကို ေ႐ြ႕ေျပာင္းေနျခင္း ျဖစ္ ေၾကာင္း ၎ကဆိုသည္။ သို႔ေသာ္ လားရႈိးၿမိဳ႕ သင္ခန္းစာအျဖစ္ ကိုးကန႔္တပ္မ်ား၏ လႈပ္ရွားမႈမွာ ခန႔္ မွန္းရခက္ေနဆဲျဖစ္ၿပီး ၎တို႔ထိန္းခ်ဳပ္ထားေသာ နယ္ေျမအတြင္း SSPP တပ္ဖြဲ႕မ်ားႏွင့္လည္း တင္းမာ မႈမ်ားရွိေနရာ ေစာင့္ၾကည့္ရမည့္အေျခအေနျဖစ္ေနသည္။ လက္ရွိတြင္လည္း လားရႈိးၿမိဳ႕အနီးတြင္ MNDAA မ်ားရွိေနဆဲျဖစ္ကာ ေငြေၾကးေကာက္ခံမႈမ်ားရွိေနေၾကာင္း သိရသည္။
“ေျခာက္လပိုင္းအၿပီး သူတို႔ေနရာကို ျပန္မယ္ ၾကားတယ္။ ေလာက္ကိုင္ကိုေလ။ သိႏၷီကလည္း ဆုတ္မွာ။ အဲဒီမွာလည္း ပစၥည္းပစၥယ သိပ္မထားဘူး။ အၿပီးအစီး ဆုတ္မယ္။ အထူးေဒသ (၁) သူတို႔ ေနရာအထိ ဆုတ္သြားမယ္လို႔ သိရတယ္” ဟု ၎က ရွင္းျပသည္။ လားရႈိးမွ MNDAA တို႔ ဆုတ္ခြာခဲ့ သည့္အေပၚ အဆိုပါၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ တိုက္ခိုက္စဥ္က ပါဝင္ခဲ့ၾကေသာ PDF မ်ားဘက္ တြင္ မေက်နပ္ျခင္းမ်ားရွိေနၿပီး ယင္းတိုက္ပြဲကာလက PDF မ်ား ေသဆုံးမႈမ်ားျပားခဲ့သည္။
လက္ရွိ လားရႈိးၿမိဳ႕တြင္ အစိုးရ အုပ္ခ်ဳပ္ေရးယႏၲရားမ်ား ပုံမွန္ျပန္လည္ပတ္ေနၿပီး ထူေထာင္ေရး လုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ေနရေၾကာင္းလည္း သိရသည္။