အမေရိကန်က အရေးကြီးအကူအညီများကို ရပ်ဆိုင်းခဲ့လျှင် ယူကရိန်းအတွက် စစ်ရှုံးမည့်အန္တရာယ်ကြီးမားဟု ဆို

 1025

Htay Oung (NP News) - ဒီဇင်ဘာ ၆

လက်ရှိ ဝါရှင်တန်ကွန်ဂရက်လွှတ်တော်မှာ အချေအတင်ဆွေးနွေးနေတဲ့ ကိယက်ဗ်အတွက် အမေရိကန် အကူအညီ ကိစ္စကို ရွှေ့ဆိုင်းလိုက်ခြင်းဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရှုံးနိမ့်ဖို့အတွက် ယူကရိန်းအတွက် အန္တရာယ်ကြီး တစ်ခုကို ဖန်တီးနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလင်စကီးရဲ့ စစ်ဦးစီးချုပ်က အင်္ဂါနေ့မှာ ပြောဆိုတယ် လို့ Reuters က ယနေ့ရေးသားပါတယ်။

ရုရှားနဲ့အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေရချိန်မှာ ယူကရိန်းစစ်ပွဲ အရေးကြီး အထောက်အပံ့များ ပေးအပ်နေ တဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ အကူအညီပေးရေးအစီအစဉ်များ အနာဂတ်ဟာ မရေရာ မသေချာမှုများနဲ့ ဝေဝါးလာနေပါတယ်။ အဲဒီလိုအချိန်မှာ အန်ဒရေ ယာမတ်ရဲ့ပြောဆိုချက်ဟာ ယူကရိန်းအဆင့်မြင့် အရာရှိတစ်ဦးရဲ့ အရိုးသားဆုံး မှတ်ချက်အချို့ပဲ ဖြစ်လာပါတယ်။

အထောက်အပံ့ပေးရေးကိစ္စကို ရွှေ့ဆိုင်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိယက်ဗ်အတွက် အရင်အခြေအနေ ပြန်ရောက်သွားနိုင်တဲ့အန္တရာယ်ကြီးတစ်ခုဖြစ်လာတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က အင်္ဂလိပ်ဘာသာနဲ့ ပြောပြပါ တယ်။ ဒီအတိုင်းသာဆိုရင် လွတ်မြောက်ရေးအတွက် အဆက်မပြတ်ကြိုးစားနိုင်ဖို့ အခက်တွေ့နိုင်ခြေ မြင့်မားလာ ပြီး စစ်ရှုံးလောက်တဲ့အန္တရာယ်ကြီးတစ်ခုဖြစ်လာစေတယ်လို့ ဆိုပါတယ်။

ရုရှားကို ရင်ဆိုင်တိုက်ခိုက်ဖို့ ယူကရိန်းစစ်ပွဲ အကူအညီပေးရေးကိစ္စဟာ အမေရိကန်အတွက် အချိန်ရော ငွေကြေး များပါ ကုန်ဆုံးသွားပါပြီလို့ အိမ်ဖြူတော်တာဝန်ရှိသူများက တနင်္လာနေ့မှာ ပြောပါတယ်။
ယူကရိန်း၊ အစ္စရေးနဲ့ အမေရိကန် နယ်စပ်လုံခြုံရေး ရည်မှန်းအစီအစဉ်များအတွက် ရန်ပုံငွေ ဒေါ်လာ ၁ဝ၆ ဘီလျံ နီးပါးကို ခွင့်ပြုချက်ရရှိဖို့ သမ္မတဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့ပေမယ့် အောက်လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ရီပတ်ဘလစ်ကင်များက အောက်တိုဘာလာမှာ ပယ်ချခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအထဲမှာ အရေးပါအရာရောက်တဲ့အစီအစဉ်တွေကိုတော့ အတည်ပြုနိုင်လိမ့်မယ်လို့ အမေရိကန် အရာရှိများအနေနဲ့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ တိုက်ရိုက်ဘတ်ဂျက်ထောက်ပံ့မှု မရှိတော့တဲ့ပြဿနာဟာ ခြိမ်းခြောက်ဖြစ်လာကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က ဖော်ပြလိုက်ပါတယ်။ ယူကရိန်းအစိုးရအနေနဲ့ လာမယ့်နှစ် မှာ ဘတ်ဂျက်လိုငွေ ဒေါ်လာ ၄၃ ဘီလျံအထိ ရှိလိမ့်မယ်လို့ တွက်ချက်ထားပါတယ်။

တိုက်ရိုက်ဘတ်ဂျက် ပံ့ပိုးမှုမရှိဘဲ စစ်မက်ဖြစ်ပွားနေတဲ့ လက်ရှိအနေအထားအတိုင်း ဆက်သွားမယ်ဆိုရင် ယူကရိန်းပြည်သူတွေ အမှန်တကယ်ရှင်သန်ဖို့ ခက်ခဲနိုင်ကြောင်း၊ အကူအညီပေးအပ်နိုင်ဖို့ ထောက်ခံမဲနဲ့ အမြန်ဆုံး ဆန္ဒမဲပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ယူကရိန်းစစ်ဦးစီးချုပ်ဟာ ရက်သတ္တပတ်များအတွင်း သူ့ရဲ့ဒုတိယအကြိမ်မြောက်အဖြစ် ဝါရှင်တန်မှာ ရောက်ရှိနေ ပါတယ်။ အကူအညီပေးရေးအစီအစဉ်သစ်ကို အတည်ပြုပေးနိုင်ဖို့နဲ့ အဓိကပစ္စည်းများရဲ့အရေးပါပုံကို လွှတ်တော် အမတ်များနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူများကို ရှင်းလင်းတင်ပြရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။

ယူကရိန်းဟာ ယခုနှစ်အတွင်း အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ကို ဆင်နွှဲခဲ့ပေမယ့် ရုရှားရဲ့ခံစစ်ကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပါဘူး။ ယခုအခါ ရုရှားကတောင် အရှေ့ဘက်မှာ ထိုးစစ်ဆင်လာနေပါတယ်။
..
ကိယက်ဗ် စစ်ဦးစီးချုပ်ကတော့ လာမယ့်နှစ်အတွက် (တန်ပြန်ထိုးစစ်) အစီအစဉ်ရှိကြောင်း ပြောပါတယ်။ အမှန် တကယ်အစီအစဉ်ရှိနေကြောင်း အဲ့ဒီအစီအစဉ်မှာ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေ၊ သံတမန်ရေး လှုပ်ရှားမှုတွေ ပါဝင်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။

#အမေရိကန်၏အရေးကြီးအကူအညီများ #ယူကရိန်းစစ်ဦးစီးချုပ် #ယူကရိန်းတန်ပြန်ထိုးစစ်
(Reuters., 6 December 2023,” Ukraine sees 'big risk' of losing war if U.S. Congress postpones vital aid” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အေမရိကန္က အေရးႀကီးအကူအညီမ်ားကို ရပ္ဆိုင္းခဲ့လွ်င္ ယူကရိန္းအတြက္ စစ္ရႈံးမည့္အႏၲရာယ္ႀကီးမားဟု ဆို
Htay Oung (NP News) - ဒီဇင္ဘာ ၆

လက္ရွိ ဝါရွင္တန္ကြန္ဂရက္လႊတ္ေတာ္မွာ အေခ်အတင္ေဆြးေႏြးေနတဲ့ ကိယက္ဗ္အတြက္ အေမရိကန္ အကူအညီ ကိစၥကို ေ႐ႊ႕ဆိုင္းလိုက္ျခင္းဟာ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ရႈံးနိမ့္ဖို႔အတြက္ ယူကရိန္းအတြက္ အႏၲရာယ္ႀကီး တစ္ခုကို ဖန္တီးႏိုင္ေၾကာင္း ယူကရိန္းသမၼတ ဗိုလိုဒီျမာ ဇီလင္စကီးရဲ႕ စစ္ဦးစီးခ်ဳပ္က အဂၤါေန႔မွာ ေျပာဆိုတယ္ လို႔ Reuters က ယေန႔ေရးသားပါတယ္။

႐ုရွားနဲ႔အႀကိတ္အနယ္ ယွဥ္ၿပိဳင္တိုက္ခိုက္ေနရခ်ိန္မွာ ယူကရိန္းစစ္ပြဲ အေရးႀကီး အေထာက္အပံ့မ်ား ေပးအပ္ေန တဲ့ အေမရိကန္နဲ႔ ဥေရာပသမဂၢတို႔ရဲ႕ အကူအညီေပးေရးအစီအစဥ္မ်ား အနာဂတ္ဟာ မေရရာ မေသခ်ာမႈမ်ားနဲ႔ ေဝဝါးလာေနပါတယ္။ အဲဒီလိုအခ်ိန္မွာ အန္ဒေရ ယာမတ္ရဲ႕ေျပာဆိုခ်က္ဟာ ယူကရိန္းအဆင့္ျမင့္ အရာရွိတစ္ဦးရဲ႕ အ႐ိုးသားဆုံး မွတ္ခ်က္အခ်ိဳ႕ပဲ ျဖစ္လာပါတယ္။

အေထာက္အပံ့ေပးေရးကိစၥကို ေ႐ႊ႕ဆိုင္းလိုက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ကိယက္ဗ္အတြက္ အရင္အေျခအေန ျပန္ေရာက္သြားႏိုင္တဲ့အႏၲရာယ္ႀကီးတစ္ခုျဖစ္လာတယ္လို႔ ယူကရိန္းစစ္ဦးစီးခ်ဳပ္က အဂၤလိပ္ဘာသာနဲ႔ ေျပာျပပါ တယ္။ ဒီအတိုင္းသာဆိုရင္ လြတ္ေျမာက္ေရးအတြက္ အဆက္မျပတ္ႀကိဳးစားႏိုင္ဖို႔ အခက္ေတြ႕ႏိုင္ေျခ ျမင့္မားလာ ၿပီး စစ္ရႈံးေလာက္တဲ့အႏၲရာယ္ႀကီးတစ္ခုျဖစ္လာေစတယ္လို႔ ဆိုပါတယ္။

႐ုရွားကို ရင္ဆိုင္တိုက္ခိုက္ဖို႔ ယူကရိန္းစစ္ပြဲ အကူအညီေပးေရးကိစၥဟာ အေမရိကန္အတြက္ အခ်ိန္ေရာ ေငြေၾကး မ်ားပါ ကုန္ဆုံးသြားပါၿပီလို႔ အိမ္ျဖဴေတာ္တာဝန္ရွိသူမ်ားက တနလၤာေန႔မွာ ေျပာပါတယ္။
ယူကရိန္း၊ အစၥေရးနဲ႔ အေမရိကန္ နယ္စပ္လုံၿခဳံေရး ရည္မွန္းအစီအစဥ္မ်ားအတြက္ ရန္ပုံေငြ ေဒၚလာ ၁ဝ၆ ဘီလ်ံ နီးပါးကို ခြင့္ျပဳခ်က္ရရွိဖို႔ သမၼတဂ်ိဳးဘိုင္ဒင္က ေတာင္းဆိုခဲ့ေပမယ့္ ေအာက္လႊတ္ေတာ္ကို လႊမ္းမိုးထားတဲ့ ရီပတ္ဘလစ္ကင္မ်ားက ေအာက္တိုဘာလာမွာ ပယ္ခ်ခဲ့ၿပီးျဖစ္ပါတယ္။

ဒါေပမယ့္ အဲဒီအထဲမွာ အေရးပါအရာေရာက္တဲ့အစီအစဥ္ေတြကိုေတာ့ အတည္ျပဳႏိုင္လိမ့္မယ္လို႔ အေမရိကန္ အရာရွိမ်ားအေနနဲ႔ ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။ တိုက္႐ိုက္ဘတ္ဂ်က္ေထာက္ပံ့မႈ မရွိေတာ့တဲ့ျပႆနာဟာ ၿခိမ္းေျခာက္ျဖစ္လာေၾကာင္း ယူကရိန္းစစ္ဦးစီးခ်ဳပ္က ေဖာ္ျပလိုက္ပါတယ္။ ယူကရိန္းအစိုးရအေနနဲ႔ လာမယ့္ႏွစ္ မွာ ဘတ္ဂ်က္လိုေငြ ေဒၚလာ ၄၃ ဘီလ်ံအထိ ရွိလိမ့္မယ္လို႔ တြက္ခ်က္ထားပါတယ္။

တိုက္႐ိုက္ဘတ္ဂ်က္ ပံ့ပိုးမႈမရွိဘဲ စစ္မက္ျဖစ္ပြားေနတဲ့ လက္ရွိအေနအထားအတိုင္း ဆက္သြားမယ္ဆိုရင္ ယူကရိန္းျပည္သူေတြ အမွန္တကယ္ရွင္သန္ဖို႔ ခက္ခဲႏိုင္ေၾကာင္း၊ အကူအညီေပးအပ္ႏိုင္ဖို႔ ေထာက္ခံမဲနဲ႔ အျမန္ဆုံး ဆႏၵမဲေပးႏိုင္ဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။

ယူကရိန္းစစ္ဦးစီးခ်ဳပ္ဟာ ရက္သတၱပတ္မ်ားအတြင္း သူ႔ရဲ႕ဒုတိယအႀကိမ္ေျမာက္အျဖစ္ ဝါရွင္တန္မွာ ေရာက္ရွိေန ပါတယ္။ အကူအညီေပးေရးအစီအစဥ္သစ္ကို အတည္ျပဳေပးႏိုင္ဖို႔နဲ႔ အဓိကပစၥည္းမ်ားရဲ႕အေရးပါပုံကို လႊတ္ေတာ္ အမတ္မ်ားနဲ႔ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားကို ရွင္းလင္းတင္ျပရန္ စီစဥ္ထားေၾကာင္း သိရွိရပါတယ္။

ယူကရိန္းဟာ ယခုႏွစ္အတြင္း အင္အားအလုံးအရင္းနဲ႔ တန္ျပန္ထိုးစစ္ကို ဆင္ႏႊဲခဲ့ေပမယ့္ ႐ုရွားရဲ႕ခံစစ္ကို ျဖတ္ေက်ာ္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ယခုအခါ ႐ုရွားကေတာင္ အေရွ႕ဘက္မွာ ထိုးစစ္ဆင္လာေနပါတယ္။

ကိယက္ဗ္ စစ္ဦးစီးခ်ဳပ္ကေတာ့ လာမယ့္ႏွစ္အတြက္ (တန္ျပန္ထိုးစစ္) အစီအစဥ္ရွိေၾကာင္း ေျပာပါတယ္။ အမွန္ တကယ္အစီအစဥ္ရွိေနေၾကာင္း အဲ့ဒီအစီအစဥ္မွာ စစ္ဘက္ဆိုင္ရာ စစ္ဆင္ေရးေတြ၊ သံတမန္ေရး လႈပ္ရွားမႈေတြ ပါဝင္ၿပီး ဆက္သြယ္ေရးနဲ႔ သတင္းအခ်က္အလက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြလည္း ပါ၀င္တယ္လို႔ ဆိုပါတယ္။

#အေမရိကန္၏အေရးႀကီးအကူအညီမ်ား #ယူကရိန္းစစ္ဦးစီးခ်ဳပ္ #ယူကရိန္းတန္ျပန္ထိုးစစ္
(Reuters., 6 December 2023,” Ukraine sees 'big risk' of losing war if U.S. Congress postpones vital aid” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.