အစ္စရေးတောင်ပိုင်းကို ဝင်ရောက်စီးနင်းမှုအတွင်း ဟားမက်လက်နက်ကိုင်အဖွဲ့က အမျိုးသမီးများကို အဓမ္မပြုကျင့် ကာ ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ခဲ့ကြောင်း အမေရိကန်သမ္မတပြော

 6204

Pika (NP News) - ဒီဇင်ဘာ ၆

ဟားမက်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာလ(၇)ရက်က လုပ်ဆောင်ခဲ့သော အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဝင်ရောက်စီးနင်းမှုအတွင်း အမျိုးသမီးများကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ကာ ၎င်းတို့၏ ကိုယ်လက် အင်္ဂါများကို ဖြတ်တောက်ပစ်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာလ(၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘော်စတွန်မြို့တွင် ကျင်းပသော နိုင်ငံရေးရန်ပုံငွေပွဲတစ်ခုအတွင်း ဂျိုးဘိုင်ဒန်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဂျိုးဘိုင်ဒန်က "အမျိုးသမီးတွေကို အကြိမ်ကြိမ်အဓမ္မပြုကျင့်တာတွေ၊ အသက်ရှင်လျက်နဲ့ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခံရတာတွေ၊ အမျိုးသမီးတွေရဲ့ရုပ်အလောင်းတွေကို ဝတ်လစ်စားလစ်ထားတာ မျိုးတွေ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို နာကျင်အောင်လုပ်ပြီး သတ်ပစ်ခဲ့တာတွေဟာ တကယ်ကို တုန်လှုပ် စရာပါပဲ" ဟု ပြောခဲ့သည်။

ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ပြစ်တင်ရှုတ်ချရန် ဂျိုးဘိုင်ဒန်က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ အစ္စရေး ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက် တိုက်ခိုက်မှုအပြီး ဖမ်းဆီးခံခဲ့ရသည့် လူရာချီထံမှ ဖြစ်နိုင်ခြေရှိသော လိင်ပိုင်းဆိုင်ရာရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အစ္စရေးတရားရေးဝန်ကြီးဌာနက "ဖမ်းဆီးခံခဲ့ရသူတွေဟာ ညှင်းပန်းနှိပ်စက်တာ၊ ကိုယ်ထိလက်ရောက်စော်ကား တာတွေ၊ အဓမ္မပြုကျင့်တာတွေ၊ အရှင်လတ်လတ်မီးရှို့တာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းဖြတ်တောက်တာတွေကို ခံခဲ့ရပါတယ်" ဟု ပြောခဲ့သည်။

ဟားလက်နက်ကိုင်အဖွဲ့က ၎င်း၏ အဖွဲ့ဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက် ဝင်ရောက် စီးနင်းမှုများ အတွင်း အဓမ္မပြုကျင့်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လုပ်ဆောင်ခဲ့သည်ဆိုသည့် ဂျိုးဘိုင်ဒန်၏ မှားယွင်းသော စွပ်စွဲပြောဆိုချက်များကို ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဂျိုးဘိုင်ဒန်သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် အစ္စရေးနှင့်ပူးပေါင်းကာ လူထုအမြင်ကိုလွဲမှားစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဟားမက်အဖွဲ့က ပြောကြားခဲ့သည်။

Zawgyi Version;
အစၥေရးေတာင္ပိုင္းကို ဝင္ေရာက္စီးနင္းမႈအတြင္း ဟားမက္လက္နက္ကိုင္အဖြဲ႕က အမ်ိဳးသမီးမ်ားကို အဓမၼျပဳက်င့္ ကာ ကိုယ္လက္အဂၤါမ်ားကို ျဖတ္ေတာက္ခဲ့ေၾကာင္း အေမရိကန္သမၼတေျပာ
Pika (NP News) - ဒီဇင္ဘာ ၆

ဟားမက္လက္နက္ကိုင္အဖြဲ႕သည္ ၿပီးခဲ့သည့္ေအာက္တိုဘာလ(၇)ရက္က လုပ္ေဆာင္ခဲ့ေသာ အစၥေရးႏိုင္ငံ ေတာင္ပိုင္းကို ဝင္ေရာက္စီးနင္းမႈအတြင္း အမ်ိဳးသမီးမ်ားကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ကာ ၎တို႔၏ ကိုယ္လက္ အဂၤါမ်ားကို ျဖတ္ေတာက္ပစ္ခဲ့ေၾကာင္း အသက္ရွင္က်န္ရစ္သူမ်ားႏွင့္ မ်က္ျမင္သက္ေသမ်ား၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ဒီဇင္ဘာလ(၅)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ေဘာ္စတြန္ၿမိဳ႕တြင္ က်င္းပေသာ ႏိုင္ငံေရးရန္ပုံေငြပြဲတစ္ခုအတြင္း ဂ်ိဳးဘိုင္ဒန္က ယခုကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ ဂ်ိဳးဘိုင္ဒန္က "အမ်ိဳးသမီးေတြကို အႀကိမ္ႀကိမ္အဓမၼျပဳက်င့္တာေတြ၊ အသက္ရွင္လ်က္နဲ႔ ကိုယ္လက္အဂၤါေတြ ျဖတ္ေတာက္ခံရတာေတြ၊ အမ်ိဳးသမီးေတြရဲ႕႐ုပ္အေလာင္းေတြကို ဝတ္လစ္စားလစ္ထားတာ မ်ိဳးေတြ၊ အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးေတြကို နာက်င္ေအာင္လုပ္ၿပီး သတ္ပစ္ခဲ့တာေတြဟာ တကယ္ကို တုန္လႈပ္ စရာပါပဲ" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ား ႏွင့္ လူပုဂၢိဳလ္မ်ားကို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားအား ျပစ္တင္ရႈတ္ခ်ရန္ ဂ်ိဳးဘိုင္ဒန္က ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ အစၥေရး ရဲတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၇)ရက္ တိုက္ခိုက္မႈအၿပီး ဖမ္းဆီးခံခဲ့ရသည့္ လူရာခ်ီထံမွ ျဖစ္ႏိုင္ေျခရွိေသာ လိင္ပိုင္းဆိုင္ရာရာဇဝတ္မႈမ်ားကို စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အစၥေရးတရားေရးဝန္ႀကီးဌာနက "ဖမ္းဆီးခံခဲ့ရသူေတြဟာ ညႇင္းပန္းႏွိပ္စက္တာ၊ ကိုယ္ထိလက္ေရာက္ေစာ္ကား တာေတြ၊ အဓမၼျပဳက်င့္တာေတြ၊ အရွင္လတ္လတ္မီးရႈိ႕တာေတြ၊ ခႏၶာကိုယ္အစိတ္အပိုင္းျဖတ္ေတာက္တာေတြကို ခံခဲ့ရပါတယ္" ဟု ေျပာခဲ့သည္။

ဟားလက္နက္ကိုင္အဖြဲ႕က ၎၏ အဖြဲ႕ဝင္မ်ားသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၇)ရက္ ဝင္ေရာက္ စီးနင္းမႈမ်ား အတြင္း အဓမၼျပဳက်င့္မႈမ်ားႏွင့္ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္ဆိုသည့္ ဂ်ိဳးဘိုင္ဒန္၏ မွားယြင္းေသာ စြပ္စြဲေျပာဆိုခ်က္မ်ားကို ျပစ္တင္ရႈတ္ခ်ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔အျပင္ ဂ်ိဳးဘိုင္ဒန္သည္ ဂါဇာကမ္းေျမာင္ေဒသတြင္ အစၥေရးကက်ဴးလြန္ခဲ့ေသာ စစ္ရာဇဝတ္မႈမ်ားကို ဖုံးကြယ္ရန္အတြက္ အစၥေရးႏွင့္ပူးေပါင္းကာ လူထုအျမင္ကိုလြဲမွားေစရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း ဟားမက္အဖြဲ႕က ေျပာၾကားခဲ့သည္။

Picture

John Lim

07/12/2023 00:32

ငလမသ ဂျူးဘိုင်ဒင် လီးစကားမပြောနဲ့

Related news

© 2021. All rights reserved.