မင်းလှမြို့နယ်တွင် ရာအိမ်မှူးအပါအဝင်(၄)ဦးကို သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွား

 901

Pearl (NP News) - ဒီဇင်ဘာ ၇

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ရာအိမ်မှူးအပါအဝင် (၄)ဦးကို သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၅)ရက်၊ ည (၁၁)နာရီခန့်တွင် မကွေး တိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ သခွက်ရင်းကျေးရွာအုပ်စု၊ မဒိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သခွတ်ရင်းကျေးရွာအုပ်စု၊ မဒိုင်းကျေးရွာမှ အ.ထ.က(ခွဲ) ကျောင်းစောင့် ဦးဇော်မိုးဦး၊ ရာအိမ်မှူး ဦးချိုပု ၊ ဆယ်အိမ်မှူး ဦးကျော်ထူး နှင့် ရပ်မိရပ်ဖ ဦးကျော်မောင်တို့ကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မင်းလှမြို့နယ်တွင် နေထိုင်သူတစ်ဦး၏ NP News ကို ပြောကြားချက်အရ "(၄) ယောက်လုံးကို (၅)ရက်နေ့ ညပိုင်းမှာ လာသတ်သွားတာ။ အုပ်ချုပ်ရေးပိုင်းက လူတွေလို့ကြားတယ်" ဟု ၎င်းကပြောသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် မကွေးတိုင်းအတွင်းရှိ မင်းလှမြို့နယ်၊ ချောက်မြို့နယ် နှင့် ဆိပ်ဖြူမြို့နယ်တို့၏ လုံခြုံရေးအခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း သိရသည်။

zawgyi version
မင္းလွၿမိဳ႕နယ္တြင္ ရာအိမ္မႉးအပါအဝင္(၄)ဦးကို ေသနတ္ျဖင့္ပစ္သတ္မႈျဖစ္ပြား

Pearl (NP News) - ဒီဇင္ဘာ ၇

မေကြးတိုင္း၊ မင္းလွၿမိဳ႕နယ္တြင္ ရာအိမ္မႉးအပါအဝင္ (၄)ဦးကို ေသနတ္ျဖင့္ပစ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၅)ရက္၊ ည (၁၁)နာရီခန႔္တြင္ မေကြး တိုင္း၊ သရက္ခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ သခြက္ရင္းေက်း႐ြာအုပ္စု၊ မဒိုင္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သခြတ္ရင္းေက်း႐ြာအုပ္စု၊ မဒိုင္းေက်း႐ြာမွ အ.ထ.က(ခြဲ) ေက်ာင္းေစာင့္ ဦးေဇာ္မိုးဦး၊ ရာအိမ္မႉး ဦးခ်ိဳပု ၊ ဆယ္အိမ္မႉး ဦးေက်ာ္ထူး ႏွင့္ ရပ္မိရပ္ဖ ဦးေက်ာ္ေမာင္တို႔ကို အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္၍ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။

မင္းလွၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦး၏ NP News ကို ေျပာၾကားခ်က္အရ "(၄) ေယာက္လုံးကို (၅)ရက္ေန႔ ညပိုင္းမွာ လာသတ္သြားတာ။ အုပ္ခ်ဳပ္ေရးပိုင္းက လူေတြလို႔ၾကားတယ္" ဟု ၎ကေျပာသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ယခုရက္ပိုင္းတြင္ မေကြးတိုင္းအတြင္းရွိ မင္းလွၿမိဳ႕နယ္၊ ေခ်ာက္ၿမိဳ႕နယ္ ႏွင့္ ဆိပ္ျဖဴၿမိဳ႕နယ္တို႔၏ လုံၿခဳံေရးအေျခအေနသည္ ပိုမိုဆိုး႐ြားလာေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.