မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

 813

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၇

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လျင်မြန်စွာရရှိပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက "မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဘောင်အတိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ နှစ်နိုင်ငံစလုံးဟာ ကင်ဆာရောဂါလိုမျိုးအမြစ်တွယ်နေတဲ့ အွန်လိုင်းက တဆင့်လိမ်လည်နေ တဲ့ဂိုဏ်းတွေနဲ့ လောင်ကစားဂိုဏ်းတွေကို ဖြိုခွင်းနိုင်အောင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ ဥပဒေပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကေင်းမွန်အောင်လုပ်ဆောင်သင့်တယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးနောက်မကြာမီ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ဟာ အွန်လိုင်းကတဆင့် လိမ်လည်မှုကျူးလွန် နေတဲ့ဂိုဏ်းများ တိုက်ဖျက်ရေးကို ပိုမိုကောင်းမွန်အောင်ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများတွင် ပါဝင်နေသည့် တရုတ်နိုင်ငံသား ၃၁ဝဝဝ ကျော်ကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်မီဒီယာများက မြန်မာ နိုင်ငံမှာ အွန်လိုင်းကတဆင့် လိမ်လည်မှုကျူးလွန်နေတဲ့ စင်တာပေါင်း ၁ဝဝဝ ဟာ တစ်ရက်ကို လူပေါင်း ၁ သိန်း ကျော်ခန့် လိမ်လည်လျက်ရှိနေကြောင်း ဖော်ပြထားပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြကို ဆက္လက္လုပ္ကိုင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၇

ျမန္မာႏိုင္ငံမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး လ်င္ျမန္စြာရရွိၿပီး ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားကို ဆက္လက္ လုပ္ကိုင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိဟာ တ႐ုတ္ႏိုင္ငံကိုေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြနဲ႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက "ျမန္မာႏိုင္ငံမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးရရွိဖို႔ နဲ႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒ မူေဘာင္အတိုင္း ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြ ဆက္လက္လုပ္ကိုင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္။ ႏွစ္ႏိုင္ငံစလုံးဟာ ကင္ဆာေရာဂါလိုမ်ိဳးအျမစ္တြယ္ေနတဲ့ အြန္လိုင္းက တဆင့္လိမ္လည္ေန တဲ့ဂိုဏ္းေတြနဲ႔ ေလာင္ကစားဂိုဏ္းေတြကို ၿဖိဳခြင္းႏိုင္ေအာင္ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈေတြ ဥပေဒပိုင္း ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုေကင္းမြန္ေအာင္လုပ္ေဆာင္သင့္တယ္" လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလက တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျဖစ္လာခဲ့ၿပီးေနာက္မၾကာမီ တ႐ုတ္အစိုးရတာဝန္ရွိသူေတြနဲ႔ ျမန္မာအစိုးရတာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးခဲ့ ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိ နဲ႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးတို႔ဟာ အြန္လိုင္းကတဆင့္ လိမ္လည္မႈက်ဴးလြန္ ေနတဲ့ဂိုဏ္းမ်ား တိုက္ဖ်က္ေရးကို ပိုမိုေကာင္းမြန္ေအာင္ပူးေပါင္းေဆာင္႐ြက္ဖို႔ကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံဟာ အြန္လိုင္းမွတဆင့္ လိမ္လည္မႈက်ဴးလြန္ေနသည့္ ဂိုဏ္းမ်ားတြင္ ပါဝင္ေနသည့္ တ႐ုတ္ႏိုင္ငံသား ၃၁ဝဝဝ ေက်ာ္ကို မိခင္ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ တ႐ုတ္မီဒီယာမ်ားက ျမန္မာ ႏိုင္ငံမွာ အြန္လိုင္းကတဆင့္ လိမ္လည္မႈက်ဴးလြန္ေနတဲ့ စင္တာေပါင္း ၁ဝဝဝ ဟာ တစ္ရက္ကို လူေပါင္း ၁ သိန္း ေက်ာ္ခန႔္ လိမ္လည္လ်က္ရွိေနေၾကာင္း ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.