မတ္တရာမြို့နယ်၊ နန်းကြီးကျေးရွာမီးလောင်မှုဖြစ်စဉ်၌ ရှေးဟောင်းလူနေအိမ်တစ်လုံးအပါအဝင် နေအိမ်(၁၀)လုံး ပျက်စီးဆုံးရှုံး

 624

သန့်ဇင် (NP News) -ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းကြီးကျေးရွာမီးလောင်မှုဖြစ်စဉ်၌ ရှေးဟောင်းလူနေအိမ်တစ်လုံးအပါအဝင် နေအိမ်(၁၀)လုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဒီဇင်ဘာလ ၇ ရက်)၊ နံနက် ၁၁နာရီခွဲဝန်းကျင်အချိန်တွင် မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ နန်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်မှုဖြစ်ရတဲ့အကြောင်းအရင်းတော့ မသိရသေးပါဘူး။ မီးသတ်က စစ်ဆေးနေတုန်းပါ။ မီးလောင်သွားတာက တောင်ပြုံးနတ်နန်းတောင်ဘက်က အိမ်တွေလောင်သွားတာပေါ့။ နတ်နန်းတော့မလောင်ပါဘူး”ဟု နန်တော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ရှေးဟောင်းလူနေအိမ်တစ်လုံးအပါအဝင် လူနေအိမ်(၁၀)လုံးသည် မီးလောင်ပျက်စီးသွားခဲ့ရပြီး မီးဘေးသင့်ပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီပေးလျက်ရှိကြောင်း သိရသည်။

“အိမ်က (၁၀)လုံးလောင်သွားတာ။ အဲဒီအထဲမှာမှ ရှေးဟောင်းလူနေအိမ်တစ်လုံးလဲပါသွားသေးတယ်။ မီးလောင်မှုက လူထိခိုက်မှု မရှိခဲ့ပါဘူး။ မီးကတော့ Level 3 အထိဖြစ်ခဲ့တယ်။ မီးလောင်ချိန်က ၁နာရီခွဲလောက်ကြာတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

မီးသတ်ဖွဲ့တာဝန်ရှိသူများက မီးစတင်လောက်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မတၱရာၿမိဳ႕နယ္၊ နန္းႀကီးေက်း႐ြာမီးေလာင္မႈျဖစ္စဥ္၌ ေရွးေဟာင္းလူေနအိမ္တစ္လုံးအပါအဝင္ ေနအိမ္(၁၀)လုံး ပ်က္စီးဆုံးရႈံး

သန႔္ဇင္ (NP News) -ဒီဇင္ဘာ ၇

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ နန္းႀကီးေက်း႐ြာမီးေလာင္မႈျဖစ္စဥ္၌ ေရွးေဟာင္းလူေနအိမ္တစ္လုံးအပါအဝင္ ေနအိမ္(၁၀)လုံး ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ဒီဇင္ဘာလ ၇ ရက္)၊ နံနက္ ၁၁နာရီခြဲဝန္းက်င္အခ်ိန္တြင္ မတၱရာၿမိဳ႕နယ္၊ ေတာင္ၿပဳံးေက်း႐ြာအုပ္စု၊ နန္းႀကီးေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္မႈျဖစ္ရတဲ့အေၾကာင္းအရင္းေတာ့ မသိရေသးပါဘူး။ မီးသတ္က စစ္ေဆးေနတုန္းပါ။ မီးေလာင္သြားတာက ေတာင္ၿပဳံးနတ္နန္းေတာင္ဘက္က အိမ္ေတြေလာင္သြားတာေပါ့။ နတ္နန္းေတာ့မေလာင္ပါဘူး”ဟု နန္ေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ေရွးေဟာင္းလူေနအိမ္တစ္လုံးအပါအဝင္ လူေနအိမ္(၁၀)လုံးသည္ မီးေလာင္ပ်က္စီးသြားခဲ့ရၿပီး မီးေဘးသင့္ျပည္သူမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ကူညီေပးလ်က္ရွိေၾကာင္း သိရသည္။

“အိမ္က (၁၀)လုံးေလာင္သြားတာ။ အဲဒီအထဲမွာမွ ေရွးေဟာင္းလူေနအိမ္တစ္လုံးလဲပါသြားေသးတယ္။ မီးေလာင္မႈက လူထိခိုက္မႈ မရွိခဲ့ပါဘူး။ မီးကေတာ့ Level 3 အထိျဖစ္ခဲ့တယ္။ မီးေလာင္ခ်ိန္က ၁နာရီခြဲေလာက္ၾကာတယ္” ဟု ၎ကဆက္လက္ေျပာသည္။

မီးသတ္ဖြဲ႕တာဝန္ရွိသူမ်ားက မီးစတင္ေလာက္ကြၽမ္းရသည့္ အေၾကာင္းအရင္းႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.