ခဲယမ်းမီးကျည် ပြတ်လပ်မှုများနှင့်အတူ စစ်ပွဲဖြစ်ပွားလာမည်ဆိုပါက ကျောက်တုံးများဖြင့်သာ တိုက်ခိုက်ရတော့မည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံအငြိမ်းစားဗိုလ်ချုပ်ကြီး သတိပေးပြောဆို

 16525

Pika (NP News) - ဒီဇင်ဘာ ၇

ဘယ်လ်ဂျီယံနိုင်ငံတွင် လက်နက်ခဲယမ်းမီးကျည်များ ပြတ်လပ်မှုများကြောင့် စစ်ပွဲဖြစ်ပွားခဲ့မည်ဆိုပါက ဘယ်လ်ဂျီယံစစ်တပ်သည် ကျောက်တုံးများဖြင့် စတင် ပစ်ပေါက်ရလိမ့်မည်ဖြစ်ကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး Marc Thys က သတိပေးပြောဆိုခဲ့သည်။

ထို့အပြင် ဘယ်လ်ဂျီယံနိုင်ငံသည် စစ်ပွဲများဖြစ်ပွားခဲ့မည်ဆိုပါက တစ်လကြာ တိုက်ပွဲဝင်နိုင်ရန်အတွက် ၎င်းတို့၏ ခဲယမ်းမီးကျည်ဘတ်ဂျက်ကို အနည်းဆုံး(၃၃)ကြိမ်ခန့် ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း Marc Thys က ထပ်မံ ပြောဆိုခဲ့သည်။

Marc Thys က "ဒီနေ့မှာ စစ်ပွဲသာ စတင်ဖြစ်ပွားခဲ့မယ်ဆိုရင် နာရီပိုင်းအတွင်းမှာပဲ ခဲယမ်းမီးကျည်တွေ ကုန်သွားမှာဖြစ်တဲ့အတွက် ဘယ်လ်ဂျီယံစစ်တပ်ဟာ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ရတော့မှာပါ" ဟု ပြောဆိုခဲ့သည်။

Marc Thys သည် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ဘယ်လ်ဂျီယံမြေပြင်တပ်ဖွဲ့များကို ကွပ်ကဲခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအထိ ဒုဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ Marc Thys က "ဘယ်လ်ဂျီယံ စစ်တပ်မှာ ခဲယမ်းမီးကျည်တွေ ဝယ်ယူဖို့ တစ်နှစ်လျှင် ယူရို(၁၅)သန်း ရှိပါတယ်။ ကျွန်တော်တို့ ခဲယမ်းမီးကျည်တွေဝယ်ယူဖို့ကို ယူရိုသန်း(၁၅ဝ)ထိ တိုးရပါမယ်။ ကျွန်တော်တို့ ရက်ပေါင်း(၃ဝ) ကနေ (၆ဝ) ထိ တိုက်ပွဲဝင်ချင်တယ်ဆိုရင် ယူရို(၅)ဘီလျံကနေ (၇)ဘီလျံထိ လိုအပ်ပါလိမ့်မယ်" ဟု ပြောခဲ့သည်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်းတည်းက ဘယ်လ်ဂျီယံ နိုင်ငံသည် ယူကရိန်းသို့ ယူရိုသန်း(၂၉ဝ) တန်ဖိုးရှိ စစ်ရေးအကူအညီများ ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ အကူအညီများထဲတွင် စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းမီးကျည်များ၊ မီးစက်များ၊ လောင်စာဆီ နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ ပါဝင်ကြောင်း ဘယ်လ်ဂျီယံကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

စစ်ပွဲများ ဖြစ်ပွားမည်ဆိုပါက ဂျာမနီနိုင်ငံတွင် နှစ်ရက်ကြာတိုက်ပွဲဝင်နိုင်ရန်အတွက်သာ ခဲယမ်းမီးကျည် အလုံ အလောက်ရှိကြောင်း ဂျာမနီလွှတ်တော်အမတ် Johann Wadephul က ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။ ထို့အပြင် ပြင်သစ်နိုင်ငံသည် (၇)ရက်သာ တိုက်ပွဲဝင်နိုင်ရန် ခဲယမ်းမီးကျည်များ အလုံအလောက်ရှိပြီး အီတလီနိုင်ငံသည် သီတင်းပတ်တစ်ပတ်အောက်သာ တိုက်ပွဲဝင်နိုင်မည်ဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဗြိတိန်နိုင်ငံသည် စစ်ပွဲဖြစ်ပွားခဲ့မည်ဆိုပါက တစ်ရက်သာ တိုက်ပွဲဝင်ပြီးနောက် ခဲယမ်းမီးကျည်များ ကုန်ခမ်းသွားမည်ဖြစ်ကြောင်း Marc Thys က ယခုနှစ်အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Zawgyi Version;
ခဲယမ္းမီးက်ည္ ျပတ္လပ္မႈမ်ားႏွင့္အတူ စစ္ပြဲျဖစ္ပြားလာမည္ဆိုပါက ေက်ာက္တုံးမ်ားျဖင့္သာ တိုက္ခိုက္ရေတာ့မည္ျဖစ္ေၾကာင္း ဘယ္လ္ဂ်ီယံအၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး သတိေပးေျပာဆို
Pika (NP News) - ဒီဇင္ဘာ ၇

ဘယ္လ္ဂ်ီယံႏိုင္ငံတြင္ လက္နက္ခဲယမ္းမီးက်ည္မ်ား ျပတ္လပ္မႈမ်ားေၾကာင့္ စစ္ပြဲျဖစ္ပြားခဲ့မည္ဆိုပါက ဘယ္လ္ဂ်ီယံစစ္တပ္သည္ ေက်ာက္တုံးမ်ားျဖင့္ စတင္ ပစ္ေပါက္ရလိမ့္မည္ျဖစ္ေၾကာင္း အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး Marc Thys က သတိေပးေျပာဆိုခဲ့သည္။

ထို႔အျပင္ ဘယ္လ္ဂ်ီယံႏိုင္ငံသည္ စစ္ပြဲမ်ားျဖစ္ပြားခဲ့မည္ဆိုပါက တစ္လၾကာ တိုက္ပြဲဝင္ႏိုင္ရန္အတြက္ ၎တို႔၏ ခဲယမ္းမီးက်ည္ဘတ္ဂ်က္ကို အနည္းဆုံး(၃၃)ႀကိမ္ခန႔္ ပိုမိုျမႇင့္တင္ရန္ လိုအပ္ေၾကာင္း Marc Thys က ထပ္မံ ေျပာဆိုခဲ့သည္။

Marc Thys က "ဒီေန႔မွာ စစ္ပြဲသာ စတင္ျဖစ္ပြားခဲ့မယ္ဆိုရင္ နာရီပိုင္းအတြင္းမွာပဲ ခဲယမ္းမီးက်ည္ေတြ ကုန္သြားမွာျဖစ္တဲ့အတြက္ ဘယ္လ္ဂ်ီယံစစ္တပ္ဟာ ေက်ာက္တုံးေတြနဲ႔ ပစ္ေပါက္ရေတာ့မွာပါ" ဟု ေျပာဆိုခဲ့သည္။

Marc Thys သည္ ၂ဝ၁၇ ခုႏွစ္မွ ၂ဝ၁၉ ခုႏွစ္အထိ ဘယ္လ္ဂ်ီယံေျမျပင္တပ္ဖြဲ႕မ်ားကို ကြပ္ကဲခဲ့ၿပီး ၿပီးခဲ့သည့္ ႏိုဝင္ဘာလအထိ ဒုဗိုလ္ခ်ဳပ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။ Marc Thys က "ဘယ္လ္ဂ်ီယံ စစ္တပ္မွာ ခဲယမ္းမီးက်ည္ေတြ ဝယ္ယူဖို႔ တစ္ႏွစ္လွ်င္ ယူ႐ို(၁၅)သန္း ရွိပါတယ္။ ကြၽန္ေတာ္တို႔ ခဲယမ္းမီးက်ည္ေတြဝယ္ယူဖို႔ကို ယူ႐ိုသန္း(၁၅ဝ)ထိ တိုးရပါမယ္။ ကြၽန္ေတာ္တို႔ ရက္ေပါင္း(၃ဝ) ကေန (၆ဝ) ထိ တိုက္ပြဲဝင္ခ်င္တယ္ဆိုရင္ ယူ႐ို(၅)ဘီလ်ံကေန (၇)ဘီလ်ံထိ လိုအပ္ပါလိမ့္မယ္" ဟု ေျပာခဲ့သည္။

၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ပိုင္းတည္းက ဘယ္လ္ဂ်ီယံ ႏိုင္ငံသည္ ယူကရိန္းသို႔ ယူ႐ိုသန္း(၂၉ဝ) တန္ဖိုးရွိ စစ္ေရးအကူအညီမ်ား ေပးပို႔ခဲ့ေၾကာင္း သိရသည္။ အဆိုပါ အကူအညီမ်ားထဲတြင္ စစ္လက္နက္ပစၥည္းမ်ား၊ ခဲယမ္းမီးက်ည္မ်ား၊ မီးစက္မ်ား၊ ေလာင္စာဆီ ႏွင့္ ေမာ္ေတာ္ယာဥ္အစိတ္အပိုင္းမ်ား ပါဝင္ေၾကာင္း ဘယ္လ္ဂ်ီယံကာကြယ္ေရးဝန္ႀကီးဌာန၏ အဆိုအရ သိရသည္။

စစ္ပြဲမ်ား ျဖစ္ပြားမည္ဆိုပါက ဂ်ာမနီႏိုင္ငံတြင္ ႏွစ္ရက္ၾကာတိုက္ပြဲဝင္ႏိုင္ရန္အတြက္သာ ခဲယမ္းမီးက်ည္ အလုံ အေလာက္ရွိေၾကာင္း ဂ်ာမနီလႊတ္ေတာ္အမတ္ Johann Wadephul က ၿပီးခဲ့သည့္လတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။ ထို႔အျပင္ ျပင္သစ္ႏိုင္ငံသည္ (၇)ရက္သာ တိုက္ပြဲဝင္ႏိုင္ရန္ ခဲယမ္းမီးက်ည္မ်ား အလုံအေလာက္ရွိၿပီး အီတလီႏိုင္ငံသည္ သီတင္းပတ္တစ္ပတ္ေအာက္သာ တိုက္ပြဲဝင္ႏိုင္မည္ျဖစ္ေၾကာင္း မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

ၿဗိတိန္ႏိုင္ငံသည္ စစ္ပြဲျဖစ္ပြားခဲ့မည္ဆိုပါက တစ္ရက္သာ တိုက္ပြဲဝင္ၿပီးေနာက္ ခဲယမ္းမီးက်ည္မ်ား ကုန္ခမ္းသြားမည္ျဖစ္ေၾကာင္း Marc Thys က ယခုႏွစ္အေစာပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.