သမ္မတဇီလန်စကီးကို ဝေဖန်မှုများ လုပ်ဆောင်ခဲ့ဖူးသည့် ယူကရိန်းအမတ်ဟောင်း လုပ်ကြံသတ်ဖြတ်ခံရ

 831

Pika (NP News) - ဒီဇင်ဘာ ၇

ယူကရိန်းအတိုက်အခံလွှတ်တော်အမတ်ဟောင်း Ilya Kiva ၏ ရုပ်အလောင်းကို ရုရှားနိုင်ငံ မော်စကိုမြို့အနီးတွင် တွေ့ရှိခဲ့ကြောင်း ရုရှားမီဒီယာများက ဒီဇင်ဘာလ(၆)ရက်တွင် ဖော်ပြခဲ့သည်။
ထို့အပြင် Ilya Kiva သည် ယူကရိန်းသမ္မတဇီလန်စကီးကို ဝေဖန်မှုများ လုပ်ဆောင်သူအဖြစ် လူသိများကြောင်း သိရသည်။

Ilya Kiva ၏ ရုပ်အလောင်းကို ၎င်းနေထိုင်ရာအိမ်အနီးရှိ Velich Country Club ဟိုတည်တွင် တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ Ilya Kiva ကို နှင်းထုများကြားထဲရှိ သွေးအိုင်ထဲတွင် မှောက်လျက်သား အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရုရှားမီဒီယာအများအပြားက ဖော်ပြခဲ့သည်။

Ilya Kiva သည် ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့များ ပါဝင်ဆက်နွယ် ဖွယ်ရှိနေကြောင်း ထင်ကြေးပေးမှုများရှိနေသည်။

သို့သော်လည်း အဆိုပါလုပ်ကြံသတ်ဖြတ်မှုကို ယူကရိန်းနိုင်ငံ ပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့များက ကြိုးကိုင် ထားခြင်းဖြစ်ကြောင်း အခြားမီဒီယာများက ဖော်ပြခဲ့သည်။ ရုရှားအစိုးရတာဝန်ရှိသူများသည် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Ilya Kiva သည် ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ ယူကရိန်းလွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ၂ဝ၂၂ ခုနှစ် ဇွန်လတွင် တရားဝင်ပိတ်ပင်ခံခဲ့ရသည့်အတိုက်အခံပါတီ For Life ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။Ilya Kiva သည် ယူကရိန်းသမ္မတဇီလန်စကီးနှင့် အစိုးရတို့၏ နေတိုးအဖွဲ့ လိုလားသော မူဝါဒများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် အမေရိကန်နှင့် နေတိုးအဖွဲ့တို့သည် ရုရှားကို ပဋိပက္ခစတင်အောင် လှုံ့ဆော်ရန်အတွက် ယူကရိန်းကို ငါးစာအဖြစ် အသုံးပြုခဲ့ကြောင်း Ilya Kiva ကပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။ Ilya Kiva သည် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများ မလုပ်ဆောင်မီ ယူကရိန်းနိုင်ငံမှ ထွက်ခွာကာ စပိန်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ရုရှားနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ရုရှားက ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် တစ်လမပြည့်မီအချိန် ၂ဝ၂၂ ခုနှစ် မတ်လလယ်တွင် ယူကရိန်းအစိုးရသည် Ilya Kiva ၏ လုပ်ပိုင်ခွင့်အာဏာများအားလုံးကို ဖယ်ရှားပစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ယူကရိန်းဥပဒေစိုးမိုးရေးကလည်း ၎င်းကို နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ရုရှားစစ်သားများကို ယူကရိန်းနိုင်ငံအတွင်းသို့ ဖိတ်ခေါ်ရန်အတွက် အရာရာတိုင်းကိုလုပ်ဆောင်ခဲ့သူဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

Zawgyi Version;
သမၼတဇီလန္စကီးကို ေဝဖန္မႈမ်ား လုပ္ေဆာင္ခဲ့ဖူးသည့္ ယူကရိန္းအမတ္ေဟာင္း လုပ္ႀကံသတ္ျဖတ္ခံရ
Pika (NP News) - ဒီဇင္ဘာ ၇

ယူကရိန္းအတိုက္အခံလႊတ္ေတာ္အမတ္ေဟာင္း Ilya Kiva ၏ ႐ုပ္အေလာင္းကို ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕အနီးတြင္ ေတြ႕ရွိခဲ့ေၾကာင္း ႐ုရွားမီဒီယာမ်ားက ဒီဇင္ဘာလ(၆)ရက္တြင္ ေဖာ္ျပခဲ့သည္။
ထို႔အျပင္ Ilya Kiva သည္ ယူကရိန္းသမၼတဇီလန္စကီးကို ေဝဖန္မႈမ်ား လုပ္ေဆာင္သူအျဖစ္ လူသိမ်ားေၾကာင္း သိရသည္။

Ilya Kiva ၏ ႐ုပ္အေလာင္းကို ၎ေနထိုင္ရာအိမ္အနီးရွိ Velich Country Club ဟိုတည္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ Ilya Kiva ကို ႏွင္းထုမ်ားၾကားထဲရွိ ေသြးအိုင္ထဲတြင္ ေမွာက္လ်က္သား အေနအထားျဖင့္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားမီဒီယာအမ်ားအျပားက ေဖာ္ျပခဲ့သည္။

Ilya Kiva သည္ ဦးေခါင္းတြင္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း TASS သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။ အဆိုပါတိုက္ခိုက္မႈ၏ ေနာက္ကြယ္တြင္ ယူကရိန္းလုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕မ်ား ပါဝင္ဆက္ႏြယ္ ဖြယ္ရွိေနေၾကာင္း ထင္ေၾကးေပးမႈမ်ားရွိေနသည္။

သို႔ေသာ္လည္း အဆိုပါလုပ္ႀကံသတ္ျဖတ္မႈကို ယူကရိန္းႏိုင္ငံ ျပည္တြင္းလုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕မ်ားက ႀကိဳးကိုင္ ထားျခင္းျဖစ္ေၾကာင္း အျခားမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားသည္ အဆိုပါျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး မွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

Ilya Kiva သည္ ၂ဝ၁၉ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အထိ ယူကရိန္းလႊတ္ေတာ္အမတ္ျဖစ္ခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္ ဇြန္လတြင္ တရားဝင္ပိတ္ပင္ခံခဲ့ရသည့္အတိုက္အခံပါတီ For Life ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။Ilya Kiva သည္ ယူကရိန္းသမၼတဇီလန္စကီးႏွင့္ အစိုးရတို႔၏ ေနတိုးအဖြဲ႕ လိုလားေသာ မူဝါဒမ်ားကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့သူျဖစ္ေၾကာင္းလည္း သိရသည္။

ထို႔အျပင္ အေမရိကန္ႏွင့္ ေနတိုးအဖြဲ႕တို႔သည္ ႐ုရွားကို ပဋိပကၡစတင္ေအာင္ လႈံ႕ေဆာ္ရန္အတြက္ ယူကရိန္းကို ငါးစာအျဖစ္ အသုံးျပဳခဲ့ေၾကာင္း Ilya Kiva ကၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္တြင္ ျပစ္တင္ေဝဖန္ေျပာဆိုခဲ့သည္။ Ilya Kiva သည္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား မလုပ္ေဆာင္မီ ယူကရိန္းႏိုင္ငံမွ ထြက္ခြာကာ စပိန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕ခဲ့ေၾကာင္း သိရသည္။

႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ၿပီးေနာက္ တစ္လမျပည့္မီအခ်ိန္ ၂ဝ၂၂ ခုႏွစ္ မတ္လလယ္တြင္ ယူကရိန္းအစိုးရသည္ Ilya Kiva ၏ လုပ္ပိုင္ခြင့္အာဏာမ်ားအားလုံးကို ဖယ္ရွားပစ္ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ယူကရိန္းဥပေဒစိုးမိုးေရးကလည္း ၎ကို ႏိုင္ငံေတာ္ပုန္ကန္မႈျဖင့္ စြဲခ်က္တင္ခဲ့ၿပီး ႐ုရွားစစ္သားမ်ားကို ယူကရိန္းႏိုင္ငံအတြင္းသို႔ ဖိတ္ေခၚရန္အတြက္ အရာရာတိုင္းကိုလုပ္ေဆာင္ခဲ့သူျဖစ္ေၾကာင္း စြပ္စြဲေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.