အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၃)ဦး သေဆုံး

668

Pika (NP News) - ဒီဇင်ဘာ ၇
အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် ဒီဇင်ဘာ(၆)ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူတစ်ဦး ထိိခုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့သည် အဆိုပါသေနတ်သမားကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဖြစ်ရပ်သည် နီဗားဒါပြည်နယ် လက်စ်ဗီးဂတ်စ်မြို့ရှိ ခရီးသွားများဖြင့် ပြည့်ကျပ်နေသော Las Vegas Strip လမ်း လောင်းကစားစင်တာအနီးတွင်ရှိသော University of Nevada တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Las Vegas မြို့ရဲအရာရှိ Kevin McMahill က "ဒီပစ်ခတ်မှုအတွင်းမှာ လူ(၃)ဦး သေဆုံးခဲ့ပါတယ်။ အခြားလူ တစ်ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရရှိခဲ့ပေမယ့်လည်း ပြန်လည်သက်သာလာပါပြီ" ဟု ပြောခဲ့သည်။
University of Nevada တွင် ဒီဇင်ဘာလ(၆)ရက် နံနက်(၁၁)နာရီ (၄၅)မိနစ်အချိန်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြောင်း Kevin McMahill က ပြောခဲ့သည်။
တက္ကသိုလ်ရဲမှူးချုပ် Adam Garcia က "ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ပြီး တော့ သေနတ်သမားကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။ University of Nevada အပြင်ဘက်တွင် တက္ကသိုလ်ကျောင်းသားများ စုဝေးနေစဉ်အချိန်အတွင်း အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Kevin McMahill က "ကျောင်းသားတွေဟာ အစားအသောက်တွေ စားနေကြရင်း ဂိမ်းကစားနေကြတာပါ။ ကျောင်းသားတွေဟာ Legos အရုပ်တွေ ဆောက်ဖို့ လုပ်နေကြတာပါ။ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက တစ်ဦးရဲ့လုပ်ရပ်ကြောင့်သာမဟုတ်ရင် နောက်ထပ်လူအများအပြား သတ်ဖြတ်ခံရနိုင်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ လက္စ္ဗီးဂတ္စ္ၿမိဳ႕ရွိ တကၠသိုလ္တစ္ခုတြင္ ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၃)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၇
အေမရိကန္ႏိုင္ငံရွိ တကၠသိုလ္တစ္ခုတြင္ ဒီဇင္ဘာ(၆)ရက္က ေသနတ္သမားတစ္ဦး၏ ပစ္ခတ္မႈမ်ားေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့ၿပီး အျခားလူတစ္ဦး ထိိခုက္ဒဏ္ရာမ်ား ျပင္းျပင္းထန္ထန္ရရွိခဲ့ေၾကာင္း အာဏာပိုင္ မ်ားက ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ရဲတပ္ဖြဲ႕သည္ အဆိုပါေသနတ္သမားကို ေသနတ္ျဖင့္ ပစ္သတ္ခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါ ျဖစ္ရပ္သည္ နီဗားဒါျပည္နယ္ လက္စ္ဗီးဂတ္စ္ၿမိဳ႕ရွိ ခရီးသြားမ်ားျဖင့္ ျပည့္က်ပ္ေနေသာ Las Vegas Strip လမ္း ေလာင္းကစားစင္တာအနီးတြင္ရွိေသာ University of Nevada တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Las Vegas ၿမိဳ႕ရဲအရာရွိ Kevin McMahill က "ဒီပစ္ခတ္မႈအတြင္းမွာ လူ(၃)ဦး ေသဆုံးခဲ့ပါတယ္။ အျခားလူ တစ္ဦးကေတာ့ ထိခိုက္ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္ရရွိခဲ့ေပမယ့္လည္း ျပန္လည္သက္သာလာပါၿပီ" ဟု ေျပာခဲ့သည္။
University of Nevada တြင္ ဒီဇင္ဘာလ(၆)ရက္ နံနက္(၁၁)နာရီ (၄၅)မိနစ္အခ်ိန္က ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ ေၾကာင္း သတင္းရရွိၿပီးေနာက္ ရဲတပ္ဖြဲ႕မ်ားသည္ အခင္းျဖစ္ပြားရာေနရာသို႔ ခ်က္ခ်င္းသြားေရာက္ခဲ့ေၾကာင္း Kevin McMahill က ေျပာခဲ့သည္။
တကၠသိုလ္ရဲမႉးခ်ဳပ္ Adam Garcia က "ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးဟာ အခင္းျဖစ္ပြားရာေနရာကို ခ်က္ခ်င္းသြားေရာက္ခဲ့ၿပီး ေတာ့ ေသနတ္သမားကို ေသနတ္နဲ႔ပစ္သတ္ခဲ့ပါတယ္" ဟု ေျပာခဲ့သည္။ University of Nevada အျပင္ဘက္တြင္ တကၠသိုလ္ေက်ာင္းသားမ်ား စုေဝးေနစဥ္အခ်ိန္အတြင္း အဆိုပါပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Kevin McMahill က "ေက်ာင္းသားေတြဟာ အစားအေသာက္ေတြ စားေနၾကရင္း ဂိမ္းကစားေနၾကတာပါ။ ေက်ာင္းသားေတြဟာ Legos အ႐ုပ္ေတြ ေဆာက္ဖို႔ လုပ္ေနၾကတာပါ။ အခင္းျဖစ္ပြားရာေနရာကို သြားေရာက္ခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြထဲက တစ္ဦးရဲ႕လုပ္ရပ္ေၾကာင့္သာမဟုတ္ရင္ ေနာက္ထပ္လူအမ်ားအျပား သတ္ျဖတ္ခံရႏိုင္ပါတယ္" ဟု ေျပာခဲ့သည္။