ထိုင်းရောက် မြန်မာလုပ်သားများ CI ပြုလုပ်ရာ၌ ပွဲစားများ၏ အမြတ်ထုတ်မှုကိုကာကွယ်နိုင်ရန် Mobile Team များဖြင့် ဆောင်ရွက်ပေးမည်

 2400

ကျော် (NP News) - ဒီဇင်ဘာ ၈

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ပြုလုပ်ရာ၌ ပွဲစားများ၏အမြတ်ထုတ်မှုကို ကာကွယ်နိုင်ရန် Mobile Team များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

မြန်မာအလုပ်သမားသံအရာရှိရုံးမှ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများအတွက် CI ထုတ်ပေးရေးစခန်း(၅)ခု နှင့် Mobile Team (၃)ခုဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလုပ်သမားများ အမားစုနေထိုင်လုပ်ကိုင်သည့်နေရာများသို့ Mobile Team များကို လွယ်လင့်တကူ ရွှေ့ပြောင်းဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာအလုပ်သမားများအနေဖြင့် CI ပြုလုပ်ရာတွင် လုပ်ငန်းခွင်မပျက်ဆောင်ရွက်နိုင်ခြင်း၊ အလုပ်ရှင်မှလည်း လုပ်ငန်းခွင်အားအရှိန်အဟုန်မပျက်လည်ပတ်နိုင်ခြင်း၊ ပွဲစားများ၏ အမြတ်ထုတ်မှုကိုကာကွယ်နိုင်ခြင်း အကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ယာယီနေထိုင်လုပ်ကိုင်ခွင့်(ပန်းရောင်ကတ်)အတွက် အမည်စာရင်းတင်သွင်းခဲ့သည့် မြန်မာအလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ နေထိုင်လုပ်ကိုင်ခွင့်သက်တမ်းအား ထိုင်းနိုင်ငံအစိုးရက တိုးမြှင့်ပေးခဲ့သည်။

ထို့ကြောင့် မြန်မာအလုပ်သမားများအနေဖြင့် Work Permit လျှောက်ထားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးအာမခံဝယ်ယူခြင်းတို့ကို ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၁၅ ရက်မတိုင်မီအထိ ကြိုတင်ပြုလုပ်ထားရမည်ဖြစ်ကြောင်း သိရသည်။

Work Permit လျှောက်ထားရာ၌ အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ် ၁၄၅၀၊ ကျန်းမာရေးစစ်ဆေးခြင်းအတွက် ထိုင်းဘတ် ၅၀၀ နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ တစ်နှစ်အာမခံအတွက် ထိုင်းဘတ် ၁၆၀၀ (သို့မဟုတ်) ပုဂ္ဂလိကကုမ္ပဏီမှ ၆ လ အာမခံအတွက် ထိုင်းဘတ် ၉၉၀ နှင့်လူမှုဖူလုံရေးအာမခံစနစ်၌ အကျုံးမဝင်သူများသည် တစ်နှစ်အာမခံ ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အလုပ်သမားတစ်ဦးလျှင် အနည်းဆုံး ထိုင်းဘတ် ၂၉၄၀ မှ အများဆုံး ထိုင်းဘတ် ၃၅၅၀ ကုန်ကျမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ထို့ပြင် Work Permit နှင့် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီးသော အလုပ် သမားများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မတိုင်မီတွင် Biometrics data ကောက်ယူခြင်း၊ လူဝင်မှုကြီးကြပ်ရေးဗျုရိုတွင် ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့် ရရှိရန်ဆောင်ရွက်ပြီးနောက် Department of Provincial Administration (သို့မဟုတ်) Bangkok Metropolitan Administration ဌာနများတွင် မှတ်ပုံတင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာအလုပ်သမားများအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မတိုင်မီအထိ CI (သို့မဟုတ်) Passport ဆက်လက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရန်စီစဥ်နေမှုများကို အလုပ်သမားရေးရာများပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများတွေ့ဆုံဆွေးနွေးရေးအတွက် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အလုပ်သမားဝန်ကြီးဦးမြင့်နောင်မှ ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

zawgyi version
ထိုင္းေရာက္ ျမန္မာလုပ္သားမ်ား CI ျပဳလုပ္ရာ၌ ပြဲစားမ်ား၏ အျမတ္ထုတ္မႈကိုကာကြယ္ႏိုင္ရန္ Mobile Team မ်ားျဖင့္ ေဆာင္႐ြက္ေပးမည္

ေက်ာ္ (NP News) - ဒီဇင္ဘာ ၈

ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ား မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္(CI) ျပဳလုပ္ရာ၌ ပြဲစားမ်ား၏အျမတ္ထုတ္မႈကို ကာကြယ္ႏိုင္ရန္ Mobile Team မ်ားျဖင့္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးမွ သိရသည္။

ျမန္မာအလုပ္သမားသံအရာရွိ႐ုံးမွ လက္ရွိအခ်ိန္တြင္ ထိုင္းႏိုင္ငံ၌ ျမန္မာႏိုင္ငံသားမ်ားအတြက္ CI ထုတ္ေပးေရးစခန္း(၅)ခု ႏွင့္ Mobile Team (၃)ခုဖြင့္လွစ္ႏိုင္ရန္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလုပ္သမားမ်ား အမားစုေနထိုင္လုပ္ကိုင္သည့္ေနရာမ်ားသို႔ Mobile Team မ်ားကို လြယ္လင့္တကူ ေ႐ႊ႕ေျပာင္းဖြင့္လွစ္ေပးျခင္းျဖင့္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ CI ျပဳလုပ္ရာတြင္ လုပ္ငန္းခြင္မပ်က္ေဆာင္႐ြက္ႏိုင္ျခင္း၊ အလုပ္ရွင္မွလည္း လုပ္ငန္းခြင္အားအရွိန္အဟုန္မပ်က္လည္ပတ္ႏိုင္ျခင္း၊ ပြဲစားမ်ား၏ အျမတ္ထုတ္မႈကိုကာကြယ္ႏိုင္ျခင္း အက်ိဳးေက်းဇူးမ်ားကိုရရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္ ယာယီေနထိုင္လုပ္ကိုင္ခြင့္(ပန္းေရာင္ကတ္)အတြက္ အမည္စာရင္းတင္သြင္းခဲ့သည့္ ျမန္မာအလုပ္သမားမ်ားအား ၂၀၂၃ ခုႏွစ္၊ ေအာက္ တိုဘာလ ၁ ရက္မွ ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၃ ရက္အထိ ေနထိုင္လုပ္ကိုင္ခြင့္သက္တမ္းအား ထိုင္းႏိုင္ငံအစိုးရက တိုးျမႇင့္ေပးခဲ့သည္။

ထို႔ေၾကာင့္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ Work Permit ေလွ်ာက္ထားျခင္း၊ က်န္းမာေရးစစ္ေဆးျခင္းႏွင့္က်န္းမာေရးအာမခံဝယ္ယူျခင္းတို႔ကို ၂၀၂၄ ခုႏွစ္၊ဇန္နဝါရီလ ၁၅ ရက္မတိုင္မီအထိ ႀကိဳတင္ျပဳလုပ္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

Work Permit ေလွ်ာက္ထားရာ၌ အလုပ္သမားတစ္ဦးလွ်င္ ထိုင္းဘတ္ ၁၄၅၀၊ က်န္းမာေရးစစ္ေဆးျခင္းအတြက္ ထိုင္းဘတ္ ၅၀၀ ႏွင့္ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနမွ တစ္ႏွစ္အာမခံအတြက္ ထိုင္းဘတ္ ၁၆၀၀ (သို႔မဟုတ္) ပုဂၢလိကကုမၸဏီမွ ၆ လ အာမခံအတြက္ ထိုင္းဘတ္ ၉၉၀ ႏွင့္လူမႈဖူလုံေရးအာမခံစနစ္၌ အက်ဳံးမဝင္သူမ်ားသည္ တစ္ႏွစ္အာမခံ ဝယ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အလုပ္သမားတစ္ဦးလွ်င္ အနည္းဆုံး ထိုင္းဘတ္ ၂၉၄၀ မွ အမ်ားဆုံး ထိုင္းဘတ္ ၃၅၅၀ ကုန္က်မည္ျဖစ္ေၾကာင္း ျမန္မာအလုပ္သမားသံအရာရွိ႐ုံးမွ သိရသည္။

ထို႔ျပင္ Work Permit ႏွင့္ က်န္းမာေရးစစ္ေဆးမႈျပဳလုပ္ၿပီးေသာ အလုပ္ သမားမ်ားသည္ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္မတိုင္မီတြင္ Biometrics data ေကာက္ယူျခင္း၊ လူဝင္မႈႀကီးၾကပ္ေရးဗ်ဳ႐ိုတြင္ ထိုင္းႏိုင္ငံအတြင္းေနထိုင္ခြင့္ ရရွိရန္ေဆာင္႐ြက္ၿပီးေနာက္ Department of Provincial Administration (သို႔မဟုတ္) Bangkok Metropolitan Administration ဌာနမ်ားတြင္ မွတ္ပုံတင္ျခင္းတို႔ကို ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔အတူ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္မတိုင္မီအထိ CI (သို႔မဟုတ္) Passport ဆက္လက္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းမ်ားေဆာင္႐ြက္ရန္စီစဥ္ေနမႈမ်ားကို အလုပ္သမားေရးရာမ်ားပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ အလုပ္သမားဝန္ႀကီးမ်ားေတြ႕ဆုံေဆြးေႏြးေရးအတြက္ ထိုင္းႏိုင္ငံသို႔ေရာက္ရွိေနသည့္ အလုပ္သမားဝန္ႀကီးဦးျမင့္ေနာင္မွ ယမန္ေန႔ (ဒီဇင္ဘာလ ၇ ရက္)က ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.