ယူကရိန်းကို နောက်ထပ်အကူအညီများ ပေးပို့ပေးမည်ဆိုသည့် ကတိများမပေးနိုင်ကြောင်း အမေရိကန်အစိုးရ ထုတ်ဖော်ပြော

 669

Pika (NP News) - ဒီဇင်ဘာ ၈

အမေရိကန်လွှတ်တော်ထံမှ အတည်ပြုချက်များ မရရှိမချင်း ယူကရိန်းအစိုးရသည် အမေရိကန်နိုင်ငံထံမှ နောက်ထပ်ရန်ပုံငွေများကို မမျှော်လင့်သင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ထုတ်ဖော်ပြောခဲ့သည်။

ဒီဇင်ဘာလ(၆)ရက်တွင် အမေရိကန်အထက်လွှတ်တော်သည် ယူကရိန်းသို့ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ (၆ဝ) ဘီလျံကျော် ခွဲဝေပေးမည့် အမေရိကန်ဒေါ်လာ(၁၁၁)ဘီလျံ အသုံးစရိတ်ဥပဒေမူကြမ်းကို အတည်ပြုပေးရန် ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအသုံးစရိတ်ဥပဒေမူကြမ်းကို အတည်မပြုပေးခြင်းသည် အမေရိကန်၏ ခေါင်းဆောင်မှုပိုင်းနှင့် ဂုဏ်သိက္ခာ တို့ကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောဆိုခဲ့သော်လည်း အထက်လွှတ်တော်က ယခုကဲ့သို့ ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျွန်ကာဘိုင် က "ယူကရိန်းကို ကတိပေးနိုင်မယ့်အနေအထားမျိုးမှာ ကျွန်တော်တို့ မရှိပါဘူး" ဟု ပြောခဲ့သည်။ အမေရိကန်နိုင်ငံသည် ယူကရိန်းသို့ နောက်ထပ်ရန်ပုံငွေများ ပံ့ပိုးပေးခြင်းနှင့်ပတ်သက်ပြီး အာခံချက်များ ရှိ/မရှိ ဆိုသည့်မေးခွန်း မေးခံရချိန်တွင် ဂျွန်ကာဘိုင်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကတည်းက အမေရိကန်လွှတ်တော်သည် ယူကရိန်းသို့ အကူအညီများပေးပို့ရန်အတွက် အမေရိကန် ဒေါ်လာ(၁၂ဝ)ဘီလျံကျော် အတည်ပြုပေးခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ အကူအညီများထဲတွင် ယူကရိန်း အစိုးရအတွက် ငွေသားပေးမှုများအပြင် အမေရိကန်ဒေါ်လာ(၄၄)ဘီလျံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်း မီးကျည်များ နှင့် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ သိုလှောင်မှုများထဲမှ စစ်လက်နက်ပစ္စည်းများလည်း ပါဝင် ကြောင်း သိရသည်။

အမေရိကန်အောက်လွှတ်တော်တွင် ဥက္ကဋ္ဌသစ်ကို ရွေးချယ်ရန်အတွက် ကြိုးပမ်းနေချိန်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလလယ်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် နောက်ထပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆ဝ) ဘီလျံကျော်ကို တောင်းခံခဲ့ကြောင်းလည်း သိရသည်။
သို့သော်လည်း အမေရိကန်အစိုးရသည် အဆိုပါတောင်းဆိုမှုကို အစ္စရေး၊ ထိုင်ဝမ် နှင့် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ အကူအညီများပေးမည့်အစီအစဉ်တစ်ခုအဖြစ် ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။ ရန်ပုံငွေ ခွဲဝေမှု ကိစ္စများနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကြားတွင် သဘောထားကွဲလွဲမှုများရှိလာခဲ့သလို အမေရိကန်ကာကွယ်ရေးဌာနကလည်း ၎င်းတို့တွင် ယူကရိန်းသို့ပေးပို့ပေးနိုင်မည့် လက်နက်ခဲယမ်းမီးကျည်များ မရှိတော့ကြောင်း ပြောခဲ့သည်။

ပင်တဂွန်တာဝန်ရှိသူဆာဘရီနာဆင်းဂျ် က "ကျွန်မတို့ရင်ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာကတော့ ကိုယ်ပိုင် သိုလှောင်မှုတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ ငွေကြေးအလုံအလောက်မရှိတာပါပဲ။ ဒါကြောင့် ယူကရိန်းလိုအပ်တဲ့ အရာတွေကို ကျွန်မတို့ဆက်လက်ကူညီပံ့ပိုးပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ကျွန်မတို့ရဲ့ လက်နက်တွေ၊ စွမ်းရည် တွေ၊ စနစ်တွေကို သိုလှောင်မှုတွေထဲကနေ ထုတ်ပြီး ယူကရိန်းကိုပေးပို့နေတာဖြစ်တဲ့အတွက် ပြန်လည်ဖြည့်တင်း မှုတွေ မလုပ်ဆောင်နိုင်ဘူးဆိုရင် ကျွန်မတို့ရဲ့အသင့်အနေအထားနဲ့ပြင်ဆင်မှုတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ယူကရိန္းကို ေနာက္ထပ္အကူအညီမ်ား ေပးပို႔ေပးမည္ဆိုသည့္ ကတိမ်ားမေပးႏိုင္ေၾကာင္း အေမရိကန္အစိုးရ ထုတ္ေဖာ္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၈

အေမရိကန္လႊတ္ေတာ္ထံမွ အတည္ျပဳခ်က္မ်ား မရရွိမခ်င္း ယူကရိန္းအစိုးရသည္ အေမရိကန္ႏိုင္ငံထံမွ ေနာက္ထပ္ရန္ပုံေငြမ်ားကို မေမွ်ာ္လင့္သင့္ေၾကာင္း အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က ထုတ္ေဖာ္ေျပာခဲ့သည္။

ဒီဇင္ဘာလ(၆)ရက္တြင္ အေမရိကန္အထက္လႊတ္ေတာ္သည္ ယူကရိန္းသို႔ အကူအညီအျဖစ္ အေမရိကန္ေဒၚလာ (၆ဝ) ဘီလ်ံေက်ာ္ ခြဲေဝေပးမည့္ အေမရိကန္ေဒၚလာ(၁၁၁)ဘီလ်ံ အသုံးစရိတ္ဥပေဒမူၾကမ္းကို အတည္ျပဳေပးရန္ ျငင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါအသုံးစရိတ္ဥပေဒမူၾကမ္းကို အတည္မျပဳေပးျခင္းသည္ အေမရိကန္၏ ေခါင္းေဆာင္မႈပိုင္းႏွင့္ ဂုဏ္သိကၡာ တို႔ကို ထိခိုက္ေစႏိုင္ေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ေျပာဆိုခဲ့ေသာ္လည္း အထက္လႊတ္ေတာ္က ယခုကဲ့သို႔ ျငင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဂြၽန္ကာဘိုင္ က "ယူကရိန္းကို ကတိေပးႏိုင္မယ့္အေနအထားမ်ိဳးမွာ ကြၽန္ေတာ္တို႔ မရွိပါဘူး" ဟု ေျပာခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ ယူကရိန္းသို႔ ေနာက္ထပ္ရန္ပုံေငြမ်ား ပံ့ပိုးေပးျခင္းႏွင့္ပတ္သက္ၿပီး အာခံခ်က္မ်ား ရွိ/မရွိ ဆိုသည့္ေမးခြန္း ေမးခံရခ်ိန္တြင္ ဂြၽန္ကာဘိုင္က ယခုကဲ့သို႔ တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

႐ုရွားက ယူကရိန္းအေပၚ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား စတင္လုပ္ေဆာင္ခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းကတည္းက အေမရိကန္လႊတ္ေတာ္သည္ ယူကရိန္းသို႔ အကူအညီမ်ားေပးပို႔ရန္အတြက္ အေမရိကန္ ေဒၚလာ(၁၂ဝ)ဘီလ်ံေက်ာ္ အတည္ျပဳေပးခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါ အကူအညီမ်ားထဲတြင္ ယူကရိန္း အစိုးရအတြက္ ေငြသားေပးမႈမ်ားအျပင္ အေမရိကန္ေဒၚလာ(၄၄)ဘီလ်ံ တန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ား၊ ခဲယမ္း မီးက်ည္မ်ား ႏွင့္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္၏ သိုေလွာင္မႈမ်ားထဲမွ စစ္လက္နက္ပစၥည္းမ်ားလည္း ပါဝင္ ေၾကာင္း သိရသည္။

အေမရိကန္ေအာက္လႊတ္ေတာ္တြင္ ဥကၠ႒သစ္ကို ေ႐ြးခ်ယ္ရန္အတြက္ ႀကိဳးပမ္းေနခ်ိန္အတြင္း ၿပီးခဲ့သည့္ ေအာက္တိုဘာလလယ္တြင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ေနာက္ထပ္ရန္ပုံေငြ အေမရိကန္ေဒၚလာ (၆ဝ) ဘီလ်ံေက်ာ္ကို ေတာင္းခံခဲ့ေၾကာင္းလည္း သိရသည္။
သို႔ေသာ္လည္း အေမရိကန္အစိုးရသည္ အဆိုပါေတာင္းဆိုမႈကို အစၥေရး၊ ထိုင္ဝမ္ ႏွင့္ အေမရိကန္-မကၠဆီကို နယ္စပ္သို႔ အကူအညီမ်ားေပးမည့္အစီအစဥ္တစ္ခုအျဖစ္ ေ႐ြးခ်ယ္ခဲ့ေၾကာင္းလည္း သိရသည္။ ရန္ပုံေငြ ခြဲေဝမႈ ကိစၥမ်ားႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားၾကားတြင္ သေဘာထားကြဲလြဲမႈမ်ားရွိလာခဲ့သလို အေမရိကန္ကာကြယ္ေရးဌာနကလည္း ၎တို႔တြင္ ယူကရိန္းသို႔ေပးပို႔ေပးႏိုင္မည့္ လက္နက္ခဲယမ္းမီးက်ည္မ်ား မရွိေတာ့ေၾကာင္း ေျပာခဲ့သည္။

ပင္တဂြန္တာဝန္ရွိသူဆာဘရီနာဆင္းဂ်္ က "ကြၽန္မတို႔ရင္ဆိုင္ေနရတဲ့အႀကီးမားဆုံးျပႆနာကေတာ့ ကိုယ္ပိုင္ သိုေလွာင္မႈေတြကို ျပန္လည္ျဖည့္တင္းႏိုင္ဖို႔ ေငြေၾကးအလုံအေလာက္မရွိတာပါပဲ။ ဒါေၾကာင့္ ယူကရိန္းလိုအပ္တဲ့ အရာေတြကို ကြၽန္မတို႔ဆက္လက္ကူညီပံ့ပိုးေပးႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ ကြၽန္မတို႔ရဲ႕ လက္နက္ေတြ၊ စြမ္းရည္ ေတြ၊ စနစ္ေတြကို သိုေလွာင္မႈေတြထဲကေန ထုတ္ၿပီး ယူကရိန္းကိုေပးပို႔ေနတာျဖစ္တဲ့အတြက္ ျပန္လည္ျဖည့္တင္း မႈေတြ မလုပ္ေဆာင္ႏိုင္ဘူးဆိုရင္ ကြၽန္မတို႔ရဲ႕အသင့္အေနအထားနဲ႔ျပင္ဆင္မႈေတြအေပၚ အက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.