ပြင်ဦးလွင်ကို ကော်ဖီမြို့တော်အဖြစ် နာမည်တွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

 1388

Pearl (NP News) - ဒီဇင်ဘာ ၁ဝ

ပြင်ဦးလွင်ကို ကော်ဖီမြို့တော်အဖြစ် နာမည်တွင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

၎င်းက ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်) တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှု နှင့် ဒေသထုတ်ကုန် များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆွေးနွေးစဉ် အထက်ပါကဲ့သို့ တိုက်တွန်းပြောခဲ့ခြင်းဖြစ်သည်။


ပြင်ဦးလွင်ဒေသကို ကော်ဖီဒေသဖြစ်ရေးအတွက် ယခင်ကတည်းကပင် ကော်ဖီလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်းမြေနေရာများ ဖော်ဆောင်ပေးခဲ့သော်လည်း မြေနေရာရယူထားသူများအနက် အမှန်တကယ်အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမရှိသူများလည်း ရှိကြောင်း သိရသည်။

ယခင်ကာလများ၌ ကော်ဖီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ကော်ဖီလုပ်ငန်းကို အားပေးဆောင်ရွက်မှုအားနည်းခဲ့သောကြောင့် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်ခြင်းမရခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော် ပြောခဲ့သည်။

ကော်ဖီစိုက်ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်သည့်အပြင် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် နှင့် ပြင်ဦးလွင် မြို့အား ကော်ဖီမြို့တော်ဖြစ်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းထားသည်။

ပြင်ဦးလွင်မြို့ကို အပန်းဖြေဒေသအဖြစ် ချယ်ရီမြို့တော်၊ ပန်းမြို့တော်စသည်ဖြင့် နာမည်ခေါ်တွင်သကဲ့သို့ စီးပွားရေး နှင့် ဂုဏ်ယူသင့်သည့် ဒေသထွက်ကုန်အရ ကော်ဖီမြို့တော်အဖြစ် နာမည်တွင်နိုင်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌက ဆက်လက် တိုက်တွန်းထားသည်။


လက်ရှိတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုဒေသ၊ ရွာငံဒေသ နှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသ၊ ချင်းပြည် နယ် နှင့် ပဲခူးတိုင်း၊ သံတောင်ကြီးဒေသ၊ ပအိုဝ်းဒေသတို့တွင် ကော်ဖီစိုက်ပျိုးလျက်ရှိပြီး လာမည့် ၂ဝ၂၄ ခုနှစ်တွင် ကော်ဖီစိုက်ဧက ၂၈ဝဝဝ နီးပါး ထပ်မံတိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်သည် အမေရိကန် အပါအဝင် ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ် နှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

Zawgyi Version;
ျပင္ဦးလြင္ကို ေကာ္ဖီၿမိဳ႕ေတာ္အျဖစ္ နာမည္တြင္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္ နစကဥကၠ႒ တိုက္တြန္း
Pearl (NP News) - ဒီဇင္ဘာ ၁ဝ

ျပင္ဦးလြင္ကို ေကာ္ဖီၿမိဳ႕ေတာ္အျဖစ္ နာမည္တြင္ႏိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားသည္။

၎က ယမန္ေန႔ (ဒီဇင္ဘာလ ၉ ရက္) တြင္ မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕ရွိ ေကာ္ဖီလုပ္ငန္းရွင္မ်ားႏွင့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး(MSME)လုပ္ငန္းရွင္မ်ားအားေတြ႕ဆုံ၍ ေကာ္ဖီစိုက္ပ်ိဳးမႈ ႏွင့္ ေဒသထုတ္ကုန္ မ်ား တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရးေဆြးေႏြးစဥ္ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာခဲ့ျခင္းျဖစ္သည္။


ျပင္ဦးလြင္ေဒသကို ေကာ္ဖီေဒသျဖစ္ေရးအတြက္ ယခင္ကတည္းကပင္ ေကာ္ဖီလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ စီမံကိန္းေျမေနရာမ်ား ေဖာ္ေဆာင္ေပးခဲ့ေသာ္လည္း ေျမေနရာရယူထားသူမ်ားအနက္ အမွန္တကယ္အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ျခင္းမရွိသူမ်ားလည္း ရွိေၾကာင္း သိရသည္။

ယခင္ကာလမ်ား၌ ေကာ္ဖီစီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ေသာ္လည္း ေကာ္ဖီလုပ္ငန္းကို အားေပးေဆာင္႐ြက္မႈအားနည္းခဲ့ေသာေၾကာင့္ ေမွ်ာ္မွန္းထားသည့္အတိုင္း ေအာင္ျမင္ျခင္းမရခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထုတ္ေဖာ္ ေျပာခဲ့သည္။

ေကာ္ဖီစိုက္ပ်ိဳးေရးသည္ ျပင္ဦးလြင္ေဒသႏွင့္ ကိုက္ညီမႈရွိၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေဒသစီးပြားေရးကို အေထာက္အကူျပဳသည့္ လုပ္ငန္းျဖစ္သည့္အျပင္ ယခုထက္ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရန္ ႏွင့္ ျပင္ဦးလြင္ ၿမိဳ႕အား ေကာ္ဖီၿမိဳ႕ေတာ္ျဖစ္ေရး ရည္မွန္းခ်က္ထား လုပ္ေဆာင္ရန္ ၎က တိုက္တြန္းထားသည္။

ျပင္ဦးလြင္ၿမိဳ႕ကို အပန္းေျဖေဒသအျဖစ္ ခ်ယ္ရီၿမိဳ႕ေတာ္၊ ပန္းၿမိဳ႕ေတာ္စသည္ျဖင့္ နာမည္ေခၚတြင္သကဲ့သို႔ စီးပြားေရး ႏွင့္ ဂုဏ္ယူသင့္သည့္ ေဒသထြက္ကုန္အရ ေကာ္ဖီၿမိဳ႕ေတာ္အျဖစ္ နာမည္တြင္ႏိုင္ေရးအတြက္လည္း ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ရန္ နစကဥကၠ႒က ဆက္လက္ တိုက္တြန္းထားသည္။


လက္ရွိတြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳေဒသ၊ ႐ြာငံေဒသ ႏွင့္ မႏၲေလးတိုင္း၊ ျပင္ဦးလြင္ေဒသ၊ ခ်င္းျပည္ နယ္ ႏွင့္ ပဲခူးတိုင္း၊ သံေတာင္ႀကီးေဒသ၊ ပအိုဝ္းေဒသတို႔တြင္ ေကာ္ဖီစိုက္ပ်ိဳးလ်က္ရွိၿပီး လာမည့္ ၂ဝ၂၄ ခုႏွစ္တြင္ ေကာ္ဖီစိုက္ဧက ၂၈ဝဝဝ နီးပါး ထပ္မံတိုးခ်ဲ႕စိုက္ပ်ိဳးရန္ လ်ာထားေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံ၌ ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္မႈ၏ ထက္ဝက္ခန႔္သည္ အေမရိကန္ အပါအဝင္ ဥေရာပ၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ထိုင္း၊ တ႐ုတ္ ႏွင့္ ထိုင္ဝမ္ႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်လ်က္ရွိသည္။

Related news

© 2021. All rights reserved.