မန်ယူအသင်းက အသင်းအဖွဲ့တစ်ခုအနေဖြင့် ကောင်းမွန်စွာလက်တွဲလုပ်ဆောင်နိုင်ခြင်းမျိုး မရှိသေးကြောင်း မန်ယူနည်းပြ ဝေဖန်

 1046

Pika (NP News) - ဒီဇင်ဘာ ၁ဝ

မန်ယူအသင်းကစားသမားများသည် အသင်းအဖွဲ့တစ်ခုအနေဖြင့် ကောင်းမွန်စွာလက်တွဲလုပ်ဆောင်နိုင်ခြင်းမျိုး မရှိသေးကြောင်း မန်ယူနည်းပြတန်ဟက်က ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် ဘုန်းမောက်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွင် (၃)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူနည်းပြတန်ဟက်က ယခုကဲ့သို့ ပြစ်တင်ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဒီဇင်ဘာလ(၇)ရက်က ချဲလ်ဆီးအသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွင် (၂)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဘုန်းမောက်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမျိုး မရှိဘဲ (၃)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မန်ယူအသင်းသည် နိုင်ပွဲများ ဆက်တိုက်ရရှိအောင် ယှဉ်ပြိုင်ရန်အတွက် လုံလုံလောက်လောက် ကောင်းမွန်မှု ရှိ/မရှိဆိုသည့်မေးခွန်းကို နည်းပြတန်ဟက်က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။

တန်ဟက် က "ကျွန်တော်တို့ဟာ အသင်းအဖွဲ့တစ်ခုအနေနဲ့ ကောင်းမွန်စွာ လက်တွဲလုပ်ဆောင်နိုင်တာမျိုး မရှိသေး ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ပိုမိုကောင်းမွန်တိုးတက်ဖို့အတွက် အသင်းအဖွဲ့တစ်ခုအနေနဲ့ အကောင်းဆုံးကြိုးစားရပါမယ်။ အဖွဲ့တစ်ဖွဲ့အနေနဲ့ ကျွန်တော်တို့ ပိုမိုတိုးတက်အောင်၊ ပိုပြီးခံနိုင်ရည်ရှိအောင်၊ အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် လုပ်ရပါမယ်။ အကောင်းဆုံးခြေစွမ်း၊ ကစားနိုင်စွမ်းတွေနဲ့ မကစားဘူးဆိုရင် ဒီလိဂ်မှာ ကစားဖို့မဖြစ်နိုင်ဘူးလို့ ကျွန်တော်အရင်ကတည်းက ပြောခဲ့ပါတယ်" ဟု ပြောခဲ့သည်။

မန်ယူအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၆)ပွဲ ကစားထားပြီး (၉)ပွဲနိုင် (၇)ပွဲရှုံးကာ ရမှတ် (၂၇)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၆)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
မန္ယူအသင္းက အသင္းအဖြဲ႕တစ္ခုအေနျဖင့္ ေကာင္းမြန္စြာလက္တြဲလုပ္ေဆာင္ႏိုင္ျခင္းမ်ိဳး မရွိေသးေၾကာင္း မန္ယူနည္းျပ ေဝဖန္
Pika (NP News) - ဒီဇင္ဘာ ၁ဝ

မန္ယူအသင္းကစားသမားမ်ားသည္ အသင္းအဖြဲ႕တစ္ခုအေနျဖင့္ ေကာင္းမြန္စြာလက္တြဲလုပ္ေဆာင္ႏိုင္ျခင္းမ်ိဳး မရွိေသးေၾကာင္း မန္ယူနည္းျပတန္ဟက္က ျပစ္တင္ေဝဖန္ေျပာဆိုခဲ့သည္။

မန္ယူအသင္းသည္ ဘုန္းေမာက္အသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္တြင္ (၃)ဂိုးျပတ္ျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ မန္ယူနည္းျပတန္ဟက္က ယခုကဲ့သို႔ ျပစ္တင္ေဝဖန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

မန္ယူအသင္းသည္ ဒီဇင္ဘာလ(၇)ရက္က ခ်ဲလ္ဆီးအသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္တြင္ (၂)ဂိုး-(၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ေသာ္လည္း ဘုန္းေမာက္အသင္းႏွင့္ ကစားခဲ့သည့္ပြဲတြင္ ေျခစြမ္းျပကစားႏိုင္ခဲ့ျခင္းမ်ိဳး မရွိဘဲ (၃)ဂိုးျပတ္ျဖင့္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ မန္ယူအသင္းသည္ ႏိုင္ပြဲမ်ား ဆက္တိုက္ရရွိေအာင္ ယွဥ္ၿပိဳင္ရန္အတြက္ လုံလုံေလာက္ေလာက္ ေကာင္းမြန္မႈ ရွိ/မရွိဆိုသည့္ေမးခြန္းကို နည္းျပတန္ဟက္က ျပန္လည္တုံ႔ျပန္ေျဖဆိုခဲ့ေၾကာင္းလည္း သိရသည္။

တန္ဟက္ က "ကြၽန္ေတာ္တို႔ဟာ အသင္းအဖြဲ႕တစ္ခုအေနနဲ႔ ေကာင္းမြန္စြာ လက္တြဲလုပ္ေဆာင္ႏိုင္တာမ်ိဳး မရွိေသး ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ပိုမိုေကာင္းမြန္တိုးတက္ဖို႔အတြက္ အသင္းအဖြဲ႕တစ္ခုအေနနဲ႔ အေကာင္းဆုံးႀကိဳးစားရပါမယ္။ အဖြဲ႕တစ္ဖြဲ႕အေနနဲ႔ ကြၽန္ေတာ္တို႔ ပိုမိုတိုးတက္ေအာင္၊ ပိုၿပီးခံႏိုင္ရည္ရွိေအာင္၊ အၿမဲတမ္း အဆင္သင့္ျဖစ္ေနေအာင္ လုပ္ရပါမယ္။ အေကာင္းဆုံးေျခစြမ္း၊ ကစားႏိုင္စြမ္းေတြနဲ႔ မကစားဘူးဆိုရင္ ဒီလိဂ္မွာ ကစားဖို႔မျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္အရင္ကတည္းက ေျပာခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

မန္ယူအသင္းသည္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၁၆)ပြဲ ကစားထားၿပီး (၉)ပြဲႏိုင္ (၇)ပြဲရႈံးကာ ရမွတ္ (၂၇)မွတ္ျဖင့္ အမွတ္ေပးဇယားတြင္ အဆင့္(၆)ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.