မန်ယူအသင်း ဘိုင်ယန်ကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်သာမက ယူရိုပါလိဂ် ကပါ ထွက်ခွာခဲ့ရ

 1591

ရဲပြည့် - (NP News) - ဒီဇင်ဘာလ ၁၃

မန်ယူအသင်းဟာ ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက ကစားခဲ့တဲ့ ချန်ပီယံအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူနစ် အသင်းကို (၁)ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ပွဲစဥ်သာမက ယူရိုပါလိဂ်ပွဲစဥ်ကိုပါ ကစားခွင့်မရှိတော့ဘဲ ထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဘိုင်ယန်ကို မဖြစ်မနေ ဂိုးပြတ် အနိုင်ရခဲ့ရှိဖို့ လိုအပ်ခဲ့ပေမယ့် အိမ်ကွင်းမှာ ဟယ်ရီကိန်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် အုပ်စုနောက်ဆုံးမှာ ရမှတ် ၄ မှတ်သာရရှိခဲ့တာကြောင့် ယူရိုပါလိဂ် ကန်ခွင့် ကိုပါ ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကိုဗင်ဟေကင်အသင်းက ဂလက်စာရေးအသင်းကို အနိုင်ကစားခဲ့တာကြောင့် မန်ယူအသင်း ဘိုင်ယန်ကို နိုင်ခဲ့ရင်တောင် အုပ်စုကနေထွက်ရဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။

နည်းပြဖြစ်သူ အဲရစ်တန်းဟတ်ခ်ကတော့ မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ကနေ မထွက်သင့်သလို ဘိုင်ယန် မြူးနစ်အသင်းကိုလည်း မရှုံးနိမ့်သင့်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။

"ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ပုံစံကောင်းအချို့ ပြသထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်းဒီလိုပုံစံတွေ ပြထားပါတယ်။ နောက်နှစ် ချန်ပီယံလိဂ်မှာ ပြန်လည်ပါဝင်ချင်ပါတယ်။ ဘိုင်ယန်ကို မရှုံးခဲ့သင့်သလို ကောင်းမွန်တဲ့ ကစားပုံရှိခဲ့ပေမယ့် အမှားအယွင်းတွေလုပ်ခဲ့ကြပါတယ်။ ဒီအတွက် နည်းပြတစ်ယောက်အနေနဲ့ရော အသင်းအနေ နဲ့ရော စိတ်ပျက်ရပါတယ် " လို့ ၎င်းက ပြောခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်း အခုလိုရှုံးနိမ့်ခဲ့တာကြောင့် အဲရစ်တန်းဟတ်အနေနဲ့လည်း နည်းပြရာထူးကနေ ဖယ်ရှားခံရဖို့ အလားလာရှိနေပြီး ပရိသတ်တွေအနေနဲ့လည်း လက်ရှိရှုံးပွဲတွေအတွက် စိတ်ဆိုးဒေါသထွက်နေကြတာဖြစ်ပါ တယ်။

မန်ယူအသင်းဟာ ဒီရာသီချန်ယံလိဂ်အုပ်စုပွဲစဉ်တွေမှာ ပေးဂိုး(၁၅)ဂိုးအထိ ခွင့်ပြုပေးရတာဖြစ်ပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်အတွင်း ပေးဂိုး(၁၅)ဂိုးအထိပေးခဲ့ရတဲ့ ပထမဆုံးအင်္ဂလန်အသင်းဖြစ်လာခဲ့ပါတယ်။

လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)မှာလည်း မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ရှိနေပြီး အဆိုပါပွဲစဉ်ကိုပါ ရှုံးနိမ့်ခဲ့ပါက အဲရစ်တန်းဟတ်ခ်အနေရဲ့နည်းပြ ရာထူးဟာ ပိုပြီး စိုးရိမ်စရာအနေအထားမှာရှိနေပါတယ်။

Zawgyi Version;
မန္ယူအသင္း ဘိုင္ယန္ကို ရႈံးနိမ့္ၿပီးေနာက္ ခ်န္ပီယံလိဂ္သာမက ယူ႐ိုပါလိဂ္ ကပါ ထြက္ခြာခဲ့ရ
ရဲျပည့္ - (NP News) - ဒီဇင္ဘာလ ၁၃

မန္ယူအသင္းဟာ ဒီဇင္ဘာလ ၁၂ ရက္ ညပိုင္းက ကစားခဲ့တဲ့ ခ်န္ပီယံအုပ္စုေနာက္ဆုံးပြဲစဥ္မွာ ဘိုင္ယန္ျမဴနစ္ အသင္းကို (၁)ဂိုး နဲ႔ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ခ်န္ပီယံလိဂ္ပြဲစဥ္သာမက ယူ႐ိုပါလိဂ္ပြဲစဥ္ကိုပါ ကစားခြင့္မရွိေတာ့ဘဲ ထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္။

မန္ယူအသင္းဟာ ဘိုင္ယန္ကို မျဖစ္မေန ဂိုးျပတ္ အႏိုင္ရခဲ့ရွိဖို႔ လိုအပ္ခဲ့ေပမယ့္ အိမ္ကြင္းမွာ ဟယ္ရီကိန္းရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးေၾကာင့္ အုပ္စုေနာက္ဆုံးမွာ ရမွတ္ ၄ မွတ္သာရရွိခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္ ကန္ခြင့္ ကိုပါ ဆုံးရႈံးသြားခဲ့ရတာျဖစ္ပါတယ္။

တစ္ဖက္မွာလည္း ကိုဗင္ေဟကင္အသင္းက ဂလက္စာေရးအသင္းကို အႏိုင္ကစားခဲ့တာေၾကာင့္ မန္ယူအသင္း ဘိုင္ယန္ကို ႏိုင္ခဲ့ရင္ေတာင္ အုပ္စုကေနထြက္ရဖို႔ ရွိေနခဲ့တာျဖစ္ပါတယ္။

နည္းျပျဖစ္သူ အဲရစ္တန္းဟတ္ခ္ကေတာ့ မန္ယူအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ကေန မထြက္သင့္သလို ဘိုင္ယန္ ျမဴးနစ္အသင္းကိုလည္း မရႈံးနိမ့္သင့္ဘူးလို႔ ေျပာထားတာျဖစ္ပါတယ္။

"ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္မွာ ပုံစံေကာင္းအခ်ိဳ႕ ျပသထားႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာလည္းဒီလိုပုံစံေတြ ျပထားပါတယ္။ ေနာက္ႏွစ္ ခ်န္ပီယံလိဂ္မွာ ျပန္လည္ပါဝင္ခ်င္ပါတယ္။ ဘိုင္ယန္ကို မရႈံးခဲ့သင့္သလို ေကာင္းမြန္တဲ့ ကစားပုံရွိခဲ့ေပမယ့္ အမွားအယြင္းေတြလုပ္ခဲ့ၾကပါတယ္။ ဒီအတြက္ နည္းျပတစ္ေယာက္အေနနဲ႔ေရာ အသင္းအေန နဲ႔ေရာ စိတ္ပ်က္ရပါတယ္ " လို႔ ၎က ေျပာခဲ့တာျဖစ္ပါတယ္။

မန္ယူအသင္း အခုလိုရႈံးနိမ့္ခဲ့တာေၾကာင့္ အဲရစ္တန္းဟတ္အေနနဲ႔လည္း နည္းျပရာထူးကေန ဖယ္ရွားခံရဖို႔ အလားလာရွိေနၿပီး ပရိသတ္ေတြအေနနဲ႔လည္း လက္ရွိရႈံးပြဲေတြအတြက္ စိတ္ဆိုးေဒါသထြက္ေနၾကတာျဖစ္ပါ တယ္။

မန္ယူအသင္းဟာ ဒီရာသီခ်န္ယံလိဂ္အုပ္စုပြဲစဥ္ေတြမွာ ေပးဂိုး(၁၅)ဂိုးအထိ ခြင့္ျပဳေပးရတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ သမိုင္းတစ္ေလွ်ာက္ အုပ္စုပြဲစဥ္အတြင္း ေပးဂိုး(၁၅)ဂိုးအထိေပးခဲ့ရတဲ့ ပထမဆုံးအဂၤလန္အသင္းျဖစ္လာခဲ့ပါတယ္။

လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္(၁၇)မွာလည္း မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လီဗာပူးလ္အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားရဖို႔ရွိေနၿပီး အဆိုပါပြဲစဥ္ကိုပါ ရႈံးနိမ့္ခဲ့ပါက အဲရစ္တန္းဟတ္ခ္အေနရဲ႕နည္းျပ ရာထူးဟာ ပိုၿပီး စိုးရိမ္စရာအေနအထားမွာရွိေနပါတယ္။

Related news

© 2021. All rights reserved.