ရုရှားစစ်တပ်က ကမ္ဘာ့အကြီးဆုံး နျူကလီးယားဒုံးကျည်ကို နိုင်ငံတောင်ပိုင်းကို ရွှေ့ပြောင်းပို့ဆောင်

 2636

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၈

ရုရှားတပ်ဖွဲ့ဟာ ကာလူဂါဒေသရှိ ကိုဇီစကီးဒေသကို Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ကို ရွှေ့ပြောင်း ချထားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အဆိုပါဒုံးကျည်ဟာ အရှည် ၂၃ မီတာရှိပြီး မတူညီတဲ့ ပစ်မှတ်မျိုးစုံကို နျူကလီးယားထိပ်ဖူးအမျိုးမျိုးနဲ့ ပစ်ခတ်နိုင်စွမ်းရှိနေကြောင်း သိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ဟာ လောင်ချပစ်စင်နေရာကို ရွှေ့ပြောင်းခဲ့တယ်" လို့ ပြောပါတယ်။

အဆိုပါဒုံးကျည်ဟာ ရုရှားနိုင်ငံရဲ့မဟာဗျူဟာမြောက်ဒုံးကျည်တွေထဲမှာ ပါဝင်နေပြီး ကမ္ဘာအကြီးဆုံး နျူကလီးယားလက်နက်ဖြစ်ကြောင်း သိရပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပေါင်း နျူကလီးယားလက်နက်ပိုင်ဆိုင်မှု ဟာ တစ်ကမ္ဘာလုံးရှိ နျူကလီးယားလက်နက်အားလုံးရဲ့ ၉ဝ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားဒုံးကျည်ထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီး နျူကလီးယားထိပ်ဖူး ပေါင်း ၅၈၈၉ ခု ပိုင်ဆိုင်ထားကာ အမေရိကန်က နျူကလီးယားထိပ်ဖူးအရေအတွက် ၅၂၄၄ ခု ပိုင်ဆိုင်ထားကြောင်း Federation of American Scientists က ပြောပါတယ်။ ရုရှား နဲ့ အမေရိကန်တို့ဟာ လက်ရှိအချိန်မှာ နျူကလီးယားထိပ်ဖူးပေါင်း ၁၆၇ဝ ကို ဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းကတည်းက တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး နျူကလီးယားလက်နက်များ အပြိုင်အဆိုင်ပိုင်ဆိုင်ဖို့ ကြိုးပမ်းလာနေကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားစစ္တပ္က ကမာၻ႔အႀကီးဆုံး န်ဴကလီးယားဒုံးက်ည္ကို ႏိုင္ငံေတာင္ပိုင္းကို ေ႐ႊ႕ေျပာင္းပို႔ေဆာင္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၈

႐ုရွားတပ္ဖြဲ႕ဟာ ကာလူဂါေဒသရွိ ကိုဇီစကီးေဒသကို Yars တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ကို ေ႐ႊ႕ေျပာင္း ခ်ထားခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။ အဆိုပါဒုံးက်ည္ဟာ အရွည္ ၂၃ မီတာရွိၿပီး မတူညီတဲ့ ပစ္မွတ္မ်ိဳးစုံကို န်ဴကလီးယားထိပ္ဖူးအမ်ိဳးမ်ိဳးနဲ႔ ပစ္ခတ္ႏိုင္စြမ္းရွိေနေၾကာင္း သိရပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက "Yars တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ဟာ ေလာင္ခ်ပစ္စင္ေနရာကို ေ႐ႊ႕ေျပာင္းခဲ့တယ္" လို႔ ေျပာပါတယ္။

အဆိုပါဒုံးက်ည္ဟာ ႐ုရွားႏိုင္ငံရဲ႕မဟာဗ်ဴဟာေျမာက္ဒုံးက်ည္ေတြထဲမွာ ပါဝင္ေနၿပီး ကမာၻအႀကီးဆုံး န်ဴကလီးယားလက္နက္ျဖစ္ေၾကာင္း သိရပါတယ္။ ႐ုရွားနဲ႔ အေမရိကန္တို႔ဟာ ကမာၻ႔ႏိုင္ငံေတြထဲမွာ န်ဴကလီးယားလက္နက္အမ်ားဆုံးပိုင္ဆိုင္ထားတဲ့ႏိုင္ငံျဖစ္ၿပီး ႏွစ္ႏိုင္ငံေပါင္း န်ဴကလီးယားလက္နက္ပိုင္ဆိုင္မႈ ဟာ တစ္ကမာၻလုံးရွိ န်ဴကလီးယားလက္နက္အားလုံးရဲ႕ ၉ဝ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရပါတယ္။

႐ုရွားဟာ ကမာၻေပၚမွာ န်ဴကလီးယားဒုံးက်ည္ထိပ္ဖူး အမ်ားဆုံးပိုင္ဆိုင္ထားတဲ့ႏိုင္ငံျဖစ္ၿပီး န်ဴကလီးယားထိပ္ဖူး ေပါင္း ၅၈၈၉ ခု ပိုင္ဆိုင္ထားကာ အေမရိကန္က န်ဴကလီးယားထိပ္ဖူးအေရအတြက္ ၅၂၄၄ ခု ပိုင္ဆိုင္ထားေၾကာင္း Federation of American Scientists က ေျပာပါတယ္။ ႐ုရွား နဲ႔ အေမရိကန္တို႔ဟာ လက္ရွိအခ်ိန္မွာ န်ဴကလီးယားထိပ္ဖူးေပါင္း ၁၆၇ဝ ကို ျဖန႔္ၾကတ္ခ်ထားေၾကာင္း သိရပါတယ္။

႐ုရွားနဲ႔ အေမရိကန္တို႔ဟာ ယူကရိန္းစစ္ပြဲစတင္ခဲ့ၿပီး ေနာက္ပိုင္းကတည္းက တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ၿပီး န်ဴကလီးယားလက္နက္မ်ား အၿပိဳင္အဆိုင္ပိုင္ဆိုင္ဖို႔ ႀကိဳးပမ္းလာေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.