လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် ဝန်ကြီးဌာန(၁၅)ခုမှ ပြခန်းပေါင်း (၆၀)ကျော် ခင်းကျင်းပြသမည်

933
စော(NP News) - ဒီဇင်ဘာ ၁၈
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ(B)တွင် ကျင်းပမည့် လူငယ်နှင့် စာပေအနုပညာပွဲတော်တွင် ဝန်ကြီးဌာန (၁၅)ခုမှ ပြခန်းပေါင်း (၆၀)ကျော်ဖြင့် ခင်းကျင်းပြသမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အဆိုပါပွဲတော်တွင် ဝန်ကြီးဌာန (၁၅)ခုမှ ပြခန်းပေါင်း (၆၂)ခန်းဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများလည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် တိုင်းရင်းသားရိုးရာအစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များလည်း စီစဉ်ထားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။
လူငယ်နှင့်စာပေအနုပညာပွဲတော်ကို လာမည့် ဒီဇင်ဘာလ ၂၀ ရက် မှ (၂၂)ရက်၊ နံနက် (၉)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
zawgyi version
လူငယ္ႏွင့္စာေပအႏုပညာပြဲေတာ္တြင္ ဝန္ႀကီးဌာန(၁၅)ခုမွ ျပခန္းေပါင္း (၆၀)ေက်ာ္ ခင္းက်င္းျပသမည္
ေစာ(NP News) - ဒီဇင္ဘာ ၁၈
ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိ မိုးလုံေလလုံအားကစား႐ုံ(B)တြင္ က်င္းပမည့္ လူငယ္ႏွင့္ စာေပအႏုပညာပြဲေတာ္တြင္ ဝန္ႀကီးဌာန (၁၅)ခုမွ ျပခန္းေပါင္း (၆၀)ေက်ာ္ျဖင့္ ခင္းက်င္းျပသမည္ျဖစ္ ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနထံမွ သိရသည္။
(၇၆)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ လူငယ္ႏွင့္စာေပအႏုပညာပြဲေတာ္ကို က်င္းပရျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
အဆိုပါပြဲေတာ္တြင္ ဝန္ႀကီးဌာန (၁၅)ခုမွ ျပခန္းေပါင္း (၆၂)ခန္းျဖင့္ ခင္းက်င္းျပသသြားမည္ျဖစ္ၿပီး ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား၊ အႏုပညာရွင္မ်ားႏွင့္ ေဆြးေႏြးပြဲမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းရင္းသား႐ိုးရာအစားအစာဆိုင္မ်ားႏွင့္ စာအုပ္အေရာင္းဆိုင္မ်ားလည္း စီစဥ္ထားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနကဆိုသည္။
လူငယ္ႏွင့္စာေပအႏုပညာပြဲေတာ္ကို လာမည့္ ဒီဇင္ဘာလ ၂၀ ရက္ မွ (၂၂)ရက္၊ နံနက္ (၉)နာရီခြဲမွ ညေန (၄)နာရီခြဲအထိ က်င္းပသြားမည္ျဖစ္ၿပီး မည္သူမဆို အခမဲ့ ဝင္ေရာက္ေလ့လာႏိုင္ေၾကာင္း သိရသည္။