ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများပေးဆောင်ရမည့်ဝင်ငွေခွန်အပေါ် သက်သာခွင့်ပေးမည်ဟု မြန်မာသံရုံးအသိပေး

 1066

သန့်ဇင်(NP News) - ဒီဇင်ဘာ ၂၁

ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် ဝင်ငွေခွန် သက်သာခွင့်များပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့(ဒီဇင်ဘာ လ ၂၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။

ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြီးခဲ့သော အောက်တို ဘာလ ၁ ရက်မှစတင်ကာ စုစုပေါင်းလစာငွေအပေါ် ဝင်ငွေခွန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် လစာဝင်ငွေအပေါ်မူတည်၍ ဝင်ငွေခွန်များ ကောက်ခံသွားမည်ဖြစ် ကြောင်း မြန်မာသံရုံးကဆိုသည်။

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအတွက် တစ်လပျမ်းမျှဝင်ငွေအား ယန်း (၂)သိန်းနှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း(၄၀၀၀)သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သတ်မှတ်ထားသည့် ယန်း(၄၀၀၀)အနက် သက်သာခွင့်အဖြစ် ယန်း(၂၀၀၀)သတ်မှတ်ပေးထားပြီး လစဉ်ဝင်ငွေခွန်အဖြစ် ယန်း(၂၀၀၀)သာ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ကြေညာထားသည်။

ထို့ပြင် တစ်လပျမ်းမျှဝင်ငွေ ယန်း(၂)သိန်းအောက်လျော့နည်းရရှိသူများအနေဖြင့် အထောက်အထားခိုင်လုံစွာဖြင့်တင်ပြပါက တစ်လ ပျမ်းမျှဝင်ငွေအား ယန်း (၁)သိန်းခွဲသတ်မှတ်ပြီး လစဉ်ဝင်ငွေခွန်အဖြစ် ယန်း(၁၀၀၀)သာ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက အသိ‌ပေးထားသည်။

အခွန်ထမ်းနိုင်ငံသားများအနေဖြင့် သတ်မှတ်ကာလတစ်ခုအတွင်း သံရုံး၌ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ အထောက်ထား လက်မှတ်ထုတ်ပေးရန် လျှောက်ထားလာပါက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိမြန်မာသံရုံးက ထောက်ခံစာထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

zawgyi version
ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားေပးေဆာင္ရမည့္ဝင္ေငြခြန္အေပၚ သက္သာခြင့္ေပးမည္ဟု ျမန္မာသံ႐ုံးအသိေပး
သန႔္ဇင္(NP News) - ဒီဇင္ဘာ ၂၁

ဂ်ပန္ႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားအတြက္ ဝင္ေငြခြန္ သက္သာခြင့္မ်ားေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးက အသိေပးထားသည္။

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔(ဒီဇင္ဘာ လ ၂၁ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာလိုက္ျခင္းျဖစ္သည္။

ျပည္ပတြင္သြားေရာက္ အလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ၿပီးခဲ့ေသာ ေအာက္တို ဘာလ ၁ ရက္မွစတင္ကာ စုစုေပါင္းလစာေငြအေပၚ ဝင္ေငြခြန္ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခဲ့ၿပီး ျဖစ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဂ်ပန္ႏိုင္ငံတြင္ ေရာက္ရွိအလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ လစာဝင္ေငြအေပၚမူတည္၍ ဝင္ေငြခြန္မ်ား ေကာက္ခံသြားမည္ျဖစ္ ေၾကာင္း ျမန္မာသံ႐ုံးကဆိုသည္။

ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအတြက္ တစ္လပ်မ္းမွ်ဝင္ေငြအား ယန္း (၂)သိန္းႏႈန္းသတ္မွတ္ၿပီး ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္းအရ ယန္း(၄၀၀၀)သတ္မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ သတ္မွတ္ထားသည့္ ယန္း(၄၀၀၀)အနက္ သက္သာခြင့္အျဖစ္ ယန္း(၂၀၀၀)သတ္မွတ္ေပးထားၿပီး လစဥ္ဝင္ေငြခြန္အျဖစ္ ယန္း(၂၀၀၀)သာ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးက ေၾကညာထားသည္။

ထို႔ျပင္ တစ္လပ်မ္းမွ်ဝင္ေငြ ယန္း(၂)သိန္းေအာက္ေလ်ာ့နည္းရရွိသူမ်ားအေနျဖင့္ အေထာက္အထားခိုင္လုံစြာျဖင့္တင္ျပပါက တစ္လ ပ်မ္းမွ်ဝင္ေငြအား ယန္း (၁)သိန္းခြဲသတ္မွတ္ၿပီး လစဥ္ဝင္ေငြခြန္အျဖစ္ ယန္း(၁၀၀၀)သာ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးက အသိ‌ေပးထားသည္။

အခြန္ထမ္းႏိုင္ငံသားမ်ားအေနျဖင့္ သတ္မွတ္ကာလတစ္ခုအတြင္း သံ႐ုံး၌ေပးေဆာင္ခဲ့သည့္ ဝင္ေငြခြန္ေပးေဆာင္မႈဆိုင္ရာ အေထာက္ထား လက္မွတ္ထုတ္ေပးရန္ ေလွ်ာက္ထားလာပါက ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိျမန္မာသံ႐ုံးက ေထာက္ခံစာထုတ္ေပးသြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.