အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲ အနည်းဆုံး ၁ဝ ကြိမ် လုပ်ဆောင်လိုကြောင်း ဒေါ်နယ်ထရမ့်ပြော

587

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၄
လာမယ့်နှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် သမ္မတဟောင်းဒေါ်နယ်ထရမ့်က လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကို စကားစစ်ထိုးပွဲ ၁ဝ ကြိမ် လုပ်ဆောင်ဖို့ စိန်ခေါ်လိုက်ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က ၎င်းနဲ့ ဂျိုးဘိုင်ဒန်တို့ဟာ ပါတီကိုယ်စားပြုသမ္မတလောင်းတွေအဖြစ်ရွေးချယ်ခံရမယ်ဆိုရင် နှစ်ဦးသား အကြိတ်အနယ်ပြုလုပ်ရမယ့် စကားစစ်ထိုးပွဲတွေလုပ်ဆောင်သွားလိုကြောင်း ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်သာ အခွင့်အရေးကောင်းတွေ ရရှိမယ်ဆိုရင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲတွေ လုပ်ဆောင်လိုတယ်။ ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲအနည်းဆုံး ၁ဝ ကြိမ်လောက် လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စကားစစ်ထိုးပွဲတွေကို ကြီးကြပ်ရတဲ့ကော်မရှင်အနေနဲ့လည်းကျွန်တော်နဲ့ ဂျိုးဘိုင်ဒန်တို့ပြုလုပ်မယ့်စကားစစ်ထိုးပွဲကို အကျင့်ပျက်လာဘ်စားမှု၊ ဘက်လိုက်မှုမရှိဘဲ စီစဉ်ပေးစေလိုတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စကားစစ်ထိုးပွဲတွေကို စီစဉ်ကြီးကြပ်ရတဲ့အဖွဲ့က ဂျိုးဘိုင်ဒန် နဲ့ စကားစစ်ထိုးပွဲ ပြုလုပ်ဖို့ စီစဉ်ပေးမယ်ဆိုရင် အကြိမ် ၂ဝ စကားစစ်ထိုးရမယ်ဆိုလည်း လက်ခံမှာဖြစ် ကြောင်း၊ ၎င်းအနေနဲ့ ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲပြုလုပ်မယ့်အစီအစဉ်တွေကို ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ကြောင်း ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ အလားအလာများနေကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာလည်း အသက် ၈ဝ ကျော်အရွယ်ရှိပေမယ့် ဒေါ်နယ်ထရမ့်ကိုတားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ စကားစစ္ထိုးပြဲ အနည္းဆုံး ၁ဝ ႀကိမ္ လုပ္ေဆာင္လိုေၾကာင္း ေဒၚနယ္ထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၄
လာမယ့္ႏွစ္မွာ က်င္းပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္မယ့္ သမၼတေဟာင္းေဒၚနယ္ထရမ့္က လက္ရွိသမၼတဂ်ိဳးဘိုင္ဒန္ကို စကားစစ္ထိုးပြဲ ၁ဝ ႀကိမ္ လုပ္ေဆာင္ဖို႔ စိန္ေခၚလိုက္ေၾကာင္း သိရပါတယ္။
ေဒၚနယ္ထရမ့္က ၎နဲ႔ ဂ်ိဳးဘိုင္ဒန္တို႔ဟာ ပါတီကိုယ္စားျပဳသမၼတေလာင္းေတြအျဖစ္ေ႐ြးခ်ယ္ခံရမယ္ဆိုရင္ ႏွစ္ဦးသား အႀကိတ္အနယ္ျပဳလုပ္ရမယ့္ စကားစစ္ထိုးပြဲေတြလုပ္ေဆာင္သြားလိုေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္သာ အခြင့္အေရးေကာင္းေတြ ရရွိမယ္ဆိုရင္ လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ စကားစစ္ထိုးပြဲေတြ လုပ္ေဆာင္လိုတယ္။ ဂ်ိဳးဘိုင္ဒန္နဲ႔ စကားစစ္ထိုးပြဲအနည္းဆုံး ၁ဝ ႀကိမ္ေလာက္ လုပ္ေဆာင္ဖို႔ ဆႏၵရွိပါတယ္။ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ စကားစစ္ထိုးပြဲေတြကို ႀကီးၾကပ္ရတဲ့ေကာ္မရွင္အေနနဲ႔လည္းကြၽန္ေတာ္နဲ႔ ဂ်ိဳးဘိုင္ဒန္တို႔ျပဳလုပ္မယ့္စကားစစ္ထိုးပြဲကို အက်င့္ပ်က္လာဘ္စားမႈ၊ ဘက္လိုက္မႈမရွိဘဲ စီစဥ္ေပးေစလိုတယ္" လို႔ ေျပာပါတယ္။
ဒါ့အျပင္ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ၎အေနနဲ႔ သမၼတေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ စကားစစ္ထိုးပြဲေတြကို စီစဥ္ႀကီးၾကပ္ရတဲ့အဖြဲ႕က ဂ်ိဳးဘိုင္ဒန္ နဲ႔ စကားစစ္ထိုးပြဲ ျပဳလုပ္ဖို႔ စီစဥ္ေပးမယ္ဆိုရင္ အႀကိမ္ ၂ဝ စကားစစ္ထိုးရမယ္ဆိုလည္း လက္ခံမွာျဖစ္ ေၾကာင္း၊ ၎အေနနဲ႔ ဂ်ိဳးဘိုင္ဒန္နဲ႔ စကားစစ္ထိုးပြဲျပဳလုပ္မယ့္အစီအစဥ္ေတြကို ဘယ္ေတာ့မွ ျငင္းပယ္မွာ မဟုတ္ေၾကာင္း ေျပာပါတယ္။
ေဒၚနယ္ထရမ့္ဟာ လက္ရွိအခ်ိန္မွာ ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳသမၼတေလာင္းအျဖစ္ပါဝင္ယွဥ္ၿပိဳင္ခြင့္ရဖို႔ အလားအလာမ်ားေနေၾကာင္း သိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာလည္း အသက္ ၈ဝ ေက်ာ္အ႐ြယ္ရွိေပမယ့္ ေဒၚနယ္ထရမ့္ကိုတားဆီးႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။