မြစ်ကြီးနားမြို့တွင် ကားနှင့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရ

 387

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကားနှင့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း ဧရာဝတီဂရုဏာ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာ ၂၄ ရက်)၊ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်က ကုန်းဘက်ကနေ တက်လာတဲ့အချိန် ကားကလည်း ပြည်သူ့ရင်ပြင်ဘက်က အလာမှာ မျက်နှာချင်း ဆိုင်တိုက်မိကြတာ” ဟု ဧရာဝတီဂရုဏာ အခမဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၅ဝ)နှစ်ဝန်းကျင်အရွယ်ရှိ ဆိုင်ကယ်ယာဉ်မောင်းအမျိုးသမီးတွင် ဝဲဘက် ခြေကျင်းဝတ်ကျိုးဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာနှင့် အခြားထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ပေါ်ကအမျိုးသမီးက ခြေကျင်းဝတ် ကျိုးတယ်။ နဖူးမှာလဲ နှစ်လက်မလောက်နစ်ဝင်သွားတဲ့ ဒဏ်ရာရှိ တယ်။ အခြားထိခိုက် ဒဏ်ရာတွေလဲ ရှိတယ်။ မြေပြင်အခြေအနေကတော့ စိုးရိမ်ရတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ဧရာဝတီဂရုဏာ အခမဲ့လူမှုကူညီရေးအသင်းမှ မြစ်ကြီးနား မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့(ဒီဇင်ဘာ ၂၃ ရက်)၊ ညနေ ၆ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရင်နောင် လမ်းပေါ်ရှိ၊ မြို့သစ်(၄)လမ်းထိပ်တွင် စက်ဘီး(၂)စီးအား နောက်မှ အိမ်စီးကားမှ ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း ပျူနှလုံးသားလူမှု ကူညီရေးအသင်းထံမှ သိရသည်။

Zawgyi Version;
ျမစ္ႀကီးနားၿမိဳ႕တြင္ ကားႏွင့္ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာျပင္းထန္ရ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၄

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ကားႏွင့္ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာ ျပင္းထန္စြာရရွိခဲ့ေၾကာင္း ဧရာဝတီဂ႐ုဏာ အခမဲ့လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ဒီဇင္ဘာ ၂၄ ရက္)၊ နံနက္ ၇ နာရီဝန္းက်င္အခ်ိန္ခန႔္က ျမစ္ႀကီးနားၿမိဳ႕၊ မင္းရပ္ရပ္ကြက္၊ ျပည္သူ႔ရင္ျပင္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုင္ကယ္က ကုန္းဘက္ကေန တက္လာတဲ့အခ်ိန္ ကားကလည္း ျပည္သူ႔ရင္ျပင္ဘက္က အလာမွာ မ်က္ႏွာခ်င္း ဆိုင္တိုက္မိၾကတာ” ဟု ဧရာဝတီဂ႐ုဏာ အခမဲ့လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္(၅ဝ)ႏွစ္ဝန္းက်င္အ႐ြယ္ရွိ ဆိုင္ကယ္ယာဥ္ေမာင္းအမ်ိဳးသမီးတြင္ ဝဲဘက္ ေျခက်င္းဝတ္က်ိဳးဒဏ္ရာ၊ နဖူးေပါက္ၿပဲဒဏ္ရာႏွင့္ အျခားထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ဆိုင္ကယ္ေပၚကအမ်ိဳးသမီးက ေျခက်င္းဝတ္ က်ိဳးတယ္။ နဖူးမွာလဲ ႏွစ္လက္မေလာက္နစ္ဝင္သြားတဲ့ ဒဏ္ရာရွိ တယ္။ အျခားထိခိုက္ ဒဏ္ရာေတြလဲ ရွိတယ္။ ေျမျပင္အေျခအေနကေတာ့ စိုးရိမ္ရတယ္” ဟု ၎က ဆက္လက္ ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသမီးအား ဧရာဝတီဂ႐ုဏာ အခမဲ့လူမႈကူညီေရးအသင္းမွ ျမစ္ႀကီးနား ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔(ဒီဇင္ဘာ ၂၃ ရက္)၊ ညေန ၆ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ ဘုရင္ေနာင္ လမ္းေပၚရွိ၊ ၿမိဳ႕သစ္(၄)လမ္းထိပ္တြင္ စက္ဘီး(၂)စီးအား ေနာက္မွ အိမ္စီးကားမွ ဝင္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသမီး (၃)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားရေၾကာင္း ပ်ဴႏွလုံးသားလူမႈ ကူညီေရးအသင္းထံမွ သိရသည္။

Related news

© 2021. All rights reserved.