နှစ်ပေါင်း ၅ဝ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ရာနဲ့ချီတဲ့ ခွေးတွေအကုန် မွေးစားခံရ

 2042

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၇

လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်ခန့်က အမေရိကန်ပြည်နယ်၊ ပန်ဆယ်ဗေးနီးယား၊ အဒမ်ကောင်တီရှိ SPCA တိရစ္ဆာန်ဂေဟာလေးဟာ အကောင်ရေများစွာနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမယ့် နှစ်သစ်ကူး အားလပ်ရက် နီးကပ်လာတဲ့အချိန်မှာတော့ နှစ်ပေါင်း ၅ဝ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်းရဲ့ဂေဟာမှ ခွေးတွေအကုန် ပိုင်ရှင်အသစ်ကိုယ်စီ ရရှိသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

"စိတ်လှုပ်ရှားစရာပါပဲ၊ ခွေးလေးတွေကို သူတို့ကို ချစ်ခင်ကြင်နာမယ့်ပိုင်ရှင်အသစ်တွေဆီ ရောက်ရှိကြအောင် ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အရမ်းကြိုးစားအားထုတ်ခဲ့ကြပါတယ်" လို့ တိရစ္ဆာန်ဂေဟာ က သောကြာနေ့( ဒီဇင်ဘာ ၂၃ ရက်) မှာ Facebook Acc မှ တင်ခဲ့ပါတယ်။

SPCA အတွက် ခရစ္စမတ်ကာလကြီးမှာ လှောင်အိမ်တွေ အလွတ်ကြီးဖြစ်နေတာဟာ ၄၇ နှစ်တာကာလအတွင်း ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ ဂေဟာမှာ နှစ်စဉ် တိရစ္ဆာန်ပေါင်း ၆.၃ သန်းခန့် ခိုလှုံနေကြပြီး အဲဒီအထဲက ၃.၁ သန်းလောက်က ခွေးတွေဖြစ်ကာ ၃.၂ သန်းက ကြောင်တွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားဂေဟာတွေရဲ့ဝန်ထုပ်ဝန်ပိုးတွေလည်း သက်သာစေဖို့ ယခုသီတင်းပတ်အတွင်း အခြား တိရစ္ဆာန် ဂေဟာတွေမှ တိရစ္ဆာန်တွေကို စတင်ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ႏွစ္ေပါင္း ၅ဝ နီးပါးအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ရာနဲ႔ခ်ီတဲ့ ေခြးေတြအကုန္ ေမြးစားခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၇

လြန္ခဲ့တဲ့သီတင္းပတ္ႏွစ္ပတ္ခန႔္က အေမရိကန္ျပည္နယ္၊ ပန္ဆယ္ေဗးနီးယား၊ အဒမ္ေကာင္တီရွိ SPCA တိရစာၦန္ေဂဟာေလးဟာ အေကာင္ေရမ်ားစြာနဲ႔ ျပည့္ႏွက္ေနခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္သစ္ကူး အားလပ္ရက္ နီးကပ္လာတဲ့အခ်ိန္မွာေတာ့ ႏွစ္ေပါင္း ၅ဝ နီးပါးအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၎ရဲ႕ေဂဟာမွ ေခြးေတြအကုန္ ပိုင္ရွင္အသစ္ကိုယ္စီ ရရွိသြားၾကၿပီျဖစ္တယ္လို႔ သိရပါတယ္။

"စိတ္လႈပ္ရွားစရာပါပဲ၊ ေခြးေလးေတြကို သူတို႔ကို ခ်စ္ခင္ၾကင္နာမယ့္ပိုင္ရွင္အသစ္ေတြဆီ ေရာက္ရွိၾကေအာင္ ကြၽန္ေတာ္တို႔ဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြက အရမ္းႀကိဳးစားအားထုတ္ခဲ့ၾကပါတယ္" လို႔ တိရစာၦန္ေဂဟာ က ေသာၾကာေန႔( ဒီဇင္ဘာ ၂၃ ရက္) မွာ Facebook Acc မွ တင္ခဲ့ပါတယ္။

SPCA အတြက္ ခရစၥမတ္ကာလႀကီးမွာ ေလွာင္အိမ္ေတြ အလြတ္ႀကီးျဖစ္ေနတာဟာ ၄၇ ႏွစ္တာကာလအတြင္း ဒါပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ ၎က ဆိုပါတယ္။ ေဂဟာမွာ ႏွစ္စဥ္ တိရစာၦန္ေပါင္း ၆.၃ သန္းခန႔္ ခိုလႈံေနၾကၿပီး အဲဒီအထဲက ၃.၁ သန္းေလာက္က ေခြးေတြျဖစ္ကာ ၃.၂ သန္းက ေၾကာင္ေတြျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အျခားေဂဟာေတြရဲ႕ဝန္ထုပ္ဝန္ပိုးေတြလည္း သက္သာေစဖို႔ ယခုသီတင္းပတ္အတြင္း အျခား တိရစာၦန္ ေဂဟာေတြမွ တိရစာၦန္ေတြကို စတင္ေခၚယူမွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.