ဧဝရတ်တောင်ပေါ်မှာ အိန္ဒိယတောင်တက်သမားတစ်ဦးနဲ့ ဖိလစ်ပိုင်တောင်တက်သမားတစ်ဦးတို့သေဆုံး

389

Pika (NP News) - မေ ၁၇
အိန္ဒိယတောင်တက်သမားတစ်ဦးနဲ့ ဖိလစ်ပိုင်တောင်တက်သမားတစ်ဦးတို့ဟာ မတ်လ-မေလ တောင်တက်ရာသီ အတွင်း ဧဝရတ်တောင်ပေါ်မှာ သေဆုံးခဲ့တဲ့ ပထမဦးဆုံးတောင်တက်သမားတွေဖြစ်လာခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက အသက်(၄၅)နှစ်အရွယ် ဆူဘရာတာဂို့ရှ်ဟာ ဧဝရတ်တောင်ထိပ်(၈၈၄၉)မီတာအမြင့်အထိ ရောက်ရှိခဲ့ပြီးနောက် ပြန်လာစဉ်အချိန်အတွင်း Hillary Step သမိုင်းဝင်အထိမ်းအမှတ်နေရာမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တာဝန်ရှိသူတစ်ဦးက “အဲဒီအိန္ဒိယအမျိုးသားဟာ Hillary Step သမိုင်းဝင်အထိမ်းအမှတ်နေရာကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ် အချက်အလက်တွေကို လက်ရှိအချိန်အထိ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုထားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
တာဝန်ရှိသူတစ်ဦးက “ဆူဘရာတာဂို့ရှ် သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ ခွဲစိတ်စစ်ဆေးမှုတွေလုပ်ဆောင်ပြီး မှ သိရမှာပါ” လို့ ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အသက်(၄၅)နှစ်အရွယ် Philipp II Santiagoဟာ South Col တောင်ကြားကို တက်နေစဉ် အချိန်အတွင်း သေဆုံးသွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ Philipp II Santiago ဟာ တောင်တက်ချိန်အတွင်း မောပန်းလာမှုနဲ့အတူ ၎င်းရဲ့တဲအတွင်းမှာ အနားယူနေစဉ်အချိန်အတွင်း သေဆုံးသွားခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ဧဝရတ္ေတာင္ေပၚမွာ အိႏၵိယေတာင္တက္သမားတစ္ဦးနဲ႔ ဖိလစ္ပိုင္ေတာင္တက္သမားတစ္ဦးတို႔ေသဆုံး
Pika (NP News) - ေမ ၁၇
အိႏၵိယေတာင္တက္သမားတစ္ဦးနဲ႔ ဖိလစ္ပိုင္ေတာင္တက္သမားတစ္ဦးတို႔ဟာ မတ္လ-ေမလ ေတာင္တက္ရာသီ အတြင္း ဧဝရတ္ေတာင္ေပၚမွာ ေသဆုံးခဲ့တဲ့ ပထမဦးဆုံးေတာင္တက္သမားေတြျဖစ္လာခဲ့တယ္လို႔ တာဝန္ရွိသူေတြ က ေျပာၾကားခဲ့ပါတယ္။
အိႏၵိယႏိုင္ငံက အသက္(၄၅)ႏွစ္အ႐ြယ္ ဆူဘရာတာဂို႔ရွ္ဟာ ဧဝရတ္ေတာင္ထိပ္(၈၈၄၉)မီတာအျမင့္အထိ ေရာက္ရွိခဲ့ၿပီးေနာက္ ျပန္လာစဥ္အခ်ိန္အတြင္း Hillary Step သမိုင္းဝင္အထိမ္းအမွတ္ေနရာမွာ ေသဆုံးသြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
တာဝန္ရွိသူတစ္ဦးက “အဲဒီအိႏၵိယအမ်ိဳးသားဟာ Hillary Step သမိုင္းဝင္အထိမ္းအမွတ္ေနရာကေန ထြက္ခြာဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ ေသဆုံးသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္ အခ်က္အလက္ေတြကို လက္ရွိအခ်ိန္အထိ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာဆိုထားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
တာဝန္ရွိသူတစ္ဦးက “ဆူဘရာတာဂို႔ရွ္ ေသဆုံးရတဲ့အေၾကာင္းအရင္းကိုေတာ့ ခြဲစိတ္စစ္ေဆးမႈေတြလုပ္ေဆာင္ၿပီး မွ သိရမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံက အသက္(၄၅)ႏွစ္အ႐ြယ္ Philipp II Santiagoဟာ South Col ေတာင္ၾကားကို တက္ေနစဥ္ အခ်ိန္အတြင္း ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ Philipp II Santiago ဟာ ေတာင္တက္ခ်ိန္အတြင္း ေမာပန္းလာမႈနဲ႔အတူ ၎ရဲ႕တဲအတြင္းမွာ အနားယူေနစဥ္အခ်ိန္အတြင္း ေသဆုံးသြားခဲ့ တာျဖစ္တယ္လို႔ သိရပါတယ္။