Wombat ဝံပေါက်လေးကို မိခင်ဆီက ဖမ်းယူခဲ့တဲ့ အမေရိကန် Influencer တောင်းပန်စကားဆို

 538

ရောင်နီ (NP News) - မတ် ၁၇

သြစတြေးလျနိုင်ငံမှာ wombat ဝံသားပေါက်လေးကို မိခင်ဆီက ဖမ်းယူပြီး ဗီဒီယိုဖိုင်တင်ခဲ့ခြင်းကြောင့် ဆိုရှယ် မီဒီယာမှာ လူထုရဲ့ဒေါသထွက်ရခြင်းကို ရရှိနေတဲ့ အမေရိကန် Influencer ဆမ်ဂျိုးဟာ မတ်လ ၁၅ ရက် (မတ် ၁၅) မှာ တောင်းပန်စကားဆိုခဲ့ပါတယ်။
ဩစတြေးလျအာဏာပိုင်တွေက ဆမ်ဂျိုးကို ညဘက် လမ်းဘေးမှာ wombat ဝံပေါက်ကို မိခင်ဆီက ဖမ်းကာ ထွက်ပြေးနေတဲ့ ဗီဒီယိုကို Instagram အကောင့်မှာ တင်ခဲ့ခြင်းကြောင့် အာဏာပိုင်တွေက နေရပ်ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဗီဒီယိုနဲ့ ပတ်သက်ပြီး ဂျိုးက ဝံပေါက်ဟာ ကားလမ်းဘေးမှာ ရှိနေတာကြောင့် ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးဖို့ သွားရောက်ကိုင်တွယ်တာဖြစ်ပြီး၊ သူ့ အမေ ဝံကိုတွေ့တာကြောင့် တိုက်ခိုက်မှာစိုးလို့ ထွက်ပြေးမိ တာပါ" လို့ ဂျိုးက Samantha Strable ဆိုတဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားခဲ့ပါတယ်။
နောက်ပိုင်းမှာ ဂျိုးက ဝံပေါက်လေးကို သူ့အမေဆီ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ Wombat ဟာ ဩစတြေးလျ မှာသာ တွေ့ရှိရလေ့ရှိပြီး မျိုးတုန်းပျောက်ကွယ်နိုင်ချေရှိတာကြောင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်မျိုးစိတ် လည်း ဖြစ်ပါတယ်။

Related news

© 2021. All rights reserved.