မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါအလုံးစုံပျောက်ကင်းရန် ကနဦးအနေဖြင့် ရောဂါဖြစ်ပွားသည့်လူနာ လျှော့ချခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နေ

 500

ကျော်(NP News) - ဒီဇင်ဘာ ၂၈

၂၀၃၀ ပြည့်နှစ်တွင် မျှော်မှန်းထားသည့် ငှက်ဖျားရောဂါကူးစက်မှုပပျောက်စေရေးရည်မှန်းချက် အောင်မြင်နိုင်ရေးအတွက် ကနဦးအနေဖြင့် ရောဂါဖြစ်ပွားသည့် လူနာများလျှော့ချခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်နေကြောင်း ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းမှ သိရသည်။

"ငှက်ဖျားရောဂါက တခြားရောဂါတွေလို အစုလိုက်အပြုံလိုက်ဖြစ်တာမဟုတ်တဲ့အတွက် ကုသရတာလွယ်ပါတယ်။ နောက်ပြီး အခုကျွန်မတို့ကျန်းမာရေးဝန်ထမ်းတွေကို ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီး စစ်ဆေးကုသရမယ့် အခြေအ နေတွေနဲ့ပတ်သက်လို့ သင်တန်းတွေပြန်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါအလုံးစုံပျောက်ကင်းဖို့ အတွက် ကနဦးအနေနဲ့ ရောဂါဖြစ်တဲ့လူနာ လျှော့ချတဲ့ လုပ်ငန်းတွေကိုစပြီးလုပ်ကိုင် နေပါတယ်" ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန်တိုက်နယ်ဆေးရုံ၏ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်တင်မာ မြင့်က ပြောသည်။

လက်ရှိအချိန်၌ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ ငှက်ဖျားရောဂါကူးစက်မှု ပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများအား ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအဆင့်ဆင့်၊ ကုသရေးလုပ်ငန်းအဆင့်ဆင့်တို့အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

"သင်တန်းမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဆေးရုံကိုဖျားလို့လာပြတဲ့လူတွေရှိရင် သွေးဖောက်ပြီး ငှက်ဖျားရောဂါရှိ/မရှိ စစ်ဆေးဖို့သင်ကြားပေးတယ်။ အကယ်၍ ငှက်ဖျားရောဂါရှိရင် လူနာက ဘယ်ကနေလာတာလဲ။ ဘယ်တွေကိုခရီးထွက်ခဲ့လဲဆိုတာတွေကိုမေးပြီးမှတ်တမ်းလုပ်ရမယ်။ အဲဒါတွေပြီးတာနဲ့ ကုသမှုတွေလုပ်ပေးရမယ်။ သက်ဆိုင်ရာ မြို့နယ်/ခရိုင်/တိုင်းကျန်းမာရေးဌာနတွေကို ၂၄ နာရီအတွင်း အကြောင်းကြားရပါတယ်"ဟု ဒေါ်တင်မာမြင့်က ပြောသည်။

ထိုသို့ ငှက်ဖျားရောဂါပိုးရှိသူတွေ့လာပါက ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်း အဆင့်ဆင့်အားဆောင်ရွက်ပြီးလျှင် ကုသမှုလုပ်ငန်းများဆောင်ရွက်ပြီး လူနာအား သက်ဆိုင်ရာ ငှက်ဖျားရောဂါနှင့် ပတ်သက်သည့် သောက်ဆေးအားတိုက်ကျွေးရာတွင်လည်း အမြဲမပြတ်စောင့်ကြည့်မှုများပြုလုပ်ရကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းကလည်း ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါကူးစက်မှု ပပျောက်စေရေးအတွက် ပြည်သူများပူးပေါင်းပါဝင်မှုသည် အရေးကြီးသည်ဟု ပြောကြားထားသည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ ငွက္ဖ်ားေရာဂါအလုံးစုံေပ်ာက္ကင္းရန္ ကနဦးအေနျဖင့္ ေရာဂါျဖစ္ပြားသည့္လူနာ ေလွ်ာ့ခ်ျခင္း လုပ္ငန္းမ်ားကို စတင္လုပ္ေဆာင္ေန
ေက်ာ္(NP News) - ဒီဇင္ဘာ ၂၈

၂၀၃၀ ျပည့္ႏွစ္တြင္ ေမွ်ာ္မွန္းထားသည့္ ငွက္ဖ်ားေရာဂါကူးစက္မႈပေပ်ာက္ေစေရးရည္မွန္းခ်က္ ေအာင္ျမင္ႏိုင္ေရးအတြက္ ကနဦးအေနျဖင့္ ေရာဂါျဖစ္ပြားသည့္ လူနာမ်ားေလွ်ာ့ခ်ျခင္းလုပ္ငန္းကို စတင္လုပ္ေဆာင္ေနေၾကာင္း က်န္းမာေရးဝန္ထမ္း အသိုင္းအဝိုင္းမွ သိရသည္။

"ငွက္ဖ်ားေရာဂါက တျခားေရာဂါေတြလို အစုလိုက္အၿပဳံလိုက္ျဖစ္တာမဟုတ္တဲ့အတြက္ ကုသရတာလြယ္ပါတယ္။ ေနာက္ၿပီး အခုကြၽန္မတို႔က်န္းမာေရးဝန္ထမ္းေတြကို ငွက္ဖ်ားေရာဂါနဲ႔ပတ္သက္ၿပီး စစ္ေဆးကုသရမယ့္ အေျခအ ေနေတြနဲ႔ပတ္သက္လို႔ သင္တန္းေတြျပန္ေပးေနပါတယ္။ ျမန္မာႏိုင္ငံမွာ ငွက္ဖ်ားေရာဂါအလုံးစုံေပ်ာက္ကင္းဖို႔ အတြက္ ကနဦးအေနနဲ႔ ေရာဂါျဖစ္တဲ့လူနာ ေလွ်ာ့ခ်တဲ့ လုပ္ငန္းေတြကိုစၿပီးလုပ္ကိုင္ ေနပါတယ္" ဟု ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ ေလးေထာင့္ကန္တိုက္နယ္ေဆး႐ုံ၏ က်န္းမာေရးဝန္ထမ္းတစ္ဦးျဖစ္သည့္ ေဒၚတင္မာ ျမင့္က ေျပာသည္။

လက္ရွိအခ်ိန္၌ က်န္းမာေရးဝန္ႀကီးဌာနမွ ျမန္မာႏိုင္ငံတြင္ ၂၀၃၀ ျပည့္ႏွစ္၌ ငွက္ဖ်ားေရာဂါကူးစက္မႈ ပေပ်ာက္ေစေရးအတြက္ က်န္းမာေရးဝန္ထမ္းမ်ားအား ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းအဆင့္ဆင့္၊ ကုသေရးလုပ္ငန္းအဆင့္ဆင့္တို႔အတြက္ သင္တန္းမ်ားဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

"သင္တန္းမွာ က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ေဆး႐ုံကိုဖ်ားလို႔လာျပတဲ့လူေတြရွိရင္ ေသြးေဖာက္ၿပီး ငွက္ဖ်ားေရာဂါရွိ/မရွိ စစ္ေဆးဖို႔သင္ၾကားေပးတယ္။ အကယ္၍ ငွက္ဖ်ားေရာဂါရွိရင္ လူနာက ဘယ္ကေနလာတာလဲ။ ဘယ္ေတြကိုခရီးထြက္ခဲ့လဲဆိုတာေတြကိုေမးၿပီးမွတ္တမ္းလုပ္ရမယ္။ အဲဒါေတြၿပီးတာနဲ႔ ကုသမႈေတြလုပ္ေပးရမယ္။ သက္ဆိုင္ရာ ၿမိဳ႕နယ္/ခ႐ိုင္/တိုင္းက်န္းမာေရးဌာနေတြကို ၂၄ နာရီအတြင္း အေၾကာင္းၾကားရပါတယ္"ဟု ေဒၚတင္မာျမင့္က ေျပာသည္။

ထိုသို႔ ငွက္ဖ်ားေရာဂါပိုးရွိသူေတြ႕လာပါက က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ လုပ္ေဆာင္ရမည့္ လုပ္ငန္း အဆင့္ဆင့္အားေဆာင္႐ြက္ၿပီးလွ်င္ ကုသမႈလုပ္ငန္းမ်ားေဆာင္႐ြက္ၿပီး လူနာအား သက္ဆိုင္ရာ ငွက္ဖ်ားေရာဂါႏွင့္ ပတ္သက္သည့္ ေသာက္ေဆးအားတိုက္ေကြၽးရာတြင္လည္း အၿမဲမျပတ္ေစာင့္ၾကည့္မႈမ်ားျပဳလုပ္ရေၾကာင္း သိရသည္။

အဆိုပါ က်န္းမာေရးဝန္ႀကီးဌာန၏ ရည္မွန္းေဆာင္႐ြက္ေနမႈမ်ားႏွင့္ပတ္သက္၍ က်န္းမာေရးဝန္ႀကီးဌာနမွ ဒုတိယ ဝန္ႀကီးပါေမာကၡေဒါက္တာေအးထြန္းကလည္း ၂၀၃၀ ျပည့္ႏွစ္တြင္ ငွက္ဖ်ားေရာဂါကူးစက္မႈ ပေပ်ာက္ေစေရးအတြက္ ျပည္သူမ်ားပူးေပါင္းပါဝင္မႈသည္ အေရးႀကီးသည္ဟု ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.