ချမ်းအေးသာစံမြို့နယ်၌ အလုပ်သင် ဒု-ရဲအုပ် ရဲမေတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်

25070
ကျော် (NP News) - ဒီဇင်ဘာ ၃၀
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် အလုပ်သင် ဒု-ရဲအုပ် ရဲမေတစ်ဦးကို PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၉ ရက်)၊ ညနေ ၄ နာရီခွဲခန့်က PDF အဖွဲ့ဝင်များသည် အမှတ် (၃) နယ်မြေရဲစခန်းမှရုံးဆင်းပြန်လာသည့် အလုပ်သင် ဒု-ရဲအုပ်ရဲမေ တစ်ဦးအား ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၂၉ လမ်း နှင့် လမ်း ၈၀ လမ်းဆုံတွင် သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
"ပစ်ခတ်ခံရတဲ့ရဲမေက ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ ရုံးလုပ်ငန်းတာဝန်တွေဆောင် ရွက်ဖို့ အလုပ်သင်အနေနဲ့တစ်နှစ်တာဝန်ကျနေတာပါ။ မနေ့က အလုပ်ပြီးလို့ရုံးဆင်းတဲ့အချိန် အရပ်ဝတ်နဲ့ဆိုင်ကယ်မောင်းပြီး သူနေတဲ့ အမှတ် (၃)နယ်မြေရဲစခန်းကိုပြန်သွားတယ်။ အခင်းဖြစ်တဲ့လမ်းဆုံမှာ ဆိုင်ကယ်ကိုခဏရပ်လိုက်တဲ့အချိန် ပစ်ခတ်ခံရတာပါ။ သူ့ဆိုင်ကယ်နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်သွားကြတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အလုပ်သင် ဒု-ရဲအုပ်ရဲမေ၏ ဘယ်ဘက်လည်ပင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"သူ့ကိုပစ်သွားတဲ့ PDF အဖွဲ့ဝင်တွေကတော့ ထွက်ပြေးသွားကြပြီ။ လုံခြုံရေးအဖွဲ့တွေရောက်လာပြီး ဒု-ရဲအုပ်ကိုဆေးရုံပို့ပေးခဲ့ကြတယ်။ ဆေးရုံကိုအရေးပေါ်အနေနဲ့ပို့ပေးခဲ့ကြရတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖြစ်စဥ်မှ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် အလုပ်သင် ဒု-ရဲအုပ်ရဲမေအား ဆေးကုသမှုခံယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်ကလည်း အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။
zawgyi version
ခ်မ္းေအးသာစံၿမိဳ႕နယ္၌ အလုပ္သင္ ဒု-ရဲအုပ္ ရဲေမတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္
ေက်ာ္ (NP News) - ဒီဇင္ဘာ ၃၀
မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ အလုပ္သင္ ဒု-ရဲအုပ္ ရဲေမတစ္ဦးကို PDF အဖြဲ႕ဝင္မ်ားက ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ယမန္ေန႔ (ဒီဇင္ဘာလ ၂၉ ရက္)၊ ညေန ၄ နာရီခြဲခန္႔က PDF အဖြဲ႕ဝင္မ်ားသည္ အမွတ္ (၃) နယ္ေျမရဲစခန္းမွ႐ုံးဆင္းျပန္လာသည့္ အလုပ္သင္ ဒု-ရဲအုပ္ရဲေမ တစ္ဦးအား ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ခ်မ္းေအးသာစံအေရွ႕ရပ္ကြက္၊ ၂၉ လမ္း ႏွင့္ လမ္း ၈၀ လမ္းဆုံတြင္ ေသနတ္ျဖင့္ပစ္ခတ္၍ ထြက္ေျပးသြားခဲ့ၾကေၾကာင္း သိရသည္။
"ပစ္ခတ္ခံရတဲ့ရဲေမက ခ်မ္းေအးသာစံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးရဲ႕ ႐ုံးလုပ္ငန္းတာဝန္ေတြေဆာင္ ႐ြက္ဖို႔ အလုပ္သင္အေနနဲ႔တစ္ႏွစ္တာဝန္က်ေနတာပါ။ မေန႔က အလုပ္ၿပီးလို႔႐ုံးဆင္းတဲ့အခ်ိန္ အရပ္ဝတ္နဲ႔ဆိုင္ကယ္ေမာင္းၿပီး သူေနတဲ့ အမွတ္ (၃)နယ္ေျမရဲစခန္းကိုျပန္သြားတယ္။ အခင္းျဖစ္တဲ့လမ္းဆုံမွာ ဆိုင္ကယ္ကိုခဏရပ္လိုက္တဲ့အခ်ိန္ ပစ္ခတ္ခံရတာပါ။ သူ႔ဆိုင္ကယ္ေနာက္ကေန ဆိုင္ကယ္နဲ႔လိုက္လာၿပီးပစ္သြားၾကတာပါ"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။
ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ အလုပ္သင္ ဒု-ရဲအုပ္ရဲေမ၏ ဘယ္ဘက္လည္ပင္း၌ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
"သူ႔ကိုပစ္သြားတဲ့ PDF အဖြဲ႕ဝင္ေတြကေတာ့ ထြက္ေျပးသြားၾကၿပီ။ လုံၿခဳံေရးအဖြဲ႕ေတြေရာက္လာၿပီး ဒု-ရဲအုပ္ကိုေဆး႐ုံပို႔ေပးခဲ့ၾကတယ္။ ေဆး႐ုံကိုအေရးေပၚအေနနဲ႔ပို႔ေပးခဲ့ၾကရတာပါ"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။
ျဖစ္စဥ္မွ ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရသည့္ အလုပ္သင္ ဒု-ရဲအုပ္ရဲေမအား ေဆးကုသမႈခံယူႏိုင္ရန္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
ထို႔ျပင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးႏွင့္ဥပေဒအရထိေရာက္စြာအေရးယူႏိုင္ေရးတို႔အတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အမႈဖြင့္ကာ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၀ ရက္ကလည္း ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕၌ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးအား PDF အဖြဲ႕ဝင္မ်ားက ေသနတ္ျဖင့္ပစ္ခတ္ခဲ့ၾကသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။