မုံရွာမြို့နယ်ရှိ PDF စခန်းတစ်ခုကို တပ်မတော်လုံခြုံရေးအဖွဲ့က ဝင်ရောက်စီးနင်း

 25375

Pearl (NP News) - ဒီဇင်ဘာ ၃၀

မုံရွာမြို့နယ်ရှိ PDF စခန်းတစ်ခုကို တပ်မတော်လုံခြုံရေးအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၉ ရက်)၊ နံနက် (၄)နာရီခွဲအချိန် ခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်စီးနင်းရာ လုံခြုံရေးတပ်ဖွဲ့ နှင့် PDF အဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မ တော်ဘက်မှ လေကြောင်းပစ်ကူများပါ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ပထမကတော့ ခြေလျင်နဲ့ သွားတာ၊ အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်တယ်၊ ပြီးတော့ ရဟတ်ယာဉ်နဲ့ ပစ်ကူပေးတယ်၊ လောလောဆယ်တော့ အလောင်းက (၃) လောင်းရတယ်လို့ သိရတယ်။ အရှင်ကလည်း (၃) ယောက်မိတယ်လို့ကြားတယ်။ လက်နက်ခဲယမ်းကတော့ အတိအကျတော့ မသိဘူး။ ရတာတော့ တော်တော်ကို ရလိုက်တယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယမန်နေ့ ၊ နံနက် (၁၀)နာရီခွဲခန့်တွင် ညောင်ပင်ကျေးရွာရှိ PDF စခန်းကို တပ်မတော်က ထိန်းချုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း PDF အဖွဲ့ဝင် (၃)ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး အလောင်း (၃)လောင်း နှင့် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

zawgyi version
မုံ႐ြာၿမိဳ႕နယ္ရွိ PDF စခန္းတစ္ခုကို တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က ဝင္ေရာက္စီးနင္း

Pearl (NP News) - ဒီဇင္ဘာ ၃၀

မုံ႐ြာၿမိဳ႕နယ္ရွိ PDF စခန္းတစ္ခုကို တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူထံမွ သိရသည္။

ယမန္ေန႔ (ဒီဇင္ဘာလ ၂၉ ရက္)၊ နံနက္ (၄)နာရီခြဲအခ်ိန္ ခန႔္တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ ေညာင္ပင္ေက်း႐ြာရွိ PDF စခန္းတစ္ခုကို ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ဝင္ေရာက္စီးနင္းရာ လုံၿခဳံေရးတပ္ဖြဲ႕ ႏွင့္ PDF အဖြဲ႕ၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး တပ္မ ေတာ္ဘက္မွ ေလေၾကာင္းပစ္ကူမ်ားပါ အသုံးျပဳ၍ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

"ပထမကေတာ့ ေျခလ်င္နဲ႔ သြားတာ၊ အျပန္အလွန္ပစ္ခတ္မႈလည္း ျဖစ္တယ္၊ ၿပီးေတာ့ ရဟတ္ယာဥ္နဲ႔ ပစ္ကူေပးတယ္၊ ေလာေလာဆယ္ေတာ့ အေလာင္းက (၃) ေလာင္းရတယ္လို႔ သိရတယ္။ အရွင္ကလည္း (၃) ေယာက္မိတယ္လို႔ၾကားတယ္။ လက္နက္ခဲယမ္းကေတာ့ အတိအက်ေတာ့ မသိဘူး။ ရတာေတာ့ ေတာ္ေတာ္ကို ရလိုက္တယ္"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ယမန္ေန႔ ၊ နံနက္ (၁၀)နာရီခြဲခန႔္တြင္ ေညာင္ပင္ေက်း႐ြာရွိ PDF စခန္းကို တပ္မေတာ္က ထိန္းခ်ဳပ္ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္အတြင္း PDF အဖြဲ႕ဝင္ (၃)ဦးကို အရွင္ဖမ္းဆီးႏိုင္ခဲ့ၿပီး အေလာင္း (၃)ေလာင္း ႏွင့္ လက္နက္ခဲယမ္းအခ်ိဳ႕ကိုလည္း သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.