ပြည်လမ်းကို ဇန်နဝါရီလ (၂)ရက် နှင့် (၄)ရက်တို့တွင် ခေတ္တပိတ်ထားမည်

 6559

စော (NP News) - ဇန်နဝါရီ ၁

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အစမ်းလေ့ကျင့်ခြင်း နှင့် အခမ်းအနား ကျင်းပချိန်တို့၌ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ယနေ့(ဇန်နဝါရီလ ၁ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်း အနားအတွက် မနက်ဖြန် (ဇန်နဝါရီလ ၂ ရက်)တွင် အစမ်းလေ့ကျင်ခြင်းနှင့် ဇန်နဝါရီလ ၄ ရက်တွင် အခမ်းအနားကျင်းပခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် ဇန်နဝါရီလ ၂ ရက်နှင့် ဇန်နဝါရီလ ၄ ရက်တို့တွင် နံနက် (၄)နာရီမှစတင်၍ အခမ်းအနားကျင်းပစဉ်အတွင်း ပြည်လမ်းအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လမ်းပိတ်ထားမည်ဖြစ်သည့်အတွက် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော ယာဉ်များသည် မြေနီကုန်းမီးပွိုင့်တွင် ညာဘက်သို့ ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့ ပြောင်းလဲမောင်းနှင်ရမည်ဖြစ်ကြောင်း အစိုးရအဖွဲ့မှ အသိပေးထားသည်။

ထို့ပြင် ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းသို့ ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှ တစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့ ဆက်လက်မောင်းနှင်ရမည်ဖြစ် ကြောင်း သိရသည်။

zawgyi version
ျပည္လမ္းကို ဇန္နဝါရီလ (၂)ရက္ ႏွင့္ (၄)ရက္တို႔တြင္ ေခတၱပိတ္ထားမည္

ေစာ (NP News) - ဇန္နဝါရီ ၁

(၇၆)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အစမ္းေလ့က်င့္ျခင္း ႏွင့္ အခမ္းအနား က်င္းပခ်ိန္တို႔၌ ျပည္လမ္းကို ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ယေန႔(ဇန္နဝါရီလ ၁ ရက္)တြင္ အထက္ပါကဲ့သို႔အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္၌ (၇၆)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္း အနားအတြက္ မနက္ျဖန္ (ဇန္နဝါရီလ ၂ ရက္)တြင္ အစမ္းေလ့က်င္ျခင္းႏွင့္ ဇန္နဝါရီလ ၄ ရက္တြင္ အခမ္းအနားက်င္းပျခင္းတို႔ကို ျပဳလုပ္သြားမည္ ျဖစ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဇန္နဝါရီလ ၂ ရက္ႏွင့္ ဇန္နဝါရီလ ၄ ရက္တို႔တြင္ နံနက္ (၄)နာရီမွစတင္၍ အခမ္းအနားက်င္းပစဥ္အတြင္း ျပည္လမ္းအား ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ လမ္းပိတ္ထားမည္ျဖစ္သည့္အတြက္ ျပည္လမ္းအတိုင္း ေျမာက္မွေတာင္သို႔ ေမာင္းႏွင္လာေသာ ယာဥ္မ်ားသည္ ေျမနီကုန္းမီးပြိဳင့္တြင္ ညာဘက္သို႔ ခ်ိဳးေကြ႕၍ ေအာက္ၾကည့္ျမင္တိုင္လမ္းသို႔ ေျပာင္းလဲေမာင္းႏွင္ရမည္ျဖစ္ေၾကာင္း အစိုးရအဖြဲ႕မွ အသိေပးထားသည္။

ထို႔ျပင္ ျပည္လမ္းအတိုင္း ေတာင္မွေျမာက္သို႔ ေမာင္းႏွင္လာေသာ ယာဥ္မ်ားသည္ ျပည္ေထာင္စုရိပ္သာလမ္းသို႔ ခ်ိဳးေကြ႕၍ ဗဟိုလမ္း၊ အလုံလမ္းမွ တစ္ဆင့္ ေအာက္ၾကည့္ျမင္တိုင္လမ္းသို႔ ဆက္လက္ေမာင္းႏွင္ရမည္ျဖစ္ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.