မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကို မြန်မာ-တရုတ်အစိုးရချင်း Framework Agreement ရေးထိုးနိုင်ရန် ပြင်ဆင်နေ

 1053

ယွန်း (NP News) - ဇန်နဝါရီ ၅

တံတားအစင်း‌ရေ(၁၀၀)ကျော် ထည့်သွင်းတည်ဆောက်မည့် မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကို မြန်မာ-တရုတ်အစိုးရချင်း Framework Agreement ရေးထိုးနိုင်ရန် ပြင်ဆင်နေကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

ထိုသို့လက်မှတ်ရေးထိုးနိုင်ရေးအတွက် မူဆယ်-မန္တလေးရထားလမ်းသစ်‌ဖောက်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ(Project Steering Committee) ကို ပြီးခဲ့သည့် နိုဝင်ဘာလက ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါကော်မတီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရအချင်းချင်း(Government to Government) ညှိနှိုင်းဆောင်ရွက်ရေးမူဘောင်(Framework) ကိုရေးဆွဲအတည်ပြုနိုင်ရေး ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

နှစ်နိုင်ငံအစိုးရများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နိုင်ရေး စီစဥ်ဆောင်ရွက်ခြင်း နှင့် Framework Agreement လက်မှတ်‌ရေးထိုးနိုင်ရေး ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

အလားတူ စီမံကိန်းအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမည့်သူများအား ဖိတ်ခေါ်နိုင်ရေးဆောင်ရွက်မည့်အပြင် အတိုးနှုန်းသက်သာသော ဖွံ့ဖြိုးမှုရန်ပုံငွေရရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ် နှံမှုပုံစံ(Financial Model) နှင့် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် ရန်ပုံငွေဆိုင်ရာ မူဝါဒသတ်မှတ်တင်ပြခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

မူဆယ်-မန္တလေးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းတွင် တံတား (၁၂၄) စင်း တည်ဆောက်ခြင်း၊ ဥမင်လှိုဏ်ခေါင်း (၆ဝ) ခုတည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်ပြီး စီမံကိန်းတွင် ၄ဝ၉ ဒသမ ၉၆ ကီလိုမီတာအရှည်ရှိသော လျှပ်စစ်ရထားလမ်းဖောက်လုပ်ခြင်း၊ ဓာတ်အားခွဲရုံ(၁၁)ရုံ တည်ဆောက် ခြင်း နှင့် ၎င်းနှင့်ဆက်စပ်သော လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါရထားလမ်းသစ်စီမံကိန်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလျံခန့်ရှိမည်ဟုခန့်မှန်းထားကြောင်းသိရသည်။ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ် သည်။

အဆိုပါရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာန နှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.Limited (CREEC)၊ China Railway Group Limited တို့သည် ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုဆောင်ရွက်ရန်အတွက် MoU ရေးထိုးခဲ့ကြောင်း သိရသည်။

zawgyi version
မူဆယ္-မႏၲေလးရထားလမ္းစီမံကိန္းကို ျမန္မာ-တ႐ုတ္အစိုးရခ်င္း Framework Agreement ေရးထိုးႏိုင္ရန္ ျပင္ဆင္ေန

ယြန္း (NP News) - ဇန္နဝါရီ ၅

တံတားအစင္း‌ေရ(၁၀၀)ေက်ာ္ ထည့္သြင္းတည္ေဆာက္မည့္ မူဆယ္-မႏၲေလးရထားလမ္းစီမံကိန္းကို ျမန္မာ-တ႐ုတ္အစိုးရခ်င္း Framework Agreement ေရးထိုးႏိုင္ရန္ ျပင္ဆင္ေနေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ထိုသို႔လက္မွတ္ေရးထိုးႏိုင္ေရးအတြက္ မူဆယ္-မႏၲေလးရထားလမ္းသစ္‌ေဖာက္လုပ္ေရးစီမံကိန္း အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အဆင့္ စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး ဦးေဆာင္ေကာ္မတီ(Project Steering Committee) ကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလက ဖြဲ႕စည္းခဲ့ေၾကာင္းသိရသည္။

အဆိုပါေကာ္မတီကို ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးက ဥကၠ႒အျဖစ္ဦးေဆာင္သြားမည္ျဖစ္ၿပီး စီမံကိန္းအေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ အစိုးရအခ်င္းခ်င္း(Government to Government) ညႇိႏႈိင္းေဆာင္႐ြက္ေရးမူေဘာင္(Framework) ကိုေရးဆြဲအတည္ျပဳႏိုင္ေရး ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံအစိုးရမ်ားအၾကား ေတြ႕ဆုံညႇိႏႈိင္းေဆြးေႏြးမႈမ်ားျပဳလုပ္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ျခင္း ႏွင့္ Framework Agreement လက္မွတ္‌ေရးထိုးႏိုင္ေရး ေဆာင္႐ြက္ျခင္းမ်ားကိုလည္း ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

အလားတူ စီမံကိန္းအတြက္ ျပည္တြင္း၊ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမည့္သူမ်ားအား ဖိတ္ေခၚႏိုင္ေရးေဆာင္႐ြက္မည့္အျပင္ အတိုးႏႈန္းသက္သာေသာ ဖြံ႕ၿဖိဳးမႈရန္ပုံေငြရရွိေရးအတြက္ ေပါင္းစပ္ညႇိႏႈိင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။ထို႔ျပင္ စီမံကိန္းအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မည့္ ရင္းႏွီးျမႇဳပ္ ႏွံမႈပုံစံ(Financial Model) ႏွင့္ စီမံကိန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမည့္ ရန္ပုံေငြဆိုင္ရာ မူဝါဒသတ္မွတ္တင္ျပျခင္းမ်ားကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

မူဆယ္-မႏၲေလးရထားလမ္းသစ္ေဖာက္လုပ္ေရးစီမံကိန္းတြင္ တံတား (၁၂၄) စင္း တည္ေဆာက္ျခင္း၊ ဥမင္လႈိဏ္ေခါင္း (၆ဝ) ခုတည္ေဆာက္ျခင္းတို႔ ပါဝင္မည္ျဖစ္ၿပီး စီမံကိန္းတြင္ ၄ဝ၉ ဒသမ ၉၆ ကီလိုမီတာအရွည္ရွိေသာ လွ်ပ္စစ္ရထားလမ္းေဖာက္လုပ္ျခင္း၊ ဓာတ္အားခြဲ႐ုံ(၁၁)႐ုံ တည္ေဆာက္ ျခင္း ႏွင့္ ၎ႏွင့္ဆက္စပ္ေသာ လွ်ပ္စစ္ဓာတ္အားလိုင္းသြယ္တန္းျခင္းတို႔ကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါရထားလမ္းသစ္စီမံကိန္းကုန္က်စရိတ္သည္ အေမရိကန္ေဒၚလာ ၈ ဒသမ ၉ ဘီလ်ံခန႔္ရွိမည္ဟုခန႔္မွန္းထားေၾကာင္းသိရသည္။ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕မွ ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ ကုန္သြယ္ေရးအခ်က္အခ်ာျဖစ္ေသာ မႏၲေလးၿမိဳ႕ကို ခ်ိတ္ဆက္ေဖာက္လုပ္မည့္ အျမန္ရထားလမ္းျဖစ္ၿပီး တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍလမ္း၏ အစိတ္အပိုင္းတစ္ခုလည္းျဖစ္ သည္။

အဆိုပါရထားလမ္းစီမံကိန္းႏွင့္ပတ္သက္၍ ၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့မီးရထားဌာန ႏွင့္ တ႐ုတ္ႏိုင္ငံ China Railway Eryuan Engineering Group Co.Limited (CREEC)၊ China Railway Group Limited တို႔သည္ ရထားလမ္း ေဖာက္လုပ္ေရးစီမံကိန္း ျဖစ္ေျမာက္ႏိုင္ေျခေလ့လာမႈေဆာင္႐ြက္ရန္အတြက္ MoU ေရးထိုးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.