ကားလမ်းဘေးရှိ အုတ်နံရံ၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့

15559
သန့်ဇင် (NP News) - ဇန်နဝါရီ ၆
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ကားလမ်းဘေးရှိ အုတ်နံရံ၌ အမျိုး သားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ဒီဃယုကလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၅ ရက်)၊ ည ၈နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ကျောက်တိုင်မှတ်တိုင်အနီးရှိ အုတ်နံရံ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်လိုဖြစ်တာလဲတော့ မသိခဲ့ရဘူးဗျ။ တွေ့တဲ့လူတွေက အကြောင်း ကြားတော့ ကျွန်တော်တို့ သွားတဲ့အချိန် အုတ်နံရံမှာတွေ့တာပါ။ မိသားစုနဲ့လည်း အဆက်သွယ်မရသေးပါဘူး”ဟု ဒီဃယုကလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အထက်ပါဖြစ်စဉ်တွင် သေဆုံးသူအမျိုးသားသည် အသက်(၃၀)နှစ်အရွယ်ခန့်ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်အသွယ် မရရှိသေးကြောင်း အထက်ပါအသင်းမှ ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား Happy Rescue အသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
zawgyi version
ကားလမ္းေဘးရွိ အုတ္နံရံ၌ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြားခဲ့
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၆
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ ကားလမ္းေဘးရွိ အုတ္နံရံ၌ အမ်ိဳး သားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း ဒီဃယုကလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယမန္ေန႔(ဇန္နဝါရီလ ၅ ရက္)၊ ည ၈နာရီအခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္း၊ ေက်ာက္တိုင္မွတ္တိုင္အနီးရွိ အုတ္နံရံ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ဘယ္လိုျဖစ္တာလဲေတာ့ မသိခဲ့ရဘူးဗ်။ ေတြ႕တဲ့လူေတြက အေၾကာင္း ၾကားေတာ့ ကြၽန္ေတာ္တို႔ သြားတဲ့အခ်ိန္ အုတ္နံရံမွာေတြ႕တာပါ။ မိသားစုနဲ႔လည္း အဆက္သြယ္မရေသးပါဘူး”ဟု ဒီဃယုကလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အထက္ပါျဖစ္စဥ္တြင္ ေသဆုံးသူအမ်ိဳးသားသည္ အသက္(၃၀)ႏွစ္အ႐ြယ္ခန႔္ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ မိသားစုႏွင့္အဆက္အသြယ္ မရရွိေသးေၾကာင္း အထက္ပါအသင္းမွ ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းအား Happy Rescue အသင္းမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။