နိုင်ငံပေါင်း(၁၅)နိုင်ငံမှ ရဟန်း၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုသည့် ဒီပလိုမာ(ဗုဒ္ဓဓမ္မ)သင်တန်းဝင်ခွင့်စာမေးပွဲ ရန်ကုန်၌ကျင်းပ

930
ကျော် (NP News) - ဇန်နဝါရီ ၉
နိုင်ငံပေါင်း (၁၅)နိုင်ငံမှ ရဟန်း၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုသည့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် ဒီပလိုမာ (ဗုဒ္ဓဓမ္မ)သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအား ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းမြေရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ စာသင်ခန်းများအတွင်း၌ ယနေ့ (ဇန်နဝါရီလ ၉ ရက်)မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။
စာမေးပွဲအား မြန်မာနိုင်ငံမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များက ကိုယ်တိုင်လာရောက်ဖြေဆိုခဲ့ကြပြီး အခြားသောနိုင်ငံပေါင်း (၁၄)နိုင်ငံမှ ရဟန်း၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များက Virtual Zoom Meeting Online System တို့ဖြင့်ဝင်ရောက်ဖြေဆိုခဲ့ကြကာ ဖြေဆိုသူပေါင်း (၁၇၈)ပါး/ဦး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရေးဖြေစာမေးပွဲဖြေဆိုပြီးပါက မနက်ဖြန် (ဇန်နဝါရီလ ၁၀ ရက်)တွင် လူတွေ့နှုတ်ဖြေစာမေးပွဲအား ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) သင်တန်းအသီးသီးကို မြန်မာနိုင်ငံ အပါအဝင် ပြည် တွင်း၊ ပြည်ပ ၁၈ နိုင်ငံမှ သင်တန်းသား ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၃၁၁ ပါး/ဦးတို့က တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ တက္ကသိုလ်တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ပွားစေရန်၊ ထေရဝါဒပိဋကတ်တော်များကို မူရင်းအတိုင်း လေ့လာသင်ယူလိုသည့် ပြည်တွင်း၊ ပြည်ပသင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၊ တက္ကသိုလ်၏ ရည်မှန်းချက်ကို အထောက်အကူပြုစေမည့် အခြားတက္ကသိုလ်များနှင့်အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားရေးအတွက် နိုင်ငံတကာသို့ သာသနာပြုစေလွှတ်နိုင်ရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ထေရဝါဒဗုဒ္ဓသာသနာပြုသင်တန်း အသီးသီးကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

zawgyi version
ႏိုင္ငံေပါင္း(၁၅)ႏိုင္ငံမွ ရဟန္း၊ သီလရွင္ ႏွင့္ လူပုဂၢိဳလ္မ်ားဝင္ေရာက္ေျဖဆိုသည့္ ဒီပလိုမာ(ဗုဒၶဓမၼ)သင္တန္းဝင္ခြင့္စာေမးပြဲရန္ကုန္၌က်င္းပ
ေက်ာ္ (NP News) - ဇန္နဝါရီ ၉
ႏိုင္ငံေပါင္း (၁၅)ႏိုင္ငံမွ ရဟန္း၊ သီလရွင္ ႏွင့္ လူပုဂၢိဳလ္မ်ားဝင္ေရာက္ေျဖဆိုသည့္ အျပည္ျပည္ဆိုင္ရာေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္၏ ၂၀၂၄-၂ဝ၂၅ ပညာသင္ႏွစ္ ဒီပလိုမာ (ဗုဒၶဓမၼ)သင္တန္းဝင္ခြင့္ေရးေျဖစာေမးပြဲအား က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ စာေမးပြဲအား ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ဓမၼပါလကုန္းေျမရွိ အျပည္ျပည္ဆိုင္ရာေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္၏ စာသင္ခန္းမ်ားအတြင္း၌ ယေန႔ (ဇန္နဝါရီလ ၉ ရက္)မွစတင္ကာ က်င္းပခဲ့ျခင္းျဖစ္သည္။
စာေမးပြဲအား ျမန္မာႏိုင္ငံမွ ရဟန္း၊ သီလရွင္၊ လူပုဂၢိဳလ္မ်ားက ကိုယ္တိုင္လာေရာက္ေျဖဆိုခဲ့ၾကၿပီး အျခားေသာႏိုင္ငံေပါင္း (၁၄)ႏိုင္ငံမွ ရဟန္း၊ သီလရွင္ ႏွင့္ လူပုဂၢိဳလ္မ်ားက Virtual Zoom Meeting Online System တို႔ျဖင့္ဝင္ေရာက္ေျဖဆိုခဲ့ၾကကာ ေျဖဆိုသူေပါင္း (၁၇၈)ပါး/ဦး ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေရးေျဖစာေမးပြဲေျဖဆိုၿပီးပါက မနက္ျဖန္ (ဇန္နဝါရီလ ၁၀ ရက္)တြင္ လူေတြ႕ႏႈတ္ေျဖစာေမးပြဲအား ဆက္လက္ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။
၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္အတြက္ ဒီပလိုမာ(ဗုဒၶဓမၼ) သင္တန္းအသီးသီးကို ျမန္မာႏိုင္ငံ အပါအဝင္ ျပည္ တြင္း၊ ျပည္ပ ၁၈ ႏိုင္ငံမွ သင္တန္းသား ရဟန္း၊ သီလရွင္၊ လူပုဂၢိဳလ္ စုစုေပါင္း ၃၁၁ ပါး/ဦးတို႔က တက္ေရာက္သင္ယူလ်က္ရွိေၾကာင္း သိရသည္။
အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶသာသနာျပဳ တကၠသိုလ္ကို ၁၉၉၈ ခုႏွစ္တြင္ စတင္တည္ေထာင္ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။ တကၠသိုလ္တြင္ ေထရဝါဒ ဗုဒၶသာသနာေတာ္ ကမာၻတစ္ဝန္းလုံးတြင္ ျပန႔္ပြားေစရန္၊ ေထရဝါဒပိဋကတ္ေတာ္မ်ားကို မူရင္းအတိုင္း ေလ့လာသင္ယူလိုသည့္ ျပည္တြင္း၊ ျပည္ပသင္တန္းသားမ်ားအား ေလ့က်င့္သင္ၾကားေပးႏိုင္ရန္၊ ေထရဝါဒဗုဒၶသာသနာ ျပန႔္ပြားေရးအတြက္ ျပည္တြင္း၊ ျပည္ပရွိ ဗုဒၶဘာသာဆိုင္ရာ တကၠသိုလ္မ်ား၊ တကၠသိုလ္၏ ရည္မွန္းခ်က္ကို အေထာက္အကူျပဳေစမည့္ အျခားတကၠသိုလ္မ်ားႏွင့္အျပန္အလွန္ပူးေပါင္း ေဆာင္႐ြက္ႏိုင္ေစရန္၊ ေထရဝါဒဗုဒၶသာသနာ ျပန႔္ပြားထြန္းကားေရးအတြက္ ႏိုင္ငံတကာသို႔ သာသနာျပဳေစလႊတ္ႏိုင္ရန္ အစရွိေသာ ရည္႐ြယ္ခ်က္မ်ားျဖင့္ ေထရဝါဒဗုဒၶသာသနာျပဳသင္တန္း အသီးသီးကို ဖြင့္လွစ္သင္ၾကားလ်က္ရွိေၾကာင္း သိရသည္။