အမြန်လမ်းတွင် သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သည့်ယာဉ်များကို ဖမ်းဆီးအရေးယူသည့် အမှုပေါင်း (၁၃၀၀၀)ကျော်ရှိခဲ့

 2127

စော (NP News) - ဇန်နဝါရီ ၁၀

၂၀၂၃ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၌ သတ် မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို ဖမ်းဆီးအရေးယူခဲ့ရာ အမှုပေါင်း (၁၃၀၀၀)ကျော်ရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

အမြန်လမ်း၌ သတ်မှတ်ထားသည့်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သောယာဉ်များကို ဖမ်းဆီးကာ သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့ခဲ့သည့် အမှုပေါင်း(၁၃၀၁၉)မှုရှိကြောင်း သိရသည်။

“ဒဏ်ငွေချမှတ်တယ်ဆိုတဲ့နေရာမှာလည်း တရားရုံးတစ်ရုံးနဲ့တစ်ရုံးတော့ မတူဘူးပေါ့။ တစ်ချို့ကျအနည်း ဆုံးပြစ်ဒဏ်ချတယ်။ တစ်ချို့ကျတော့လည်း ထိထိရောက်ရောက်ဖြစ်အောင်ဆိုပြီး ဒဏ်ငွေရဲ့အမြင့်ဆုံးပြစ်ဒဏ်ချတာရှိတယ်။ လှည်းကူးမြို့နယ် တရားရုံးရယ်၊ နေပြည်တော် မော်တော်ယာဉ် တရားရုံးရယ်၊ တံတားဦးမြို့နယ် မော်တော်ယာဉ်တရားရုံးတို့မှာဆိုရင် အမြင့်ဆုံးဒဏ်ငွေဖြစ်တဲ့ ဒဏ်‌ငွေတစ်သိန်းထိ ချမှတ်ပါတယ်။ ဖြူးနဲ့သီကုန်းမှာဆိုရင် ဒဏ်ငွေငါးသောင်းနဲ့ တစ်သိန်းကြားပေါ့။ တရားသူကြီးရဲ့ဆုံးဖြတ်ချက်နဲ့ ဒဏ်ငွေချပါတယ်” ဟု နေပြည်တော်ရှိ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အမြန်လမ်း၌ဖြစ်ပွားနေသည့် အမှုများကို လှည်းကူးမြို့ နယ် မော်တော်ယာဉ်တရားရုံး၊ ဖြူးမြို့နယ် မော်တော် ယာဉ်တရားရုံး၊ ဇမ္ဗူသီရိမြို့နယ်ရှိ မော်တော်ယာဉ်တရားရုံး၊ မိတ္ထီလာမြို့နယ် မော်တော်ယာဉ်တရားရုံး နှင့် တံတားဦးမြို့နယ် မော်တော်ယာဉ်တရားရုံးများတွင် အရေးယူလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က အရှိန်နှုန်းတိုင်းတာတဲ့ စက်တွေကို လမ်းမကြီးတစ်လျှောက်မှာ ဖြန့်ခွဲထားပြီးတော့ နေရာပေါင်းစုံက မော်တော်ယာဉ်တွေ သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်တာ မရှိစေဖို့ စက်နဲ့တိုင်း တာပါတယ်။ တိုင်းတာတဲ့အခါမှာ မော်တော်ယာဉ်တွေ ကျော်လွန်တဲ့အရှိန်ကော၊ ယာဉ်ရဲ့ ပုံရိပ်ကိုကော တစ်ခါတည်းဖမ်းပြီးတော့ လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ လမ်းအသုံးပြုခကောက်ခံတဲ့တိုးဂိတ် နဲ့ Mini တိုးဂိတ်တွေမှာ တာဝန်ချထားတဲ့ တပ်ဖွဲ့ဝင်တွေကို ပို့ပါတယ်။ ပို့လိုက်တဲ့ ပုံတွေနဲ့ တိုက်ဆိုင်ပြီးတော့မှ အဲဒီကားတွေကို ၂၀၁၀ ပြည်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေနဲ့ ကျွန်တော်တို့က အမှုဖွင့်ပြီးတော့မှ သက်ဆိုင် ရာ မြို့နယ်တရားရုံးတွေမှာ ဒဏ်ငွေဆောင်စေပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်အမျိုး အစားပေါ်မူတည်၍ မောင်းနှင်ရမည့် ကီလိုမီတာများကို သတ်မှတ်ထားကြောင်း သိရသည်။

ထို့ကြောင့် အိမ်စီးယာဉ်များအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)၊ ခရီးသည် express ယာဉ်များအတွက် ကီလိုမီတာ (၉၀) နှင့် Light Truck၊ Hijet၊ Telematics စနစ်တပ်ထားသည့် ကုန်တင်ယာဉ်များအတွက် ကီလိုမီတာ (၆၀)အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ အမြန်လမ်း၌ ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း အသက်ကယ် ခါးပတ်မပတ်သည့် အမှုပေါင်း (၁၉၀၆)မှု ရှိပြီး တစ်မှုလျှင် ဒဏ်ငွေ ကျပ်(၃)သောင်းစီ ဒဏ်ရိုက်ကြောင်း သိရသည်။

zawgyi version
အျမန္လမ္းတြင္ သတ္မွတ္အရွိန္ထက္ ေက်ာ္လြန္ေမာင္းႏွင္သည့္ယာဥ္မ်ားကို ဖမ္းဆီးအေရးယူသည့္ အမႈေပါင္း (၁၃၀၀၀)ေက်ာ္ရွိခဲ့

ေစာ (NP News) - ဇန္နဝါရီ ၁၀

၂၀၂၃ ခုႏွစ္တြင္ ရန္ကုန္-မႏၲေလး အျမန္လမ္း၌ သတ္ မွတ္အရွိန္ထက္ ေက်ာ္လြန္ေမာင္းႏွင္ေသာ ယာဥ္မ်ားကို ဖမ္းဆီးအေရးယူခဲ့ရာ အမႈေပါင္း (၁၃၀၀၀)ေက်ာ္ရွိခဲ့ေၾကာင္း ေနျပည္ေတာ္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးထံမွသိရသည္။

အျမန္လမ္း၌ သတ္မွတ္ထားသည့္အရွိန္ႏႈန္းထက္ ေက်ာ္လြန္ေမာင္းႏွင္ေသာယာဥ္မ်ားကို ဖမ္းဆီးကာ သက္ဆိုင္ရာတရား႐ုံးမ်ားသို႔ တရားစြဲတင္ပို႔ခဲ့သည့္ အမႈေပါင္း(၁၃၀၁၉)မႈရွိေၾကာင္း သိရသည္။

“ဒဏ္ေငြခ်မွတ္တယ္ဆိုတဲ့ေနရာမွာလည္း တရား႐ုံးတစ္႐ုံးနဲ႔တစ္႐ုံးေတာ့ မတူဘူးေပါ့။ တစ္ခ်ိဳ႕က်အနည္း ဆုံးျပစ္ဒဏ္ခ်တယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ထိထိေရာက္ေရာက္ျဖစ္ေအာင္ဆိုၿပီး ဒဏ္ေငြရဲ႕အျမင့္ဆုံးျပစ္ဒဏ္ခ်တာရွိတယ္။ လွည္းကူးၿမိဳ႕နယ္ တရား႐ုံးရယ္၊ ေနျပည္ေတာ္ ေမာ္ေတာ္ယာဥ္ တရား႐ုံးရယ္၊ တံတားဦးၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္တရား႐ုံးတို႔မွာဆိုရင္ အျမင့္ဆုံးဒဏ္ေငြျဖစ္တဲ့ ဒဏ္‌ေငြတစ္သိန္းထိ ခ်မွတ္ပါတယ္။ ျဖဴးနဲ႔သီကုန္းမွာဆိုရင္ ဒဏ္ေငြငါးေသာင္းနဲ႔ တစ္သိန္းၾကားေပါ့။ တရားသူႀကီးရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ဒဏ္ေငြခ်ပါတယ္” ဟု ေနျပည္ေတာ္ရွိ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အျမန္လမ္း၌ျဖစ္ပြားေနသည့္ အမႈမ်ားကို လွည္းကူးၿမိဳ႕ နယ္ ေမာ္ေတာ္ယာဥ္တရား႐ုံး၊ ျဖဴးၿမိဳ႕နယ္ ေမာ္ေတာ္ ယာဥ္တရား႐ုံး၊ ဇမၺဴသီရိၿမိဳ႕နယ္ရွိ ေမာ္ေတာ္ယာဥ္တရား႐ုံး၊ မိတၳီလာၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္တရား႐ုံး ႏွင့္ တံတားဦးၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္တရား႐ုံးမ်ားတြင္ အေရးယူလ်က္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔က အရွိန္ႏႈန္းတိုင္းတာတဲ့ စက္ေတြကို လမ္းမႀကီးတစ္ေလွ်ာက္မွာ ျဖန႔္ခြဲထားၿပီးေတာ့ ေနရာေပါင္းစုံက ေမာ္ေတာ္ယာဥ္ေတြ သတ္မွတ္အရွိန္ႏႈန္းထက္ ေက်ာ္လြန္ေမာင္းႏွင္တာ မရွိေစဖို႔ စက္နဲ႔တိုင္း တာပါတယ္။ တိုင္းတာတဲ့အခါမွာ ေမာ္ေတာ္ယာဥ္ေတြ ေက်ာ္လြန္တဲ့အရွိန္ေကာ၊ ယာဥ္ရဲ႕ ပုံရိပ္ကိုေကာ တစ္ခါတည္းဖမ္းၿပီးေတာ့ လမ္းမႀကီးတစ္ေလွ်ာက္မွာရွိတဲ့ လမ္းအသုံးျပဳခေကာက္ခံတဲ့တိုးဂိတ္ နဲ႔ Mini တိုးဂိတ္ေတြမွာ တာဝန္ခ်ထားတဲ့ တပ္ဖြဲ႕ဝင္ေတြကို ပို႔ပါတယ္။ ပို႔လိုက္တဲ့ ပုံေတြနဲ႔ တိုက္ဆိုင္ၿပီးေတာ့မွ အဲဒီကားေတြကို ၂၀၁၀ ျပည္ႏွစ္ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ ကြၽန္ေတာ္တို႔က အမႈဖြင့္ၿပီးေတာ့မွ သက္ဆိုင္ ရာ ၿမိဳ႕နယ္တရား႐ုံးေတြမွာ ဒဏ္ေငြေဆာင္ေစပါတယ္” ဟု ၎ကေျပာသည္။

လက္ရွိတြင္ ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ယာဥ္အမ်ိဳး အစားေပၚမူတည္၍ ေမာင္းႏွင္ရမည့္ ကီလိုမီတာမ်ားကို သတ္မွတ္ထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အိမ္စီးယာဥ္မ်ားအတြက္ တစ္နာရီလွ်င္ ကီလိုမီတာ (၁၀၀)၊ ခရီးသည္ express ယာဥ္မ်ားအတြက္ ကီလိုမီတာ (၉၀) ႏွင့္ Light Truck၊ Hijet၊ Telematics စနစ္တပ္ထားသည့္ ကုန္တင္ယာဥ္မ်ားအတြက္ ကီလိုမီတာ (၆၀)အျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။

အလားတူ အျမန္လမ္း၌ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း အသက္ကယ္ ခါးပတ္မပတ္သည့္ အမႈေပါင္း (၁၉၀၆)မႈ ရွိၿပီး တစ္မႈလွ်င္ ဒဏ္ေငြ က်ပ္(၃)ေသာင္းစီ ဒဏ္႐ိုက္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.