လုပ်ငန်းများရပ်နားထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းအစိုးရအနေဖြင့် စိတ်ဝင်စားနေပြီး ပြန်လည်ဆက်သွယ်မှုများရှိနေ

 1857

ယွန်း (NP News) - ဇန်နဝါရီ ၁၁

လုပ်ငန်းများရပ်စဲထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံအစိုးရအနေဖြင့် စိတ်ဝင်စားနေပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအထားများရှိနေကြောင်း သိရသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇန်နဝါရီလ(၁၀)ရက်တွင် ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်သုံးခုအနက် တတိယစီမံကိန်းတစ်ခုဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀ဝ၈ ခုနှစ်တွင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ နောက်ပိုင်းကာလများ၌ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်းကုမ္ပဏီအနေဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းကို ရပ်စဲထားခဲ့ရာ ဖြေရှင်းဆောင်ရွက်ရမည့် အနေအထားများရှိနေကြောင်း ဗဟိုအဖွဲ့ ဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

သို့သော် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံအစိုးရနှင့် ချိတ်ဆက်ဆောင် ရွက်နိုင်ရန် အစီအစဥ်ရှိနေသည်ကို သိရကြောင်း ၎င်းက ပြော သည်။

လက်ရှိတွင် ထိုင်းအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအ ထားများရှိနေသည့်အတွက် အဆိုပါကိစ္စရပ်အပေါ်တွင် လိုအပ်သလိုပူးပေါင်းဆောင်ရွက်သွားရေး ၎င်းက တိုက်တွန်းပြောကြားထားသည်။

“တစ်ဖက်နိုင်ငံက စိတ်ဝင်စားမှုရှိနေတယ်ဆိုတာက စီးပွားရေးပြန်လည်နလန်ထဖို့အတွက်ရော ပြည်တွင်း၊ ပြည်ပအလုပ်အ ကိုင်တွေ၊ လုပ်ငန်းတွေ ပြန်ပြီးတော့ကောင်းမွန်ဖို့အတွက်ရော ပိုပြီးတော့ကောင်းလာမယ်လို့ထင်ပါတယ်။ အခွင့်အရေးလေးရတာတော့ကောင်းတယ်။ အချိန်အများကြီးယူရမယ်။ ပြည်တွင်းကရော နိုင်ငံခြားကရော ရင်းနှီးမြှုပ်မှုတွေ ဝင်လာမှအဆင်ပြေမှာပေါ့။ အရင်းအနှီးလည်းများလိမ့်မယ်။ ရေရှည်မှာ တိုင်းပြည်အတွက်လည်း လိုတယ်။ ပြည်သူတွေအတွက်ရော၊ လုပ်ငန်းတွေအတွက်လည်းလိုတဲ့ စီးပွားရေးဇုန်ကြီးပေါ့”ဟု စီးပွားရေးပညာရှင်တစ်ဦးက NP News ကို သုံးသပ်ပြောကြားထားသည်။

ထားဝယ် အထူးစီးပွားရေးဇုန်သည် ဟက်တာ ၂ဝဝဝဝ အကျယ် အဝန်းရှိပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့တောင်အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေ နှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁ဝ၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြားဝင်ထွက်ဇုန်တို့ပါဝင်ရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။

zawgyi version
လုပ္ငန္းမ်ားရပ္နားထားသည့္ ထားဝယ္အထူးစီးပြားေရးဇုန္အား ထိုင္းအစိုးရအေနျဖင့္ စိတ္ဝင္စားေနၿပီး ျပန္လည္ဆက္သြယ္မႈမ်ားရွိေန

ယြန္း (NP News) - ဇန္နဝါရီ ၁၁

လုပ္ငန္းမ်ားရပ္စဲထားသည့္ ထားဝယ္အထူးစီးပြားေရးဇုန္အား ထိုင္းႏိုင္ငံအစိုးရအေနျဖင့္ စိတ္ဝင္စားေနၿပီး ျပန္လည္ဆက္သြယ္လာသည့္ အေနအထားမ်ားရွိေနေၾကာင္း သိရသည္။

ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ဇန္နဝါရီလ(၁၀)ရက္တြင္ က်င္းပခဲ့သည့္ ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာဗဟိုအဖြဲ႕၏ (၁/၂၀၂၄) ႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ အေကာင္အထည္ေဖာ္ေနသည့္ အထူးစီးပြားေရးဇုန္သုံးခုအနက္ တတိယစီမံကိန္းတစ္ခုျဖစ္သည့္ ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းကို ၂၀ဝ၈ ခုႏွစ္တြင္အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္ခဲ့ၾကသည္။

ထို႔သို႔ေဆာင္႐ြက္လ်က္ရွိရာ ေနာက္ပိုင္းကာလမ်ား၌ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တာဝန္ေပးထားသည့္ အီတာလ်ံ-ထိုင္းကုမၸဏီအေနျဖင့္ ေရွ႕ဆက္မတိုးႏိုင္ဘဲ လုပ္ငန္းကို ရပ္စဲထားခဲ့ရာ ေျဖရွင္းေဆာင္႐ြက္ရမည့္ အေနအထားမ်ားရွိေနေၾကာင္း ဗဟိုအဖြဲ႕ ဥကၠ႒က အသိေပးေျပာၾကားထားသည္။

သို႔ေသာ္ ထိုင္းႏိုင္ငံ၏ ႏိုင္ငံေရးအေျပာင္းအလဲေၾကာင့္ ထားဝယ္အထူးစီးပြားေရးဇုန္ကို ထိုင္းႏိုင္ငံအစိုးရႏွင့္ ခ်ိတ္ဆက္ေဆာင္ ႐ြက္ႏိုင္ရန္ အစီအစဥ္ရွိေနသည္ကို သိရေၾကာင္း ၎က ေျပာ သည္။

လက္ရွိတြင္ ထိုင္းအစိုးရအေနျဖင့္ ထားဝယ္အထူးစီးပြားေရးဇုန္ကိစၥကို စိတ္ဝင္စားၿပီး ျပန္လည္ဆက္သြယ္လာသည့္ အေနအ ထားမ်ားရွိေနသည့္အတြက္ အဆိုပါကိစၥရပ္အေပၚတြင္ လိုအပ္သလိုပူးေပါင္းေဆာင္႐ြက္သြားေရး ၎က တိုက္တြန္းေျပာၾကားထားသည္။

“တစ္ဖက္ႏိုင္ငံက စိတ္ဝင္စားမႈရွိေနတယ္ဆိုတာက စီးပြားေရးျပန္လည္နလန္ထဖို႔အတြက္ေရာ ျပည္တြင္း၊ ျပည္ပအလုပ္အ ကိုင္ေတြ၊ လုပ္ငန္းေတြ ျပန္ၿပီးေတာ့ေကာင္းမြန္ဖို႔အတြက္ေရာ ပိုၿပီးေတာ့ေကာင္းလာမယ္လို႔ထင္ပါတယ္။ အခြင့္အေရးေလးရတာေတာ့ေကာင္းတယ္။ အခ်ိန္အမ်ားႀကီးယူရမယ္။ ျပည္တြင္းကေရာ ႏိုင္ငံျခားကေရာ ရင္းႏွီးျမႇဳပ္မႈေတြ ဝင္လာမွအဆင္ေျပမွာေပါ့။ အရင္းအႏွီးလည္းမ်ားလိမ့္မယ္။ ေရရွည္မွာ တိုင္းျပည္အတြက္လည္း လိုတယ္။ ျပည္သူေတြအတြက္ေရာ၊ လုပ္ငန္းေတြအတြက္လည္းလိုတဲ့ စီးပြားေရးဇုန္ႀကီးေပါ့”ဟု စီးပြားေရးပညာရွင္တစ္ဦးက NP News ကို သုံးသပ္ေျပာၾကားထားသည္။

ထားဝယ္ အထူးစီးပြားေရးဇုန္သည္ ဟက္တာ ၂ဝဝဝဝ အက်ယ္ အဝန္းရွိၿပီး စီမံကိန္းလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ၿပီးစီးပါက အေရွ႕ေတာင္အာရွတြင္ အႀကီးဆုံးစီးပြားေရးဇုန္ ျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။

အထူးစီးပြားေရးဇုန္တြင္ ထားဝယ္ ေရနက္ဆိပ္ကမ္း၊ စက္မႈဇုန္နယ္ေျမ ႏွင့္ ထိုင္းႏိုင္ငံ ကန္ခ်နပူရီသို႔ သြယ္တန္းေဖာက္လုပ္မည့္ ၁ဝ၅ မိုင္အရွည္ရွိ ၈ လမ္းသြား စူပါဟိုင္းေဝးကားလမ္း၊ ရထားလမ္း၊ ဓာတ္အားလိုင္းမ်ား၊ ေရနံ၊ သဘာဝပိုက္လိုင္းမ်ား ပါဝင္ၿပီး နယ္ျခားဝင္ထြက္ဇုန္တို႔ ပါဝင္ရန္ စီစဥ္ထားခဲ့ေၾကာင္း သိရသည္။

Picture

L Mone

11/01/2024 17:42

အိန္ဒီယကို ပေးသင့်ပါတယ်

Picture

L Mone

11/01/2024 17:43

အိန္ဒိယကို စမ်းကြည့်သင့်ပါတယ်...ထိုင်းနဲ့စာရင် အိန္ဒိယ ဂျပန် တရုတ်ပဲ ဖြစ်သင့်ပါတယ်

Related news

© 2021. All rights reserved.