'ဂြိုလ်သားမံမီ'လို့ ယူဆထားတဲ့ရုပ်အလောင်းဟာ တိရစ္ဆာန်အရိုးတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်များသာဖြစ်ကြောင်း သိပ္ပံပညာရှင်များက အခိုင်အမာဆို

1110
ရောင်နီ (NP News) - ဇန်နဝါရီ ၁၄
ပီရူးနိုင်မှာ ထူးထူးခြားခြား တူးဖော်တွေ့ရှိတဲ့ ဂြိုလ်သားမံမီ စုံတွဲတစ်တွဲရဲ့ ရုပ်အလောင်းလို့အများက ယူဆထားတဲ့ တွေ့ရှိချက်ဟာ တိရစ္ဆာန်အရိုးတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေသာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။
ဒီအကြောင်းကို ဇန်နဝါရီလ ၁၂ ရက်က သိပ္ပံပညာရှင်တွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရ သိရခြင်းဖြစ်ပါတယ်။ လီမာမှာ ဇန်နဝါရီလ ၁၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျွမ်းကျင်သူတွေက အဆိုပါရုပ်အလောင်းကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးခဲ့ရာမှာ ဂြိုဟ်သားပုံစံနဲ့ ကိုက်ညီမှု မရှိကြောင်း နဲ့ တိရစ္ဆာန်အရိုးတွေနဲ့ပြုလုပ်ထားတဲ့ အရုပ်တွေသာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုခဲ့ကြပါတယ်။
Andean ရိုးရာဝတ်စုံကို ၀တ်ဆင်ထားတဲ့၊ ခြောက်သွေ့တဲ့ ပုံစံရှိတဲ့ အဆိုပါ အရုပ် (၂) ရုပ်ကို အချို့သောမီဒီယာတွေက ဂြိုလ်သားရုပ်ကြွင်းတွေဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။
မက္ကဆီကို သတင်းထောက်နဲ့ UFO ဝါသနာရှင် ဂျင်းမူဆန်ကတော့ အဆိုပါ အရုပ်ဟာ နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိပြီလို့ ယူဆထားပါတယ်။

zawgyi version
'ၿဂိဳလ္သားမံမီ'လို႔ ယူဆထားတဲ့႐ုပ္အေလာင္းဟာ တိရစာၦန္အ႐ိုးေတြနဲ႔ ျပဳလုပ္ထားတဲ့ အ႐ုပ္မ်ားသာျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ားက အခိုင္အမာဆို
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၄
ပီ႐ူးႏိုင္မွာ ထူးထူးျခားျခား တူးေဖာ္ေတြ႕ရွိတဲ့ ၿဂိဳလ္သားမံမီ စုံတြဲတစ္တြဲရဲ႕ ႐ုပ္အေလာင္းလို႔အမ်ားက ယူဆထားတဲ့ ေတြ႕ရွိခ်က္ဟာ တိရစာၦန္အ႐ိုးေတြနဲ႔ ျပဳလုပ္ထားတဲ့ အ႐ုပ္ေတြသာျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုထားပါတယ္။
ဒီအေၾကာင္းကို ဇန္နဝါရီလ ၁၂ ရက္က သိပၸံပညာရွင္ေတြရဲ႕ ထုတ္ေဖာ္ေျပာဆိုခ်က္အရ သိရျခင္းျဖစ္ပါတယ္။ လီမာမွာ ဇန္နဝါရီလ ၁၂ ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကြၽမ္းက်င္သူေတြက အဆိုပါ႐ုပ္အေလာင္းကို ခြဲျခမ္းစိတ္ျဖာစစ္ေဆးခဲ့ရာမွာ ၿဂိဳဟ္သားပုံစံနဲ႔ ကိုက္ညီမႈ မရွိေၾကာင္း နဲ႔ တိရစာၦန္အ႐ိုးေတြနဲ႔ျပဳလုပ္ထားတဲ့ အ႐ုပ္ေတြသာ ျဖစ္တယ္လို႔ အခိုင္အမာ ဆိုခဲ့ၾကပါတယ္။
Andean ႐ိုးရာဝတ္စုံကို ၀တ္ဆင္ထားတဲ့၊ ေျခာက္ေသြ႕တဲ့ ပုံစံရွိတဲ့ အဆိုပါ အ႐ုပ္ (၂) ႐ုပ္ကို အခ်ိဳ႕ေသာမီဒီယာေတြက ၿဂိဳလ္သား႐ုပ္ႂကြင္းေတြျဖစ္မယ္လို႔ ခန႔္မွန္းခဲ့ၾကတာ ျဖစ္ပါတယ္။
မကၠဆီကို သတင္းေထာက္နဲ႔ UFO ဝါသနာရွင္ ဂ်င္းမူဆန္ကေတာ့ အဆိုပါ အ႐ုပ္ဟာ ႏွစ္ေပါင္း ၁၀၀၀ သက္တမ္းရွိၿပီလို႔ ယူဆထားပါတယ္။