ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်သို့ တတိယအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ(၁၅)သန်း ထပ်မံရောင်းချ

 3906

ယွန်း (NP News) - ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့(ဇန်နဝါရီလ ၁၅ ရက်)၌ နိုင်ငံခြားငွေဈေးကွက်တွင် အမေရိကန်ဒေါ်လာ(၁၅)သန်း ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်တွင် နိုင်ငံ ခြားငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းရောင်းချပေးခဲ့သည့်အပြင် အမေရိကန်ဒေါ်လာ(၄)သန်းနှင့် ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။

ထို့ပြင် ဇန်နဝါရီလ(၅)ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ (၁၆)သန်း ထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ(၁)ရက်မှ ဇန်န ဝါရီလ(၁၅)ရက်အထိ နိုင်ငံခြားငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉၃ သန်းရောင်းချပေးထားကြောင်း အချက် အလက်များအရ သိရသည်။

ယနေ့(ဇန်နဝါရီလ ၁၅ ရက်)တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၄၀၀ ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။

အလားတူ ဗဟိုဘဏ်သည် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၈)ရက်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးထားပြီး ဒီဇင်ဘာ လ(၂၁)ရက်၌လည်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၃ သန်းရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

zawgyi version
ဗဟိုဘဏ္မွ ႏိုင္ငံျခားေငြေၾကးေဈးကြက္သို႔ တတိယအႀကိမ္အျဖစ္ အေမရိကန္ေဒၚလာ(၁၅)သန္း ထပ္မံေရာင္းခ်

ယြန္း (NP News) - ဇန္နဝါရီ ၁၅

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ယေန႔(ဇန္နဝါရီလ ၁၅ ရက္)၌ ႏိုင္ငံျခားေငြေဈးကြက္တြင္ အေမရိကန္ေဒၚလာ(၁၅)သန္း ေရာင္းခ်ေပးခဲ့ေၾကာင္း ဗဟိုဘဏ္မွ အသိေပးထုတ္ျပန္ထား သည္။

ဗဟိုဘဏ္အေနျဖင့္ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁)ရက္တြင္ ႏိုင္ငံ ျခားေငြေၾကးေဈးကြက္၌ အေမရိကန္ေဒၚလာ ၁၂ ဒသမ ၉၃ သန္းေရာင္းခ်ေပးခဲ့သည့္အျပင္ အေမရိကန္ေဒၚလာ(၄)သန္းႏွင့္ ညီမွ်ေသာ တ႐ုတ္ယြမ္အား SWAP Facility ေပးခဲ့သည္။

ထို႔ျပင္ ဇန္နဝါရီလ(၅)ရက္ကလည္း ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ အေမရိကန္ေဒၚလာ (၁၆)သန္း ထပ္မံေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဗဟိုဘဏ္အေနျဖင့္ ဇန္နဝါရီလ(၁)ရက္မွ ဇန္န ဝါရီလ(၁၅)ရက္အထိ ႏိုင္ငံျခားေငြေၾကးေဈးကြက္၌ အေမရိကန္ေဒၚလာ ၄၃ ဒသမ ၉၃ သန္းေရာင္းခ်ေပးထားေၾကာင္း အခ်က္ အလက္မ်ားအရ သိရသည္။

ယေန႔(ဇန္နဝါရီလ ၁၅ ရက္)တြင္ ႏိုင္ငံျခားေငြေၾကးေဈးကြက္အတြင္း၌ အေမရိကန္တစ္ေဒၚလာလွ်င္ ျမန္မာက်ပ္ေငြ ၃၄၀၀ ဝန္းက်င္ေပါက္ေဈးရွိေၾကာင္း သိရသည္။

အလားတူ ဗဟိုဘဏ္သည္ စက္သုံးဆီတင္သြင္းေသာ ကုမၸဏီမ်ားအတြက္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၁၈)ရက္တြင္ အေမရိကန္ေဒၚလာ ၉ ဒသမ ၇၂ သန္း ေရာင္းခ်ေပးထားၿပီး ဒီဇင္ဘာ လ(၂၁)ရက္၌လည္း အေမရိကန္ေဒၚလာ ၁၂ ဒသမ ၄၃ သန္းေရာင္းခ်ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.