၂၀၂၃ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆု နှင့် တာဝန်သိယာဉ်မောင်းဆုများကို ယာဉ်မောင်း(၁၀၀)နီးပါးအား YRTC ပေးအပ်
616
သန့်ဇင် (NP News) - ဇန်နဝါရီ ၂၆
၂၀၂၃ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ် မောင်းဆုများကို YBS ယာဉ်မောင်း (၉၈)ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် YBS ယာဉ်မောင်းများအား စံပြီယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်မောင်းဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့(ဇန်နဝါရီလ ၂၆ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဒီပွဲက ၂၀၂၁ ကစပြီးနှစ်စဉ်ကျင်းပလာခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ အောက်မှာရှိတဲ့ YBS ကုမ္ပဏီ(၂၁)ခုကနေ (၃)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ခုက ၂၀၂၃ ခုနှစ်က YBS ယာဉ်မောင်းတွေထဲက စံပြယာဉ်မောင်းဆုရယ်၊ တာဝန်သိယာဉ်မောင်းဆုတွေကို ချီးမြှင့်တာပါ”ဟု YRTC မှတွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
၂၀၂၃ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိသူ (၄၄)ဦးနှင့် တာဝန်သိယာဉ်မောင်းဆုရရှိသူ(၅၄)ဦးရှိခဲ့ကြောင်း သိရသည်။
“ဆုချီးမြင့်တဲ့အခါမှာ စံပြယာဉ်မောင်းဆုရရှိတဲ့ ယာဉ်မောင်းဆိုရင် ယာဉ်ကိုကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်တဲ့ ယာဉ်မောင်းဖြစ်ရမယ်။ ခရီးသည်တွေကိုလည်း ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ယာဉ်မောင်းဖြစ်ရမယ်။ နောက်တစ်ခုက အဲဒီယာဉ်မောင်းဟာ ပြစ်မှုအရ ဖမ်းဆီးထိန်းသိမ်းခြင်းမခံရတဲ့ ယာဉ်မောင်းဖြစ်ဖို့လိုပါတယ်။ တာဝန်သိယာဉ်မောင်းဆုရရှိသူဆိုရင်လည်း ကုမ္ပဏီကနေပြီးတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ယာဉ်ပေါ်မှာ ခရီးသည်တွေကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ပေးအပ်တဲ့ ယာဉ်မောင်းတွေလိုမျိုး ယာဉ်မောင်းတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း YBS ယာဉ်မောင်းများ၏ မချေမငံပြောဆိုမှုများ အပါအဝင် အမှုပေါင်း(၃၂၀၀၀)ကျော်ကို အရေးယူ ထားကြောင်းလည်း YRTC၏ သတင်းအချက်အလက်များ အရ သိရသည်။
zawgyi version
၂၀၂၃ ခုႏွစ္အတြက္ YBS စံျပယာဥ္ေမာင္းဆု ႏွင့္ တာဝန္သိယာဥ္ေမာင္းဆုမ်ားကို ယာဥ္ေမာင္း (၁၀၀)နီးပါးအား YRTC ေပးအပ္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၆
၂၀၂၃ ခုႏွစ္အတြက္ စံျပယာဥ္ေမာင္းဆုႏွင့္ တာဝန္သိယာဥ္ ေမာင္းဆုမ်ားကို YBS ယာဥ္ေမာင္း (၉၈)ဦးအား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္အတြက္ YBS ယာဥ္ေမာင္းမ်ားအား စံၿပီယာဥ္ေမာင္းဆုႏွင့္ တာဝန္သိယာဥ္ေမာင္းဆု ခ်ီးျမႇင့္ျခင္းအခမ္းအနားကို ယေန႔(ဇန္နဝါရီလ ၂၆ ရက္)၊ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ ေကာ္မတီ (YRTC) ႐ုံးခ်ဳပ္၌ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
“ဒီပြဲက ၂၀၂၁ ကစၿပီးႏွစ္စဥ္က်င္းပလာခဲ့တာပါ။ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ ေကာ္မတီ ေအာက္မွာရွိတဲ့ YBS ကုမၸဏီ(၂၁)ခုကေန (၃)ႀကိမ္ေျမာက္အျဖစ္က်င္းပျပဳလုပ္တာျဖစ္ပါတယ္။ ခုက ၂၀၂၃ ခုႏွစ္က YBS ယာဥ္ေမာင္းေတြထဲက စံျပယာဥ္ေမာင္းဆုရယ္၊ တာဝန္သိယာဥ္ေမာင္းဆုေတြကို ခ်ီးျမႇင့္တာပါ”ဟု YRTC မွတြဲဖက္ အတြင္းေရးမႉး ဦးလ်န္က်င့္မန္က ေျပာသည္။
၂၀၂၃ ခုႏွစ္အတြက္ စံျပယာဥ္ေမာင္းဆုရရွိသူ (၄၄)ဦးႏွင့္ တာဝန္သိယာဥ္ေမာင္းဆုရရွိသူ(၅၄)ဦးရွိခဲ့ေၾကာင္း သိရသည္။
“ဆုခ်ီးျမင့္တဲ့အခါမွာ စံျပယာဥ္ေမာင္းဆုရရွိတဲ့ ယာဥ္ေမာင္းဆိုရင္ ယာဥ္ကိုကြၽမ္းကြၽမ္းက်င္က်င္ေမာင္းႏွင္တဲ့ ယာဥ္ေမာင္းျဖစ္ရမယ္။ ခရီးသည္ေတြကိုလည္း ဝန္ေဆာင္မႈေကာင္းေကာင္းေပးႏိုင္တဲ့ယာဥ္ေမာင္းျဖစ္ရမယ္။ ေနာက္တစ္ခုက အဲဒီယာဥ္ေမာင္းဟာ ျပစ္မႈအရ ဖမ္းဆီးထိန္းသိမ္းျခင္းမခံရတဲ့ ယာဥ္ေမာင္းျဖစ္ဖို႔လိုပါတယ္။ တာဝန္သိယာဥ္ေမာင္းဆုရရွိသူဆိုရင္လည္း ကုမၸဏီကေနၿပီးေတာ့ ၂၀၂၃ ခုႏွစ္အတြင္းမွာ ယာဥ္ေပၚမွာ ခရီးသည္ေတြက်န္ခဲ့တဲ့ ပစၥည္းေတြကို ျပန္ေပးအပ္တဲ့ ယာဥ္ေမာင္းေတြလိုမ်ိဳး ယာဥ္ေမာင္းေတြကို ေ႐ြးခ်ယ္ခ်ီးျမႇင့္တာျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း YBS ယာဥ္ေမာင္းမ်ား၏ မေခ်မငံေျပာဆိုမႈမ်ား အပါအဝင္ အမႈေပါင္း(၃၂၀၀၀)ေက်ာ္ကို အေရးယူ ထားေၾကာင္းလည္း YRTC၏ သတင္းအခ်က္အလက္မ်ား အရ သိရသည္။