လက်ရှိဖြစ်ပွားနေသောပြဿနာသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင်ပြည်နယ်များကို ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ဟု တပ်ချုပ်ပြော

2044

Pearl (NP News) - ဇန်နဝါရီ ၂၈
လက်ရှိဖြစ်ပွားနေသောပြဿနာသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင်ပြည်နယ်များကို ဥပဒေပြင်ပမှ တောင်းဆို လာခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက ဇန်နဝါရီလ (၂၆)ရက်တွင် နစကဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံး ညီညွှတ်မှု အားနည်းနေသည်ကိုတွေ့ရကြောင်း နှင့် နိုင်ငံရေး ခိုင်မာရန် တည်ဆောက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရ ကြောင်း တပ်ချုပ်က ဆိုသည်။
ယခုဖြစ်ပွားနေသည့်ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိရန် အတွက် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှုမြင်ထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကြောင်း နှင့် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင် ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) သည် ပြည်သူအများစု၏ ဆန္ဒမဲများဖြင့် အတည်ပြုပြဋ္ဌာန်း ထားခြင်းဖြစ်သဖြင့် ကျော်လွန်ဆောင်ရွက်၍မရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံ ပြောကြားခဲ့သည်။
လက်ရှိတွင် ကိုးကန့်လက်နိုင်အဖွဲ့ MNDAA သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသအုပ်ချုပ်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နေလျက်ရှိသည်။
အလားတူ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA သည်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများ ကို တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ပဲခူးတိုင်းတို့တွင်လည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့များ၊ PDF အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

Zawgyi Version;
လက္ရွိျဖစ္ပြားေနေသာျပႆနာသည္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ႏွင့္ ကိုယ္ပိုင္ျပည္နယ္မ်ားကို ဥပေဒျပင္ပမွ ေတာင္းဆိုလာျခင္းျဖစ္ဟု တပ္ခ်ဳပ္ေျပာ
Pearl (NP News) - ဇန္နဝါရီ ၂၈
လက္ရွိျဖစ္ပြားေနေသာျပႆနာသည္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ႏွင့္ ကိုယ္ပိုင္ျပည္နယ္မ်ားကို ဥပေဒျပင္ပမွ ေတာင္းဆို လာျခင္းျဖစ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
၎က ဇန္နဝါရီလ (၂၆)ရက္တြင္ နစကဥကၠ႒႐ုံး၌ က်င္းပခဲ့ေသာ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ တရားဥပေဒစိုးမိုးေရးေကာ္မတီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံသည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ၌ ေလွ်ာက္လွမ္းေနခ်ိန္ျဖစ္ေသာ္လည္း စည္းလုံး ညီၫႊတ္မႈ အားနည္းေနသည္ကိုေတြ႕ရေၾကာင္း ႏွင့္ ႏိုင္ငံေရး ခိုင္မာရန္ တည္ေဆာက္ႏိုင္ျခင္းမရွိေသးသည္ကို ေတြ႕ရွိရ ေၾကာင္း တပ္ခ်ဳပ္က ဆိုသည္။
ယခုျဖစ္ပြားေနသည့္ျပႆနာမွာ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ ကိုယ္ပိုင္ျပည္နယ္၊ ေဒသမ်ားရရွိရန္ အတြက္ ဥပေဒျပင္ပမွ ေတာင္းဆိုလာျခင္းျဖစ္သည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ရႈျမင္ထားသည္။
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္မ်ားႏွင့္ပတ္သက္၍ ေဆာင္႐ြက္ရာတြင္လည္း ႏိုင္ငံေရးအရ ေဆြးေႏြး ေဆာင္႐ြက္ၿပီး လႊတ္ေတာ္တြင္အတည္ျပဳရန္လိုေၾကာင္း ႏွင့္ လက္နက္ကိုင္လမ္းစဥ္ျဖင့္ ေတာင္းဆို၍မရႏိုင္ ေၾကာင္း ၎က ဆက္လက္ေျပာသည္။
အလားတူ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂ဝဝ၈ ခုႏွစ္) သည္ ျပည္သူအမ်ားစု၏ ဆႏၵမဲမ်ားျဖင့္ အတည္ျပဳျပ႒ာန္း ထားျခင္းျဖစ္သျဖင့္ ေက်ာ္လြန္ေဆာင္႐ြက္၍မရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထပ္မံ ေျပာၾကားခဲ့သည္။
လက္ရွိတြင္ ကိုးကန႔္လက္ႏိုင္အဖြဲ႕ MNDAA သည္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းအတြင္းရွိ လုံၿခဳံေရးစခန္းမ်ားကို တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ ေဒသအုပ္ခ်ဳပ္ေရး လုပ္ငန္းမ်ားကို စတင္လုပ္ကိုင္ေနလ်က္ရွိသည္။
အလားတူ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA သည္လည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းအတြင္းရွိ လုံၿခဳံေရးစခန္းမ်ား ကို တိုက္ခိုက္သိမ္းပိုက္ကာ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို စတင္လုပ္ကိုင္ေနလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံအတြင္းရွိ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း ႏွင့္ ပဲခူးတိုင္းတို႔တြင္လည္း တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကို္င္အဖြဲ႕မ်ား၊ PDF အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိသည္။