ရည်းစားဟောင်းမိန်းကလေးကို အရှင်လတ်လတ်မီးရှို့ခဲ့သည့် ဗင်နီဇွဲလားနိုင်ငံသားကို ပီရူးနိုင်ငံသို့ လွှဲပြောင်းပေးခဲ့

740

Pika (NP News) - ဇန်နဝါရီ ၃၁
ပြီးခဲ့သည့်နှစ်က ပီရူးနိုင်ငံ လီမာမြို့၏ရင်ပြင်တွင် ၎င်း၏ ရည်းစားဟောင်းမိန်းကလေးကို အရှင်လတ်လတ် မီးရှို့ခဲ့သည်ဟု စွပ်စွဲခံထားရသော ဗင်နီဇွဲလားနိုင်ငံသားကို ပီရူးနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များက ဇန်နဝါရီလ(၃ဝ)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
၂ဝ၂၃ ခုနှစ် မတ်လတွင် Sergio Tarache Parra ဟု အမည်ရသော အမျိုးသားသည် (၁၈)နှစ်အရွယ် ကတ်သရင်း ဂိုးမက်ဇ်ဆိုသည့် မိန်းကလေးငယ်ကို လီမာမြို့ရှိ ဗဟိုရင်ပြင်တွင် ဓါတ်ဆီဖြင့်လောင်းကာ အရှင်လတ်လတ် မီးရှို့ခဲ့ သည်ဟု စွပ်စွဲခံခဲ့ရကြောင်းလည်း သိရသည်။
ကတ်သရင်းဂိုးမက်ဇ်သည် အဆိုပါနေ့အစောပိုင်းတွင် Sergio Tarache Parra နှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်များဖြစ်ပွားပြီးနောက် တစ်လအကြာတွင် Sergio Tarache Parra ကို ကိုလံဘီယာနိုင်ငံ တွင် ခြေရာခံမိခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုံခြုံရေးကင်မရာများသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားသော Sergio Tarache Parra ကို ဖမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် Sergio Tarache Parra ကို ဖမ်းမိစေရန်အတွက် သတင်းပေးသူများကို အမေရိကန်ဒေါ်လာ (၁၂၅ဝဝ) နှင့် ညီမျှသော ဆုငွေပေးအပ်သွားမည်ဖြစ်ကြောင်း ပီရူးရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကတ်သရင်းဂိုးမက်ဇ်သည် ၎င်း၏ ခန္ဓာကိုယ်(၆ဝ) ရာခိုင်နှုန်းခန့်အထိ မီးလောင်ဒဏ်ရာများ ရရှိခဲ့ ကာ ဆေးရုံတင်ထားခဲ့ရပြီးနောက် (၆)ရက်အကြာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး Sergio Tarache Parra ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ရန် အစိုးရရှေ့နေ များက တောင်းဆိုနေကြကြောင်းလည်း သိရသည်။ ထို့အပြင် ပီရူးနိုင်ငံ လီမာမြို့တွင် ကတ်သရင်းဂိုးမက်ဇ်နှင့် ဆင်တူသည့် ရာဇဝတ်မှုတစ်ခုလည်း ၂ဝ၁၈ ခုနှစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်တွင် အမျိုးသားတစ်ဦးသည် ဘတ်စ်ကားပေါ်သို့တက်လာတာ ၎င်း၏ ရည်းစားဟောင်းမိန်းကလေး အီဗာအေဂရီဒါကို ဓါတ်ဆီဖြင့် လောင်းခဲ့ပြီး အရှင်လတ်လတ်မီးရှို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် အီဗာအေဂရီဒါ သည်လည်း မီးလောင်ဒဏ်ရာများဖြင့် ရက်ပိုင်းအကြာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရည္းစားေဟာင္းမိန္းကေလးကို အရွင္လတ္လတ္မီးရႈိ႕ခဲ့သည့္ ဗင္နီဇြဲလားႏိုင္ငံသားကို ပီ႐ူးႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့
Pika (NP News) - ဇန္နဝါရီ ၃၁
ၿပီးခဲ့သည့္ႏွစ္က ပီ႐ူးႏိုင္ငံ လီမာၿမိဳ႕၏ရင္ျပင္တြင္ ၎၏ ရည္းစားေဟာင္းမိန္းကေလးကို အရွင္လတ္လတ္ မီးရႈိ႕ခဲ့သည္ဟု စြပ္စြဲခံထားရေသာ ဗင္နီဇြဲလားႏိုင္ငံသားကို ပီ႐ူးႏိုင္ငံသို႔ လႊဲေျပာင္းေပးလိုက္ၿပီျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ဇန္နဝါရီလ(၃ဝ)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။
၂ဝ၂၃ ခုႏွစ္ မတ္လတြင္ Sergio Tarache Parra ဟု အမည္ရေသာ အမ်ိဳးသားသည္ (၁၈)ႏွစ္အ႐ြယ္ ကတ္သရင္း ဂိုးမက္ဇ္ဆိုသည့္ မိန္းကေလးငယ္ကို လီမာၿမိဳ႕ရွိ ဗဟိုရင္ျပင္တြင္ ဓါတ္ဆီျဖင့္ေလာင္းကာ အရွင္လတ္လတ္ မီးရႈိ႕ခဲ့ သည္ဟု စြပ္စြဲခံခဲ့ရေၾကာင္းလည္း သိရသည္။
ကတ္သရင္းဂိုးမက္ဇ္သည္ အဆိုပါေန႔အေစာပိုင္းတြင္ Sergio Tarache Parra ႏွင့္ လမ္းခြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါျဖစ္ရပ္မ်ားျဖစ္ပြားၿပီးေနာက္ တစ္လအၾကာတြင္ Sergio Tarache Parra ကို ကိုလံဘီယာႏိုင္ငံ တြင္ ေျခရာခံမိခဲ့ၿပီး ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လုံၿခဳံေရးကင္မရာမ်ားသည္ အခင္းျဖစ္ပြားရာေနရာမွ ထြက္ေျပးသြားေသာ Sergio Tarache Parra ကို ဖမ္းယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔အျပင္ Sergio Tarache Parra ကို ဖမ္းမိေစရန္အတြက္ သတင္းေပးသူမ်ားကို အေမရိကန္ေဒၚလာ (၁၂၅ဝဝ) ႏွင့္ ညီမွ်ေသာ ဆုေငြေပးအပ္သြားမည္ျဖစ္ေၾကာင္း ပီ႐ူးရဲတပ္ဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့သည္။ အဆိုပါျဖစ္ရပ္ ျဖစ္ပြားၿပီးေနာက္ ကတ္သရင္းဂိုးမက္ဇ္သည္ ၎၏ ခႏၶာကိုယ္(၆ဝ) ရာခိုင္ႏႈန္းခန႔္အထိ မီးေလာင္ဒဏ္ရာမ်ား ရရွိခဲ့ ကာ ေဆး႐ုံတင္ထားခဲ့ရၿပီးေနာက္ (၆)ရက္အၾကာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ယင္းကိစၥႏွင့္ပတ္သက္ၿပီး Sergio Tarache Parra ကို ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း ခ်မွတ္ရန္ အစိုးရေရွ႕ေန မ်ားက ေတာင္းဆိုေနၾကေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ပီ႐ူးႏိုင္ငံ လီမာၿမိဳ႕တြင္ ကတ္သရင္းဂိုးမက္ဇ္ႏွင့္ ဆင္တူသည့္ ရာဇဝတ္မႈတစ္ခုလည္း ၂ဝ၁၈ ခုႏွစ္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္ရပ္တြင္ အမ်ိဳးသားတစ္ဦးသည္ ဘတ္စ္ကားေပၚသို႔တက္လာတာ ၎၏ ရည္းစားေဟာင္းမိန္းကေလး အီဗာေအဂရီဒါကို ဓါတ္ဆီျဖင့္ ေလာင္းခဲ့ၿပီး အရွင္လတ္လတ္မီးရႈိ႕ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ အီဗာေအဂရီဒါ သည္လည္း မီးေလာင္ဒဏ္ရာမ်ားျဖင့္ ရက္ပိုင္းအၾကာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။