လားရှိုးပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးအပ်ဟု နစက ထုတ်ပြန်

 3369

Pearl (NP News) - ဖေဖော်ဝါရီ ၁၀

လားရှိုးပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို လက်နက် တပ်ဆင်ပေးအပ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ယမန်‌နေ့ (ဖေဖော်ဝါရီလ ၉ ရက်)၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်ထောင်စုအားကစားခန်းမ၌ လားရှိုးပြည်သူ့စစ် (ဌာနေ) အဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင် အပ်နှင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်း မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဒုတိယတိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို လက်နက်များအပ်နှင်းပေးပြီး သင်တန်းထူးချွန်ဆုနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း နစကမှ ဆိုသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသရှိ တပ်မတော် လုံခြုံရေးစခန်းများကို ပြီးခဲ့သော ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ MNDAA ၊ TNLA နှင့် AA မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် (၁ဝ၂၇ စစ်ဆင်ရေး)အမည်ဖြင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

လက်ရှိအခြေအနေတွင် MNDAA ပူးပေါင်းအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသရှိ လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ မန်တုံ ၊ နမ္မတူ စသည့်ဒေသများကိုလည်း ထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက်တွင်လည်း ပဲခူးတိုင်း (အနောက်ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်အပ်နှင်းပေးပြီး စစ်ဝတ်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

zawgyi version
လားရႈိးျပည္သူ႔စစ္ တပ္ဖြဲ႕ဝင္မ်ားကို လက္နက္တပ္ဆင္ေပးအပ္ဟု နစက ထုတ္ျပန္

Pearl (NP News) - ေဖေဖာ္ဝါရီ ၁၀

လားရႈိးျပည္သူ႔စစ္ တပ္ဖြဲ႕ဝင္မ်ားကို လက္နက္ တပ္ဆင္ေပးအပ္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ယမန္‌ေန႔ (ေဖေဖာ္ဝါရီလ ၉ ရက္)၊ နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕၊ ျပည္ေထာင္စုအားကစားခန္းမ၌ လားရႈိးျပည္သူ႔စစ္ (ဌာေန) အဖြဲ႕ အေျခခံစစ္ပညာသင္တန္းအမွတ္စဥ္ (၁/၂၀၂၄) သင္တန္းဆင္းပြဲႏွင့္ လက္နက္တပ္ဆင္ အပ္ႏွင္းပြဲကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) မွ ဗိုလ္ခ်ဳပ္ ႏိုင္ႏိုင္ဦး၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ ဒုတိယတိုင္း မႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္ေက်ာ္ထြန္း ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနား၌ ဗိုလ္ခ်ဳပ္ ႏိုင္ႏိုင္ဦးႏွင့္ ဒုတိယတိုင္းမႉးတို႔က ျပည္သူ႔စစ္(ဌာေန)တပ္ဖြဲ႕ဝင္မ်ားကို လက္နက္မ်ားအပ္ႏွင္းေပးၿပီး သင္တန္းထူးခြၽန္ဆုႏွင့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းေဒသရွိ တပ္မေတာ္ လုံၿခဳံေရးစခန္းမ်ားကို ၿပီးခဲ့ေသာ ၂ဝ၂၃ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ MNDAA ၊ TNLA ႏွင့္ AA ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ (၃)ဖြဲ႕သည္ (၁ဝ၂၇ စစ္ဆင္ေရး)အမည္ျဖင့္ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမ်ား ျပင္းထန္ခဲ့သည္။

လက္ရွိအေျခအေနတြင္ MNDAA ပူးေပါင္းအဖြဲ႕အေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းေဒသရွိ ေလာက္ကိုင္၊ ကုန္းၾကမ္း၊ ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္၊ ၾကဴကုတ္၊ မန္တုံ ၊ နမၼတူ စသည့္ေဒသမ်ားကိုလည္း ထိန္းခ်ဳပ္ထားႏိုင္သည့္ အေျခအေနရွိ ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၅)ရက္တြင္လည္း ပဲခူးတိုင္း (အေနာက္ျခမ္း)ရွိ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ားအား လက္နက္မ်ား တပ္ဆင္အပ္ႏွင္းေပးၿပီး စစ္ဝတ္ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.