ဒေါ်အောင်ဆန်းစုကြည်ထံ နစက ပြည်ထဲရေးဝန်ကြီးက ပုံမှန်သွားရောက်တွေ့ဆုံပြီး ဆေးဝါးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနေဟု စုံစမ်းသိရှိရ

2244

Iris (NP News) - ဖေဖော်ဝါရီလ - ၁၄
နေပြည်တော်အချုပ်ထောင်တွင် ထောင်ဒဏ်ကျခံနေရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လစဉ်ပုံမှန်သွားရောက်တွေ့ဆုံ၍ ကျန်းမာ ရေးအခြေအနေနှင့် လိုအပ်ချက်မှန်သမျှကို ဖြည့် ဆည်းပေးနေ လေ့ရှိကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ သားဖြစ်သူ ကင်မ်အဲရစ်က အမေရိကန်အစိုးရ အာဘော်မီဒီယာများထံ ပြောကြားထားချက်အပေါ် NP News က မေးမြန်းစုံစမ်းကြည့်ရာမှ သိရှိခဲ့ရခြင်းမျိုးလည်းဖြစ်သည်။
“ပြည်ထဲရေးဝန်ကြီးက မကြာခဏသွား တွေ့တယ်။ လစဉ်လိုလို သွားတွေ့ပြီး ကျန်းမာရေး အခြေအနေမေးတယ်။ လိုအပ်တဲ့ဆေးဝါးနဲ့ အစား အသောက်တွေ မပြတ်လပ်အောင် ဖြည့်ဆည်းပေး တာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က မှာတာတွေလည်းရှိတယ်” ဟု အတွင်းသတင်းရင်းမြစ် တစ်ဦးက အတည်ပြုပြောကြားသည်။
ယင်းသတင်းစကားကိုလည်း နိုင်ငံတကာ အသီးသီးမှ သံတမန်များထံ အကြိမ်ကြိမ် အသိပေး ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လက်ထက်က ယင်းကဲ့သို့တွေ့ဆုံရန် အခြေအနေမပေးခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ဘက်က တောင်းဆိုခဲ့သော တွေ့ဆုံလိုသည့် နစက အစိုးရဘက်မှ ပုဂ္ဂိုလ်မှာလည်း သွားရောက်တွေ့ဆုံရန် အဆင်ပြေမှုမရှိခဲ့ကြောင်း ကြားသိရသည်။
ယင်းကဲ့သို့ နှစ်ဖက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အစား ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထဲရေးဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ထောင်စုဝန်ကြီးက လတိုင်းလိုလို ပုံမှန်သွားရောက်တွေ့ဆုံခဲ့ခြင်းမျိုးဖြစ် ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်က တွေ့ချင် တယ်လို့ တောင်းဆိုခဲ့သူရှိတယ်။ နာမည်တော့ မပြောပါရစေနဲ့” ဟု သတင်းရင်းမြစ်က မည်သူမည်ဝါ ဖြစ်သည်ကို ရှောင်လွှဲသွားသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဘဝကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖြစ် ပါဝင် ခဲ့သူဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း မျက်နှာမစိမ်းသော စစ်ဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်သည်။
အလားတူပင် အကျဉ်းစံနေရပြီဖြစ်သော ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည်လည်း ဒေါ်အောင်ဆန်းစုကြည်တို့၏ အာဏာဆုပ်ကိုင်ထားမှု နောက်ဆုံးနှစ်များအတွင်း၌ ပြည်ထဲရေးဝန်ကြီးရာထူးကို တာဝန်ထမ်းဆောင်ခဲ့ရ သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မျက်နှာစိမ်းလှ သူ မဟုတ်ပေ။ ၎င်း၏ ရှေ့ပိုင်းတွင် ဒုတိယဗိုလ်ချုပ် ကြီးဟောင်း ဦးကျော်ဆွေက ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစု ကြည်နှင့် ရင်းနှီးသောဆက်ဆံရေးမျိုး ရှိခဲ့ဖူးသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာယူတဲ့ ပစ္စည်းတချို့က နိုင်ငံခြားကနေတောင် မှာယူရတာ” ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် လစဉ်တွေ့ဆုံသည့်ကာလများအတွင်း ဒေါ် အောင်ဆန်းစုကြည်ဘက်က မှာယူခဲ့သောလိုအပ် သည့်ပစ္စည်းများနှင့်ပတ်သက်၍ သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်း မာရေးအခြေအနေမှာ ကောင်းမွန်လှသည့်အခြေအ နေတွင်ရှိပြီး အခန်းအတွင်း၌ နိုင်ငံပိုင်သတင်းစာများ နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုလိုသော စာ အုပ်အချို့ကိုပါ ထည့်သွင်းပေးထားကြောင်း သိရ သည်။
သားဖြစ်သူ ကင်မ်အဲရစ်ကမူ ဒေါ်အောင်ဆန်းစုကြည်ထံမှ လက်ရေးမူဖြင့် ရေးသားပေးပို့သော ပြန်စာကို ဇန်နဝါရီလလယ်က လက်ခံရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားပြီး ထောင်တွင်း၌ရှိနေသော မိခင်၏ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြောင်း ဆိုထားသည်။ မိခင်ဖြစ်သူထံမှ လက်ရေးမူပြန်စာကို လက်ခံရရှိပြီးသည့်နောက်တွင် တိုက်ရိုက်တွေ့ဆုံခွင့် သို့မဟုတ် ဖုန်းပြောခွင့် ရရှိစေရန် ဆက်လက်ကြိုးစား သွားမည်ဟု အမေရိကန်အစိုးရအာဘော်သတင်းဌာန တစ်ခုထံသို့ ပြောကြားထားသည်။

Zawgyi Version;
ေဒၚေအာင္ဆန္းစုၾကည္ထံ နစက ျပည္ထဲေရးဝန္ႀကီးက ပုံမွန္သြားေရာက္ေတြ႕ဆုံၿပီး ေဆးဝါးႏွင့္ လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးေနဟု စုံစမ္းသိရွိရ
Iris (NP News) - ေဖေဖာ္ဝါရီလ - ၁၄
ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္ ေထာင္ဒဏ္က်ခံေနရေသာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ထံသို႔ ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က လစဥ္ပုံမွန္သြားေရာက္ေတြ႕ဆုံ၍ က်န္းမာ ေရးအေျခအေနႏွင့္ လိုအပ္ခ်က္မွန္သမွ်ကို ျဖည့္ ဆည္းေပးေန ေလ့ရွိေၾကာင္း သတင္းရင္းျမစ္မ်ားထံမွ စုံစမ္းသိရွိရသည္။
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ပတ္သက္၍ သားျဖစ္သူ ကင္မ္အဲရစ္က အေမရိကန္အစိုးရ အာေဘာ္မီဒီယာမ်ားထံ ေျပာၾကားထားခ်က္အေပၚ NP News က ေမးျမန္းစုံစမ္းၾကည့္ရာမွ သိရွိခဲ့ရျခင္းမ်ိဳးလည္းျဖစ္သည္။
“ျပည္ထဲေရးဝန္ႀကီးက မၾကာခဏသြား ေတြ႕တယ္။ လစဥ္လိုလို သြားေတြ႕ၿပီး က်န္းမာေရး အေျခအေနေမးတယ္။ လိုအပ္တဲ့ေဆးဝါးနဲ႔ အစား အေသာက္ေတြ မျပတ္လပ္ေအာင္ ျဖည့္ဆည္းေပး တာရွိတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဘက္က မွာတာေတြလည္းရွိတယ္” ဟု အတြင္းသတင္းရင္းျမစ္ တစ္ဦးက အတည္ျပဳေျပာၾကားသည္။
ယင္းသတင္းစကားကိုလည္း ႏိုင္ငံတကာ အသီးသီးမွ သံတမန္မ်ားထံ အႀကိမ္ႀကိမ္ အသိေပး ထားၿပီး ျဖစ္ေၾကာင္း ၎ကဆိုသည္။ အထူးသျဖင့္ ျပည္ထဲေရးဝန္ႀကီးေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ လက္ထက္က ယင္းကဲ့သို႔ေတြ႕ဆုံရန္ အေျခအေနမေပးခဲ့သည့္အျပင္ ေဒၚေအာင္ဆန္းစုၾကည္ ဘက္က ေတာင္းဆိုခဲ့ေသာ ေတြ႕ဆုံလိုသည့္ နစက အစိုးရဘက္မွ ပုဂၢိဳလ္မွာလည္း သြားေရာက္ေတြ႕ဆုံရန္ အဆင္ေျပမႈမရွိခဲ့ေၾကာင္း ၾကားသိရသည္။
ယင္းကဲ့သို႔ ႏွစ္ဖက္ အခက္အခဲမ်ား ျဖစ္ေပၚခဲ့ၿပီးေနာက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္အစား ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ျပည္ထဲေရးဝန္ႀကီး အျဖစ္ ေျပာင္းလဲတာဝန္ထမ္းေဆာင္ခ်ိန္မွစ၍ ေဒၚေအာင္ဆန္းစုၾကည္ထံ ျပည္ေထာင္စုဝန္ႀကီးက လတိုင္းလိုလို ပုံမွန္သြားေရာက္ေတြ႕ဆုံခဲ့ျခင္းမ်ိဳးျဖစ္ ေၾကာင္း သိရသည္။
“ေဒၚေအာင္ဆန္းစုၾကည္က ေတြ႕ခ်င္ တယ္လို႔ ေတာင္းဆိုခဲ့သူရွိတယ္။ နာမည္ေတာ့ မေျပာပါရေစနဲ႔” ဟု သတင္းရင္းျမစ္က မည္သူမည္ဝါ ျဖစ္သည္ကို ေရွာင္လႊဲသြားသည္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္သည္ ေဒၚေအာင္ဆန္းစုၾကည္ အတိုင္ပင္ခံ ပုဂၢိဳလ္ဘဝကတည္းက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တြင္ တပ္မေတာ္ဘက္မွ ကိုယ္စားလွယ္အျဖစ္ ပါဝင္ ခဲ့သူျဖစ္သည့္အတြက္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ လည္း မ်က္ႏွာမစိမ္းေသာ စစ္ဗိုလ္ခ်ဳပ္တစ္ဦးလည္း ျဖစ္သည္။
အလားတူပင္ အက်ဥ္းစံေနရၿပီျဖစ္ေသာ ျပည္ထဲေရးဝန္ႀကီးေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္သည္လည္း ေဒၚေအာင္ဆန္းစုၾကည္တို႔၏ အာဏာဆုပ္ကိုင္ထားမႈ ေနာက္ဆုံးႏွစ္မ်ားအတြင္း၌ ျပည္ထဲေရးဝန္ႀကီးရာထူးကို တာဝန္ထမ္းေဆာင္ခဲ့ရ သူျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ မ်က္ႏွာစိမ္းလွ သူ မဟုတ္ေပ။ ၎၏ ေရွ႕ပိုင္းတြင္ ဒုတိယဗိုလ္ခ်ဳပ္ ႀကီးေဟာင္း ဦးေက်ာ္ေဆြက ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ေဒၚေအာင္ဆန္းစု ၾကည္ႏွင့္ ရင္းႏွီးေသာဆက္ဆံေရးမ်ိဳး ရွိခဲ့ဖူးသည္။
“ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မွာယူတဲ့ ပစၥည္းတခ်ိဳ႕က ႏိုင္ငံျခားကေနေတာင္ မွာယူရတာ” ဟု ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ႏွင့္ လစဥ္ေတြ႕ဆုံသည့္ကာလမ်ားအတြင္း ေဒၚ ေအာင္ဆန္းစုၾကည္ဘက္က မွာယူခဲ့ေသာလိုအပ္ သည့္ပစၥည္းမ်ားႏွင့္ပတ္သက္၍ သတင္းရင္းျမစ္က အတည္ျပဳေျပာၾကားသည္။
လက္ရွိ ေဒၚေအာင္ဆန္းစုၾကည္၏ က်န္း မာေရးအေျခအေနမွာ ေကာင္းမြန္လွသည့္အေျခအ ေနတြင္ရွိၿပီး အခန္းအတြင္း၌ ႏိုင္ငံပိုင္သတင္းစာမ်ား ႏွင့္အတူ ေဒၚေအာင္ဆန္းစုၾကည္ ဖတ္ရႈလိုေသာ စာ အုပ္အခ်ိဳ႕ကိုပါ ထည့္သြင္းေပးထားေၾကာင္း သိရ သည္။
သားျဖစ္သူ ကင္မ္အဲရစ္ကမူ ေဒၚေအာင္ဆန္းစုၾကည္ထံမွ လက္ေရးမူျဖင့္ ေရးသားေပးပို႔ေသာ ျပန္စာကို ဇန္နဝါရီလလယ္က လက္ခံရရွိခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားၿပီး ေထာင္တြင္း၌ရွိေနေသာ မိခင္၏က်န္းမာေရးအေျခအေနကို စိုးရိမ္ေနေၾကာင္း ဆိုထားသည္။ မိခင္ျဖစ္သူထံမွ လက္ေရးမူျပန္စာကို လက္ခံရရွိၿပီးသည့္ေနာက္တြင္ တိုက္႐ိုက္ေတြ႕ဆုံခြင့္ သို႔မဟုတ္ ဖုန္းေျပာခြင့္ ရရွိေစရန္ ဆက္လက္ႀကိဳးစား သြားမည္ဟု အေမရိကန္အစိုးရအာေဘာ္သတင္းဌာန တစ္ခုထံသို႔ ေျပာၾကားထားသည္။