ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူ များပြားနေသဖြင့် တစ်ရက်လျှင် လူဦးရေ (၄၀၀)သာ လက်ခံပေးမည်

2916
Pearl (NP News) - ဖေဖော်ဝါရီ ၁၅
ယခုလတ်တလောတွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူ များပြားနေသဖြင့် တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ လူဦးရေ (၄၀၀)သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖေဖော်ရီလ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်ကြေညာထားသည်။

ထို့အတူ တန်းစီစနစ်ကျင့်သုံးမည်ဖြစ်ပြီး နံနက်(၈)နာရီခွဲမှစတင်၍ ဗီဇာလျှောက်မည့်သူများကို တိုကင်နံပါတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများမှ ပတ်စပိုစ့်နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်မည့်လူကိုယ်တိုင် တိုကင်ထုတ်ယူ၍ နာမည်စာရင်းရေးမှတ်ရမည် ဖြစ်သည့်အတွက် အဆိုပါတိုကင်နံပါတ်ကို တခြားသူထံ လွှဲပြောင်းခြင်းပြုလုပ်နိုင်မည် မဟုတ်ကြောင်းလည်း သိရသည်။
ထို့ပြင် တိုကင်နံပါတ်တစ်ခုသည် လျှောက်မည့်လူတစ်ဦးအတွက်သာ အကျုံး ဝင်ပြီး တိုကင်အား အလွဲသုံးစားလုပ်ခြင်း (သို့) အတုအပပြုလုပ်သည်ကိုတွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်မည်ဖြစ်ပြီး Blacklist ထဲ၌ မှတ်တမ်းတင်မည်ဖြစ်ကြောင်း သံရုံးက သတိပေးထားသည်။
ဗီဇာလျှောက်လွှာများအား နံနက် (၉)နာရီမှစတင် လက်ခံမည်ဖြစ်ပြီး လျှောက်လွှာမတင်မီ တင်မည့်သူ နှင့် နာမည်စာရင်း ပေးထားသူ၏ ပတ်စပိုစ့်ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီးမှသာ လျှောက်လွှာများကိုလက်ခံမည်ဖြစ် ကြောင်း နှင့် လျှောက်လွှာတင်ပြီးပါက တိုကင်နံပါတ်များအား တာဝန်ရှိသူများထံ ပြန်ပေးရမည်ဖြစ်ကြောင်း သိရသည်။
စာရွက်စာတမ်းအချက်အလက်များမပြည့်စုံပါက လျှောက်လွှာများအား လက်ခံမည် မဟုတ်ကြောင်း နှင့် တိုကင်နံပါတ်များ ပျောက်ဆုံး (သို့မ ဟုတ်) ပျက်စီးပါက ဗီဇာလျှောက်လွှာများအား လက်ခံမည်မဟုတ်ကြောင်း လည်း ထိုင်းသံရုံးက သတိပေးထုတ်ပြန်ထားသည်။
နစက အနေဖြင့် ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ထိုင်းသံရုံးရှေ့ ၌ ဗီဇာလျှောက်ထားသူ များပြားလာခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ထိုင္းသံ႐ုံး၌ ဗီဇာေလွ်ာက္ထားသူ မ်ားျပားေနသျဖင့္ တစ္ရက္လွ်င္ လူဦးေရ (၄၀၀) လက္ခံေပးမည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၅
ယခုလတ္တေလာတြင္ ရန္ကုန္ၿမိဳ႕ရွိ ထိုင္းသံ႐ုံး၌ ဗီဇာေလွ်ာက္ထားသူ မ်ားျပားေနသျဖင့္ တစ္ရက္လွ်င္ ဗီဇာေလွ်ာက္ထားသူ လူဦးေရ (၄၀၀)သာ လက္ခံေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ေဖေဖာ္ရီလ ၁၄ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ ထိုင္းသံ႐ုံးက ထုတ္ျပန္ေၾကညာထားသည္။
ထို႔အတူ တန္းစီစနစ္က်င့္သုံးမည္ျဖစ္ၿပီး နံနက္(၈)နာရီခြဲမွစတင္၍ ဗီဇာေလွ်ာက္မည့္သူမ်ားကို တိုကင္နံပါတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
တာဝန္ရွိသူမ်ားမွ ပတ္စပိုစ့္ႏွင့္ ေသခ်ာစစ္ေဆးၿပီး မွန္ကန္မွသာလွ်င္ ဗီဇာေလွ်ာက္မည့္လူကိုယ္တိုင္ တိုကင္ထုတ္ယူ၍ နာမည္စာရင္းေရးမွတ္ရမည္ ျဖစ္သည့္အတြက္ အဆိုပါတိုကင္နံပါတ္ကို တျခားသူထံ လႊဲေျပာင္းျခင္းျပဳလုပ္ႏိုင္မည္ မဟုတ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ တိုကင္နံပါတ္တစ္ခုသည္ ေလွ်ာက္မည့္လူတစ္ဦးအတြက္သာ အက်ဳံး ဝင္ၿပီး တိုကင္အား အလြဲသုံးစားလုပ္ျခင္း (သို႔) အတုအပျပဳလုပ္သည္ကိုေတြ႕ရွိပါက ဗီဇာေလွ်ာက္ထားခြင့္ပိတ္မည္ျဖစ္ၿပီး Blacklist ထဲ၌ မွတ္တမ္းတင္မည္ျဖစ္ေၾကာင္း သံ႐ုံးက သတိေပးထားသည္။
ဗီဇာေလွ်ာက္လႊာမ်ားအား နံနက္ (၉)နာရီမွစတင္ လက္ခံမည္ျဖစ္ၿပီး ေလွ်ာက္လႊာမတင္မီ တင္မည့္သူ ႏွင့္ နာမည္စာရင္း ေပးထားသူ၏ ပတ္စပိုစ့္ကိုက္ညီမႈ ရွိ၊ မရွိ စစ္ေဆးၿပီးမွသာ ေလွ်ာက္လႊာမ်ားကိုလက္ခံမည္ျဖစ္ ေၾကာင္း ႏွင့္ ေလွ်ာက္လႊာတင္ၿပီးပါက တိုကင္နံပါတ္မ်ားအား တာဝန္ရွိသူမ်ားထံ ျပန္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။
စာ႐ြက္စာတမ္းအခ်က္အလက္မ်ားမျပည့္စုံပါက ေလွ်ာက္လႊာမ်ားအား လက္ခံမည္ မဟုတ္ေၾကာင္း ႏွင့္ တိုကင္နံပါတ္မ်ား ေပ်ာက္ဆုံး (သို႔မ ဟုတ္) ပ်က္စီးပါက ဗီဇာေလွ်ာက္လႊာမ်ားအား လက္ခံမည္မဟုတ္ေၾကာင္း လည္း ထိုင္းသံ႐ုံးက သတိေပးထုတ္ျပန္ထားသည္။
နစက အေနျဖင့္ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာတည္ေၾကာင္း အမိန႔္ထုတ္ျပန္ၿပီးေနာက္ ယခုကဲ့သို႔ ထိုင္းသံ႐ုံးေရွ႕ ၌ ဗီဇာေလွ်ာက္ထားသူ မ်ားျပားလာျခင္းျဖစ္ေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။