ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂိုဒေါင်(၂)လုံး မီးလောင်ဆုံးရှုံး

 1575

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂို‌ဒေါင်(၂)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၇ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရက်ကွက်၊ မြိတ်လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်မှုဖြစ်စဉ်ကိုတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိအချိန်မှာတော့ ပလပ်စတစ်တွေထားတဲ့ ဂိုဒေါင်(၂)လုံး မီးလောင်သွားတယ်” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ပလုံရောင်းဝယ်ရေးလုပ်ငန်းမှ ပစ္စည်းများထားသည့် ဂိုဒေါင်(၂)လုံးသည် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ၎င်းမီးလောင်မှုဖြစ်စဉ်ကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းနှင့် အခြားအသင်းအဖွဲ့အများက မိနစ်(၃၀)ခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဂိုေဒါင္(၂)လုံး မီးေလာင္ဆုံးရႈံး

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၇

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဂို‌ေဒါင္(၂)လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ေဖေဖာ္ဝါရီလ ၁၇ ရက္)၊ နံနက္ ၁၀ နာရီခြဲအခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၂၀)ရက္ကြက္၊ ၿမိတ္လမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္မႈျဖစ္စဥ္ကိုေတာ့ အတိအက်မသိရေသးပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ ပလပ္စတစ္ေတြထားတဲ့ ဂိုေဒါင္(၂)လုံး မီးေလာင္သြားတယ္” ဟု ရွင္သန္ေရးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ပလုံေရာင္းဝယ္ေရးလုပ္ငန္းမွ ပစၥည္းမ်ားထားသည့္ ဂိုေဒါင္(၂)လုံးသည္ မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။ ၎မီးေလာင္မႈျဖစ္စဥ္ကို ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္မီးသတ္စခန္းႏွင့္ အျခားအသင္းအဖြဲ႕အမ်ားက မိနစ္(၃၀)ခန႔္အၾကာ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.