ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် သတိပေး

 727

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၁

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းနေသာ မြန်မာနိုင်ငံသားများသည် ထိုင်းဥပဒေအတိုင်းအရေးယူခံရ မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က သတိပေးလိုက်သည်။

ထိုင်းနိုင်ငံသို့သွားရောက်ရန် ဗီဇာလျှောက်ထားသည့် မြန်မာနိုင်ငံသားအရေအတွက်မြင့်တက်လာခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်က "ထိုင်းနိုင်ငံကို တရားဝင် လာရောက်မယ့် မြန်မာနိုင်ငံသားတွေကို ကြိုဆိုသွားမယ်။ ဒါပေမယ့်ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက် လာမယ့်မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူသွားမယ်။ ကျွန်တော်ဟာ ထိုင်းလုံခြုံရေးအေဂျင်စီတွေနဲ့ ဆွေးနွေးထားတယ်" ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံ၏ လက်ရှိအလုပ်လက်မဲ့နှုန်းက၁ရာခိုင်နှုန်းအောက်သာရှိနေပြီး အိမ်နီးချင်းနိုင်ငံများ မှ ရွှေ့ပြောင်းအလုပ်သမားများ ပိုမိုလိုအပ်နေကြောင်း ပြောသည်။ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား များသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

Anusorn Tamajai က နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာအရ စစ်မှုထမ်းခြင်းကိုရှောင်ရှားလိုသော မြန်မာလူငယ် များသည် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းလာနေကြောင်း၊ မြန်မာနိုင်ငံတွင်ပြုလုပ်မည့် စစ်မှုထမ်းခြင်း အကျိုးသက်ရောက်မှုကြောင့် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းအပြင် တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်မည့် မြန်မာနိုင်ငံသားအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးသည် တစ်ရက်ကို ဗီဇာ ၄ဝဝ လျှောက်ထားရန် ခွင့်ပြုလက်ခံသွားမည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းသံရုံးသည် စစ်မှုထမ်းရခြင်းကိုရှောင်ရှားရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ လာရောက်လိုသော မြန်မာနိုင်ငံသားများအရေအတွက်ကိုကိုင်တွယ်ဖြေရှင်းရန်အတွက် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ထိုင္းႏိုင္ငံသို႔တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းေသာ ျမန္မာႏိုင္ငံသားမ်ားကို အေရးယူမည္ဟု ထိုင္းဝန္ႀကီးခ်ဳပ္ သတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၁

ထိုင္းႏိုင္ငံသို႔ တရားမဝင္ဝင္ေရာက္ရန္ ႀကိဳးပမ္းေနသာ ျမန္မာႏိုင္ငံသားမ်ားသည္ ထိုင္းဥပေဒအတိုင္းအေရးယူခံရ မည္ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ဆာရက္သာတာဗီဆင္က သတိေပးလိုက္သည္။

ထိုင္းႏိုင္ငံသို႔သြားေရာက္ရန္ ဗီဇာေလွ်ာက္ထားသည့္ ျမန္မာႏိုင္ငံသားအေရအတြက္ျမင့္တက္လာခဲ့ၿပီးေနာက္ ထိုင္းဝန္ႀကီးခ်ဳပ္ဆာရက္သာတာဗီဆင္က သတိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။ ထိုင္းဝန္ႀကီးခ်ဳပ္က "ထိုင္းႏိုင္ငံကို တရားဝင္ လာေရာက္မယ့္ ျမန္မာႏိုင္ငံသားေတြကို ႀကိဳဆိုသြားမယ္။ ဒါေပမယ့္ထိုင္းႏိုင္ငံကို တရားမဝင္ ဝင္ေရာက္ လာမယ့္ျမန္မာႏိုင္ငံသားေတြကို ဥပေဒအရ အေရးယူသြားမယ္။ ကြၽန္ေတာ္ဟာ ထိုင္းလုံၿခဳံေရးေအဂ်င္စီေတြနဲ႔ ေဆြးေႏြးထားတယ္" ဟု ေျပာသည္။

ထိုင္းဝန္ႀကီးခ်ဳပ္က ထိုင္းႏိုင္ငံ၏ လက္ရွိအလုပ္လက္မဲ့ႏႈန္းက၁ရာခိုင္ႏႈန္းေအာက္သာရွိေနၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ား မွ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ပိုမိုလိုအပ္ေနေၾကာင္း ေျပာသည္။ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ေ႐ႊ႕ေျပာင္းအလုပ္သမား မ်ားသည္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ရန္ လုပ္ထုံးလုပ္နည္းမ်ားကို လိုက္နာေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာသည္။

Anusorn Tamajai က ႏွစ္ႏိုင္ငံၾကား နားလည္မႈစာခြၽန္လႊာအရ စစ္မႈထမ္းျခင္းကိုေရွာင္ရွားလိုေသာ ျမန္မာလူငယ္ မ်ားသည္ ထိုင္းႏိုင္ငံသို႔ ဝင္ေရာက္ရန္ ႀကိဳးပမ္းလာေနေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ျပဳလုပ္မည့္ စစ္မႈထမ္းျခင္း အက်ိဳးသက္ေရာက္မႈေၾကာင့္ ထိုင္းႏိုင္ငံသို႔ တရားဝင္နည္းလမ္းအျပင္ တရားမဝင္နည္းလမ္းျဖင့္ဝင္ေရာက္မည့္ ျမန္မာႏိုင္ငံသားအေရအတြက္ ပိုမိုျမင့္တက္လာဖြယ္ရွိေနေၾကာင္း ေျပာသည္။

ျမန္မာႏိုင္ငံဆိုင္ရာထိုင္းသံ႐ုံးသည္ တစ္ရက္ကို ဗီဇာ ၄ဝဝ ေလွ်ာက္ထားရန္ ခြင့္ျပဳလက္ခံသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။ ထိုင္းသံ႐ုံးသည္ စစ္မႈထမ္းရျခင္းကိုေရွာင္ရွားရန္အတြက္ ထိုင္းႏိုင္ငံအတြင္းသို႔ လာေရာက္လိုေသာ ျမန္မာႏိုင္ငံသားမ်ားအေရအတြက္ကိုကိုင္တြယ္ေျဖရွင္းရန္အတြက္ ယင္းကဲ့သို႔ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.