မြန်မာပြည်တွင်းစစ်၏ ဘင်္ဂလားဒေ့ရှ်အပေါ် သက်ရောက်မှု (ဘာသာပြန်ဆောင်းပါး)

 1036

Htay Oung (NP News) - ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးတပ်များနဲ့ သူပုန်အုပ်စုတို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပါတယ်။ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ လုံခြုံရေး-ဒုက္ခသည်ဆိုင်ရာအရေးကိစ္စများအတွက် အနှေး နဲ့အမြန်ဆိုသလို သူပုန်များထံ မကြာမီ ဆက်သွယ်ရန် လိုအပ်လာနိုင်တယ်လို့ ကော့ခ်ဘဇားဒေသခံ စစ်ရေး-နိုင်ငံ ရေး-စီးပွားရေးလေ့လာအကြံပေးသူ အာရာဖာတူ_အီစလံရဲ့အမြင်ကို ဂျာမန်အစိုးရပိုင် “ဒွိုက်ခ်ျ-၀ယ်လီ” DW သတင်းအေဂျင်စီက ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ဖော်ပြခဲ့ပါတယ်။

မြန်မာနစကအစိုးရနဲ့ ရက္ခိုင့်တပ် (AA) တို့အကြားတိုက်ပွဲများဟာ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းမှာ ပြင်းထန် နေပါတယ်။ ယခုလအတွင်း လက်နက်ကြီးကျည် နေရာလွဲကျရောက်ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးပြီး နယ်စပ်ဖြတ်ကျော်လာတဲ့ သေနတ်ကျည်ဆန်များကြောင့် အများအပြား ဒဏ်ရာရရှိခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်က သူတို့ရဲ့ထိခိုက်သေပျောက်မှုကို မှတ်တမ်းတင်ထားပါတယ်။ မကြာသေးမီက သူပုန်တိုက်ခိုက်ရေးသမားတွေဟာ မြန်မာနယ်စပ်ဒေသကိုသိမ်းပိုက်ခဲ့ပြီး ပြည်နယ်တွင်းရှိ အခြားနေရာများမှ အစိုးရတပ်များကို ဖယ်ရှားရန် အား ထုတ်နေပါတယ်။

ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖယ်ရှား အာဏာရယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာအာဏာရ နစကအတွက် ပြည်တွင်းစစ် ကျယ်ပြန့်လာခြင်းနဲ့အတူ အကြီးအကျယ် အကြပ်ရိုက်မှုနဲ့ ရင်ဆိုင် နေရပါတယ်။ ရက္ခိုင့်တပ်ဟာ မြန်မာနိုင်ငံဗဟိုအစိုးရထံမှ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို ရယူလိုတဲ့ ရခိုင်တိုင်းရင်းသား များရဲ့စစ်အုပ်စုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အစိုးရကင်းစခန်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင် တိုက်ခိုက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ မြန်မာနိုင်ငံနဲ့ ၁၆၈ မိုင်မျှ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မူဆလင်အများစု နေထိုင်ရာတိုင်းပြည်ဖြစ်ပါတယ်။ ဒါတင်မက ဆယ်စုနှစ်များစွာအတွင်း မြန်မာဘက်မှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်အများစုတို့ ခိုလှုံရာဖြစ်နေပါတယ်။ အထူးသဖြင့် ၂၀၁၇- ခုနှစ် ရခိုင် ပြည်နယ်အတွင်း မြန်မာစစ်တပ်က သူတို့အပေါ် ရက်စက်ကြမ်းတမ်းစွာ ရှင်းလင်းမှုစစ်ဆင်ရေး စတင်ချိန် နောက်ပိုင်းဖြစ်ပါတယ်။

နေရပ်ပြန်ရေး_ဘင်္ဂါလီတို့_ယုံကြည်ခြင်း_မရှိ

DW နဲ့ တွေ့ဆုံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်း ကော့ခ်ဘဇားရောက် ဘင်္ဂါလီဒုက္ခသည် အတော်များများတို့ ကတော့ AA သူပုန်တို့ရဲ့အောင်မြင်မှုအပေါ် သံသယအမြင်နဲ့ မှတ်ချက်ပေးခဲ့ကြပါတယ်။ သူပုန်များက စစ်အစိုးရကို ဖြုတ်ချနိုင်သည့်တိုင် ဗုဒ္ဓဘာသာအများစု လက်နက်ကိုင် အင်အားစုအနေနဲ့ ဘင်္ဂါလီတို့ရဲ့ဘဝရှေ့ရေး တိုးတက် အောင် လုပ်ဆောင်လိုစိတ် သိပ်ပြီးရှိလိမ့်မယ်လို့ သူတို့မယုံကြည်ကြပါဘူး။ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ၀င်တွေက မြန်မာအစိုးရအပေါ် ဆန့်ကျင်တိုက်ခိုက်နေတာ အမှန်ဖြစ်ပေမယ့် ဘင်္ဂါလီတို့ လိုချင်နေတာ နိုင်ငံသားဖြစ်ခွင့် ဖြစ်ကြောင်း၊ သူတို့ရဲ့အဲဒီအိပ်မက်ဟာ ဂျီနိုဆိုက်အပြီး ၆ နှစ်ကြာခဲ့ပြီကြောင်း၊ သူတို့ကိုပြန်ခေါ်ပြီး နိုင်ငံသားဖြစ် အောင်လုပ်ပေးမယ်လို့ AA တွေပြောတာ တစ်ခါမှ မကြားဖူးဘူးကြောင်း ဒုက္ခသည်စခန်းနေ ဘင်္ဂါလီခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်_သူပုန်များကို_လက်ကမ်း သင့်_မသင့်

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးကျွမ်းကျင်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး အမ်_ဆဂာ၀ပ်_ဟိုစိန်ကတော့ အတော် များများ အကောင်းမြင်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှရောက် ဒုက္ခသည်ဘင်္ဂါလီများအတွက် ဘေးကင်းလုံခြုံ၊ ဆန္ဒ အလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး NUG ခေါ် မြန်မာ “အမျိုးသားညီညွတ်ရေးအစိုးရ” ရဲ့ ကတိကဝတ်များကို ထောက်ပြပါတယ်။

NUG ဟာ စစ်အာဏာသိမ်းမှုနဲ့ဖြုတ်ချခံခဲ့ရတဲ့ ရွေးကောက်ခံဝန်ကြီးများ တက်ကြွလှုပ်ရှားသူများနဲ့ ပေါင်းစုဖွဲ့စည်း ထားတဲ့ “ရှဲဒိုးအစိုးရ” ဖြစ်ပြီး နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှု အများအပြားကို ရရှိထားပါတယ်။ နစကကို အနိုင်ယူပြီး နေပြည်တော်မှာ အာဏာရယူဖို့ ကြိုးစားနေသူများလည်း ဖြစ်ပါတယ်။ သူပုန်များနဲ့စစ်ပွဲမှာ နစက ရှုံးနိမ့်သွားခဲ့ရင် AA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ “ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်” (ULA) က ရခိုင်ပြည်ကို အုပ်ချုပ်ပါလိမ့်မယ်။ NUG ဟာ ULA ကို ထောက်ခံပါတယ်၊ NUG နဲ့ULA တို့လက်အောက် ရိုဟင်ဂျာဆိုသူများအနေနဲ့ နိုင်ငံသားဖြစ်ဖို့ ပိုမိုကောင်းမွန်တဲ့အခွင့်အရေးရှိနေလိမ့်မယ်လို့ ဟိုစိန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ အနာဂတ် ရခိုင်ပြည်နယ်ရဲ့အရေးကို အဓိက ဆုံးဖြတ်မယ့်သူများနဲ့ အလွတ်သဘော ဆက်သွယ်မှု ချဲ့ထွင်ရန် လိုအပ်တယ်လို့ ဟိုစိန်က ယူဆပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ မိမိအကျိုးစီးပွားအတွက် AA ကို ထောက်ပံ့ဖို့ လိုအပ်တယ်လို့ နှစ်ပေါင်းများစွာကတည်းက သူပြောနေခဲ့ကြောင်း၊ ဒီထောက်ပံ့မှုဟာ တခြားနိုင်ငံ တွေလုပ်နေသလို အလွတ်သဘောဖြစ်နိုင်ကြောင်း၊ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပျက်နေတာတွေက ဘင်္ဂလားဒေ့ရှ် အတွက် အရေးမကြီးကြောင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့အမျိုးသားလုံခြုံရေးနဲ့ ဒုက္ခသည်ဆိုင်ရာကိစ္စရပ်တွေအတွက် အင်မတန် အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်များ_နေရပ်ပြန်ရေး_ရလဒ်ပြောင်းပြန်_ထွက်ပေါ်နိုင်
ဟိုစိန်က အဲဒီလိုမြင်ပေမယ့် သူပုန်များကို တစ်နည်းနည်း လက်ကမ်းတဲ့ကိစ္စဟာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ သတိထား သင့်တယ်လို့ ဝါရှင်တန်အခြေစိုက် “ဝီလ်ဆင်စင်တာ” ရဲ့ တောင်အာရှဆိုင်ရာ ဒါရိုက်တာ မိုက်ကယ်_ ကူ ဂယ်မန်က ကွဲလွဲသုံးသပ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဒုက္ခသည်အရေးစေ့စပ်ညှိနှိုင်းမှုတွေ အလုပ်ဖြစ်ဖို့ အတွက် မြန်မာနစက အစိုးရနဲ့ အဆင်ပြေတဲ့ဆက်ဆံရေးရှိဖို့ လိုအပ်နေကြောင်း၊ ရှိတ်ဟာစီနာအစိုးရကသာ သူပုန်တွေနဲ့လမ်းကြောင်းဖွင့်နေကြောင်း နစကအစိုးရ သိရှိသွားတယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ရဲ့အကျိုးစီးပွားအတွက် ဆိုးဆိုးရွားရွားသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကူဂယ်မန်က ပြောပါတယ်။

သူပုန်တွေဟာ နစကအပေါ် အချိန်တိုအတွင်း အသာစီးရရှိနေကြောင်း ဝန်ခံပါတယ်။ ဒါပေမယ့် အဲဒီလို အရေးနိမ့် မှုဟာ နစကအနေနဲ့ ပိုမိုရက်စက်ကြမ်းကြုတ်တဲ့ နည်းပရိယာယ်များကို အသုံးပြုဖို့ တွန်းအားဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပဋိပက္ခကို ပြင်းထန်လာစေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထိ ကူးစက်လာနိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာ AA က အောင်မြင်ခြင်း (သို့မဟုတ်) ထိန်းချုပ်နိုင်ရင် ရိုဟင်ဂျာဆိုသူများအတွက် ပိုကောင်းလာနိုင် ပေမယ့် တစ်ချိန်တည်းမှာပဲ အခြေအနေတွေဟာ ပိုပြီး ခက်ခဲလာနိုင်ကြောင်း၊ ဘင်္ဂါလီများ ရခိုင်ပြည် ပြန်လာရေး ခြေလှမ်းတွေဟာ မွတ်စလင်အုပ်စုနဲ့ ဗုဒ္ဓဘာသာသူပုန်တွေအကြား ပူးပေါင်းဆောင်ရွက်နေကြောင်း နိမိတ် လက္ခဏာဖြစ်လာပြီး သူတို့အသိုင်းအဝန်းအပေါ်ခြိမ်းခြောက်မှုအသစ်တွေ ဖြစ်လာစေနိုင်တယ်လို့လည်း ကူဂယ်မန် က မှတ်ယူပါတယ်။

ဘင်္ဂလားဒေ့ရှ်_နောက်ထပ်ဒုက္ခသည်_မလိုချင်
လောလောဆယ်မှာတော့ ရခိုင်ပြည်နယ် မောင်တောဒေသ အစိုးရတပ်နဲ့ AA သူပုန်တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် ဘင်္ဂါလီများ ပိတ်မိနေကြဆဲ ဖြစ်တယ်လို့ “လွတ်လပ်သော ရိုဟင်ဂျာဆိုသူများ ညွန့်ပေါင်းအဖွဲ့” ပူးတွဲတည်ထောင်သူ နေဆန်းလွင်က ပြောပါတယ်။

စစ်မြေပြင်မှာ နစကတပ်တွေ အရေးနိမ့်နေပြီး ရက္ခိုင့်တပ်က ဒေသတွင်းကို အပြည့်အဝ ထိန်းချုပ်ဖို့ ကြိုးစားနေချိန် ဘင်္ဂါလီတွေခဗျာ အသက်လုပြီး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဘင်္ဂါလီ ၂၇၀,၀၀၀ ခန့် ကျန်နေပါသေးကြောင်း ရခိုင်ပြည်နယ်တစ်ခုလုံး သွားလာမှုကန့်သတ်ခံထားရသူ ၁၃၀,၀၀၀ ခန့် အပါအဝင် ရိုဟင်ဂျာဆိုသူ ၆၀၀,၀၀၀ ခန့် ရှိတယ်လို့ နေဆန်းလွင်က ဆိုပါတယ်။

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့ရောက် နေဆန်းလွင်ဟာ ရိုဟင်ဂျာဆိုသူများ သတင်းစင်တာတွေအနက် အကြီးဆုံးတစ်ခု ကို မောင်းနှင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာဆိုသူတွေဟာ ပြည်တွင်းစစ်မှ ထွက်ပြေးရန် ကြိုးပမ်းနေပေမယ့် ဘင်္ဂလားဒေ့ရှ်ကို ရှောင်ကွင်းကြလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ပါတယ်။
..
ရခိုင်မြောက်ပိုင်းရှိ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှဘက်ကို ထွက်ပြေးဖို့ အရမ်းသတိထားနေကြကြောင်း၊ သူတို့ ရဲ့ အပေါင်းအဖော် ဘင်္ဂါလီတော်တော်များများဟာ ဘင်္ဂလားဒေ့ရှ် စခန်းတွေမှာ နှစ်အတော်ကြာ ပိတ်မိနေခဲ့ပြီး နေရပ်ပြန်ရေးအလားအလာက မသေချာကြောင်း မောင်တောဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာ ကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေသူတွေလောက်သာ ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစား နေကြတယ်လို့ ဒေသခံတွေအဆိုအရ သိရှိရကြောင်း ပြောပါတယ်။

မြန်မာပဋိပက္ခ_ပြန့်ပွားလာမည်ကို_ဘင်္ဂလားဒေ့ရှ်ရွာသားတို့_စိုးရိမ်နေ
ဒုက္ခသည်များ အဆက်မပြတ် လှိမ့်ဝင်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ လောလောဆယ် မြန်မာနိုင်ငံဘက်က တစ်ကောင်တစ်မြီးကိုမျှ လက်ခံရန် စိတ်မ၀င်စားပါဘူး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ ကမ်းရိုးတန်း စောင့်တပ်တွေဟာ မြန်မာဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘယ်သူမှ ထိုးဖောက်စိမ့်ဝင်နိုင်ခြင်း မရှိအောင် နယ်စပ်တစ်လျှောက် ကင်းလှည့်မှုတွေကို အရှိန်အဟုန်မြှင့်တင်ထားတယ်လို့ ကော့ခ်ဘဇားခရိုင် လက်ထောက် ကော်မရှင်နာမင်းကြီး မိုဟာမက်_ရှာဟင်း_အင်မရန်ထံမှ သိရှိရပါတယ်။

(လူဦးရေ ၃.၁ သန်းနေထိုင်ရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဆိုပေမယ့် ရခိုင်လူမျိုးချည့် မဟုတ်ဘဲ ဗမာ၊ ချင်း၊ ဘင်္ဂါလီ၊ ကမန်၊ မြို၊ ခမီ၊ သက်၊ မရမာကြီးနဲ့ အခြားလူမျိုးစုများ ရောနှောနေပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၅.၅၃ ရာခိုင်နှုန်းထက်မနည်း (စုစုပေါင်း ၄ သန်းခန့်) တို့ဟာ ရခိုင်လူမျိုးများဖြစ်ကြပြီး ရန်ကုန်၊ ဧရာ၀တီတိုင်း ဒေသကြီးတို့မှာ အများဆုံးနဲ့ နိုင်ငံအတွင်းမှာလည်း ပျံံ့နှံ့နေထိုင်ကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသများအနီးနေထိုင်သူ ၈၀-၉၆ ရာခိုင်နှုန်း ကတော့ ဘင်္ဂါလီအများစု မွတ်စလင်များဖြစ်ပါတယ်။

နေဆန်းလွင် ပြောတဲ့အချက်အလက်တွေဟာ မှားယွင်းတာတွေ ပါ၀င်နေတယ်လို့ မွတ်စလင်အာဘော် အယ်လ်ဂျားဇီးယားက ပြောဆိုသည့်တိုင် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာဆိုသူ ၆ သိန်းကျော်ခန့် ရှိပါလိမ့်မယ်။ ၂၀၁၇ ခုနှစ် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးသွားသူ ၇၄၀,၀၀၀ ခန့်နဲ့ ပေါင်းလျှင် ၁.၄ သန်းခန့်ရှိနေပါတယ်။ အချို့ကလည်း မလေးရှားအများစု ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ အားလုံးရဲ့ ၃ ပုံ ၁ ပုံဟာ ဘင်္ဂါလီများဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းရဲ့ လူဦးရေ ၉၆ ရာခိုင်နှုန်း ထက်မနည်းဟာ ဘင်္ဂါလီများဖြစ်ကြပြီး ကျန် ရခိုင်၊ ချင်း အပါအ၀င် လူမျိုးစုများဟာ လူနည်းစုများသဖွယ် ရှိနေပါတယ်။ ။ သတင်းဘာသာပြန်သူ)

#မြန်မာနိုင်ငံပြည်တွင်းစစ် #ရခိုင်ပြည်နယ်တိုက်ပွဲများ #နစက #ရက္ခိုက့်တပ် #ဘင်္ဂါလီ #ကော့ခ်ဘဇား
(Deutsche Welle., 20 February 2024,” How is Myanmar's civil war impacting Bangladesh?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ျမန္မာျပည္တြင္းစစ္၏ ဘဂၤလားေဒ့ရွ္အေပၚ သက္ေရာက္မႈ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂၅

ရခိုင္ျပည္နယ္အတြင္း ျမန္မာအစိုးတပ္မ်ားနဲ႔ သူပုန္အုပ္စုတို႔အၾကား တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာပါတယ္။ အိမ္နီးခ်င္းတိုင္းျပည္ျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနနဲ႔ လုံၿခဳံေရး-ဒုကၡသည္ဆိုင္ရာအေရးကိစၥမ်ားအတြက္ အေႏွး နဲ႔အျမန္ဆိုသလို သူပုန္မ်ားထံ မၾကာမီ ဆက္သြယ္ရန္ လိုအပ္လာႏိုင္တယ္လို႔ ေကာ့ခ္ဘဇားေဒသခံ စစ္ေရး-ႏိုင္ငံ ေရး-စီးပြားေရးေလ့လာအႀကံေပးသူ အာရာဖာတူ_အီစလံရဲ႕အျမင္ကို ဂ်ာမန္အစိုးရပိုင္ “ဒြိဳက္ခ္်-၀ယ္လီ” DW သတင္းေအဂ်င္စီက ၂ဝ၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္က ေဖာ္ျပခဲ့ပါတယ္။

ျမန္မာနစကအစိုးရနဲ႔ ရကၡိဳင့္တပ္ (AA) တို႔အၾကားတိုက္ပြဲမ်ားဟာ ရခိုင္ျပည္နယ္ အေနာက္ဘက္ျခမ္းမွာ ျပင္းထန္ ေနပါတယ္။ ယခုလအတြင္း လက္နက္ႀကီးက်ည္ ေနရာလြဲက်ေရာက္ေပါက္ကြဲမႈေၾကာင့္ လူႏွစ္ဦးေသဆုံးၿပီး နယ္စပ္ျဖတ္ေက်ာ္လာတဲ့ ေသနတ္က်ည္ဆန္မ်ားေၾကာင့္ အမ်ားအျပား ဒဏ္ရာရရွိခဲ့ရတယ္လို႔ ဘဂၤလားေဒ့ရွ္က သူတို႔ရဲ႕ထိခိုက္ေသေပ်ာက္မႈကို မွတ္တမ္းတင္ထားပါတယ္။ မၾကာေသးမီက သူပုန္တိုက္ခိုက္ေရးသမားေတြဟာ ျမန္မာနယ္စပ္ေဒသကိုသိမ္းပိုက္ခဲ့ၿပီး ျပည္နယ္တြင္းရွိ အျခားေနရာမ်ားမွ အစိုးရတပ္မ်ားကို ဖယ္ရွားရန္ အား ထုတ္ေနပါတယ္။

ေ႐ြးေကာက္ခံ ေဒၚေအာင္ဆန္းစုၾကည္အစိုးရကို ဖယ္ရွား အာဏာရယူခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း ျမန္မာအာဏာရ နစကအတြက္ ျပည္တြင္းစစ္ က်ယ္ျပန္႔လာျခင္းနဲ႔အတူ အႀကီးအက်ယ္ အၾကပ္႐ိုက္မႈနဲ႔ ရင္ဆိုင္ ေနရပါတယ္။ ရကၡိဳင့္တပ္ဟာ ျမန္မာႏိုင္ငံဗဟိုအစိုးရထံမွ ကိုယ္ပိုင္အုပ္ခ်ဳပ္ပိုင္ခြင့္ကို ရယူလိုတဲ့ ရခိုင္တိုင္းရင္းသား မ်ားရဲ႕စစ္အုပ္စုျဖစ္ၿပီး ရခိုင္ျပည္နယ္အတြင္း အစိုးရကင္းစခန္းမ်ားကို ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလမွာ စတင္ တိုက္ခိုက္ခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ ဗုဒၶဘာသာလႊမ္းမိုးတဲ့ ျမန္မာႏိုင္ငံနဲ႔ ၁၆၈ မိုင္မွ် နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ မူဆလင္အမ်ားစု ေနထိုင္ရာတိုင္းျပည္ျဖစ္ပါတယ္။ ဒါတင္မက ဆယ္စုႏွစ္မ်ားစြာအတြင္း ျမန္မာဘက္မွ ထြက္ေျပးလာခဲ့တဲ့ ႐ိုဟင္ဂ်ာဆိုသူ ဘဂၤါလီမြတ္စလင္ ဒုကၡသည္အမ်ားစုတို႔ ခိုလႈံရာျဖစ္ေနပါတယ္။ အထူးသျဖင့္ ၂၀၁၇- ခုႏွစ္ ရခိုင္ ျပည္နယ္အတြင္း ျမန္မာစစ္တပ္က သူတို႔အေပၚ ရက္စက္ၾကမ္းတမ္းစြာ ရွင္းလင္းမႈစစ္ဆင္ေရး စတင္ခ်ိန္ ေနာက္ပိုင္းျဖစ္ပါတယ္။

ေနရပ္ျပန္ေရး_ဘဂၤါလီတို႔_ယုံၾကည္ျခင္း_မရွိ

DW နဲ႔ ေတြ႕ဆုံခဲ့တဲ့ ဘဂၤလားေဒ့ရွ္ ကမ္း႐ိုးတန္း ေကာ့ခ္ဘဇားေရာက္ ဘဂၤါလီဒုကၡသည္ အေတာ္မ်ားမ်ားတို႔ ကေတာ့ AA သူပုန္တို႔ရဲ႕ေအာင္ျမင္မႈအေပၚ သံသယအျမင္နဲ႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ သူပုန္မ်ားက စစ္အစိုးရကို ျဖဳတ္ခ်ႏိုင္သည့္တိုင္ ဗုဒၶဘာသာအမ်ားစု လက္နက္ကိုင္ အင္အားစုအေနနဲ႔ ဘဂၤါလီတို႔ရဲ႕ဘဝေရွ႕ေရး တိုးတက္ ေအာင္ လုပ္ေဆာင္လိုစိတ္ သိပ္ၿပီးရွိလိမ့္မယ္လို႔ သူတို႔မယုံၾကည္ၾကပါဘူး။ ရခိုင္ျပည္နယ္မွာ ဗုဒၶဘာသာ၀င္ေတြက ျမန္မာအစိုးရအေပၚ ဆန႔္က်င္တိုက္ခိုက္ေနတာ အမွန္ျဖစ္ေပမယ့္ ဘဂၤါလီတို႔ လိုခ်င္ေနတာ ႏိုင္ငံသားျဖစ္ခြင့္ ျဖစ္ေၾကာင္း၊ သူတို႔ရဲ႕အဲဒီအိပ္မက္ဟာ ဂ်ီႏိုဆိုက္အၿပီး ၆ ႏွစ္ၾကာခဲ့ၿပီေၾကာင္း၊ သူတို႔ကိုျပန္ေခၚၿပီး ႏိုင္ငံသားျဖစ္ ေအာင္လုပ္ေပးမယ္လို႔ AA ေတြေျပာတာ တစ္ခါမွ မၾကားဖူးဘူးေၾကာင္း ဒုကၡသည္စခန္းေန ဘဂၤါလီေခါင္းေဆာင္ တစ္ဦးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရအေနျဖင့္_သူပုန္မ်ားကို_လက္ကမ္း သင့္_မသင့္

ဒါေပမယ့္ ဘဂၤလားေဒ့ရွ္လုံၿခဳံေရးကြၽမ္းက်င္သူ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး အမ္_ဆဂာ၀ပ္_ဟိုစိန္ကေတာ့ အေတာ္ မ်ားမ်ား အေကာင္းျမင္ပါတယ္။ ဘဂၤလားေဒ့ရ္ွေရာက္ ဒုကၡသည္ဘဂၤါလီမ်ားအတြက္ ေဘးကင္းလုံၿခဳံ၊ ဆႏၵ အေလ်ာက္ ဂုဏ္သိကၡာရွိစြာ ေနရပ္ျပန္ႏိုင္ေရးနဲ႔ပတ္သက္ၿပီး NUG ေခၚ ျမန္မာ “အမ်ိဳးသားညီၫြတ္ေရးအစိုးရ” ရဲ႕ ကတိကဝတ္မ်ားကို ေထာက္ျပပါတယ္။

NUG ဟာ စစ္အာဏာသိမ္းမႈနဲ႔ျဖဳတ္ခ်ခံခဲ့ရတဲ့ ေ႐ြးေကာက္ခံဝန္ႀကီးမ်ား တက္ႂကြလႈပ္ရွားသူမ်ားနဲ႔ ေပါင္းစုဖြဲ႕စည္း ထားတဲ့ “ရွဲဒိုးအစိုးရ” ျဖစ္ၿပီး ႏိုင္ငံတကာရဲ႕ပံ့ပိုးကူညီမႈ အမ်ားအျပားကို ရရွိထားပါတယ္။ နစကကို အႏိုင္ယူၿပီး ေနျပည္ေတာ္မွာ အာဏာရယူဖို႔ ႀကိဳးစားေနသူမ်ားလည္း ျဖစ္ပါတယ္။ သူပုန္မ်ားနဲ႔စစ္ပြဲမွာ နစက ရႈံးနိမ့္သြားခဲ့ရင္ AA ရဲ႕ ႏိုင္ငံေရးအဖြဲ႕အစည္းျဖစ္တဲ့ “ရကၡိဳင့္အမ်ိဳးသားအဖြဲ႕ခ်ဳပ္” (ULA) က ရခိုင္ျပည္ကို အုပ္ခ်ဳပ္ပါလိမ့္မယ္။ NUG ဟာ ULA ကို ေထာက္ခံပါတယ္၊ NUG နဲ႔ULA တို႔လက္ေအာက္ ႐ိုဟင္ဂ်ာဆိုသူမ်ားအေနနဲ႔ ႏိုင္ငံသားျဖစ္ဖို႔ ပိုမိုေကာင္းမြန္တဲ့အခြင့္အေရးရွိေနလိမ့္မယ္လို႔ ဟိုစိန္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္အေနနဲ႔ အနာဂတ္ ရခိုင္ျပည္နယ္ရဲ႕အေရးကို အဓိက ဆုံးျဖတ္မယ့္သူမ်ားနဲ႔ အလြတ္သေဘာ ဆက္သြယ္မႈ ခ်ဲ႕ထြင္ရန္ လိုအပ္တယ္လို႔ ဟိုစိန္က ယူဆပါတယ္။ ဘဂၤလားေဒ့ရွ္ဟာ မိမိအက်ိဳးစီးပြားအတြက္ AA ကို ေထာက္ပံ့ဖို႔ လိုအပ္တယ္လို႔ ႏွစ္ေပါင္းမ်ားစြာကတည္းက သူေျပာေနခဲ့ေၾကာင္း၊ ဒီေထာက္ပံ့မႈဟာ တျခားႏိုင္ငံ ေတြလုပ္ေနသလို အလြတ္သေဘာျဖစ္ႏိုင္ေၾကာင္း၊ ျမန္မာတႏိုင္ငံလုံးမွာ ျဖစ္ပ်က္ေနတာေတြက ဘဂၤလားေဒ့ရွ္ အတြက္ အေရးမႀကီးေၾကာင္း၊ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြဟာ ဘဂၤလားေဒ့ရွ္ရဲ႕အမ်ိဳးသားလုံၿခဳံေရးနဲ႔ ဒုကၡသည္ဆိုင္ရာကိစၥရပ္ေတြအတြက္ အင္မတန္ အေရးႀကီးတယ္လို႔ ဆိုပါတယ္။

ဒုကၡသည္မ်ား_ေနရပ္ျပန္ေရး_ရလဒ္ေျပာင္းျပန္_ထြက္ေပၚႏိုင္
ဟိုစိန္က အဲဒီလိုျမင္ေပမယ့္ သူပုန္မ်ားကို တစ္နည္းနည္း လက္ကမ္းတဲ့ကိစၥဟာ ဘဂၤလားေဒ့ရွ္အေနနဲ႔ သတိထား သင့္တယ္လို႔ ဝါရွင္တန္အေျခစိုက္ “ဝီလ္ဆင္စင္တာ” ရဲ႕ ေတာင္အာရွဆိုင္ရာ ဒါ႐ိုက္တာ မိုက္ကယ္_ ကူ ဂယ္မန္က ကြဲလြဲသုံးသပ္ပါတယ္။

ဘဂၤလားေဒ့ရွ္အေနနဲ႔ နယ္စပ္လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ဒုကၡသည္အေရးေစ့စပ္ညႇိႏႈိင္းမႈေတြ အလုပ္ျဖစ္ဖို႔ အတြက္ ျမန္မာနစက အစိုးရနဲ႔ အဆင္ေျပတဲ့ဆက္ဆံေရးရွိဖို႔ လိုအပ္ေနေၾကာင္း၊ ရွိတ္ဟာစီနာအစိုးရကသာ သူပုန္ေတြနဲ႔လမ္းေၾကာင္းဖြင့္ေနေၾကာင္း နစကအစိုးရ သိရွိသြားတယ္ဆိုရင္ ဘဂၤလားေဒ့ရွ္ရဲ႕အက်ိဳးစီးပြားအတြက္ ဆိုးဆိုး႐ြား႐ြားသက္ေရာက္မႈေတြ ရွိလာႏိုင္တယ္လို႔ ကူဂယ္မန္က ေျပာပါတယ္။

သူပုန္ေတြဟာ နစကအေပၚ အခ်ိန္တိုအတြင္း အသာစီးရရွိေနေၾကာင္း ဝန္ခံပါတယ္။ ဒါေပမယ့္ အဲဒီလို အေရးနိမ့္ မႈဟာ နစကအေနနဲ႔ ပိုမိုရက္စက္ၾကမ္းၾကဳတ္တဲ့ နည္းပရိယာယ္မ်ားကို အသုံးျပဳဖို႔ တြန္းအားျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ပဋိပကၡကို ျပင္းထန္လာေစၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းထိ ကူးစက္လာႏိုင္ပါတယ္။

ရခိုင္ျပည္နယ္မွာ AA က ေအာင္ျမင္ျခင္း (သို႔မဟုတ္) ထိန္းခ်ဳပ္ႏိုင္ရင္ ႐ိုဟင္ဂ်ာဆိုသူမ်ားအတြက္ ပိုေကာင္းလာႏိုင္ ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ အေျခအေနေတြဟာ ပိုၿပီး ခက္ခဲလာႏိုင္ေၾကာင္း၊ ဘဂၤါလီမ်ား ရခိုင္ျပည္ ျပန္လာေရး ေျခလွမ္းေတြဟာ မြတ္စလင္အုပ္စုနဲ႔ ဗုဒၶဘာသာသူပုန္ေတြအၾကား ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း နိမိတ္ လကၡဏာျဖစ္လာၿပီး သူတို႔အသိုင္းအဝန္းအေပၚၿခိမ္းေျခာက္မႈအသစ္ေတြ ျဖစ္လာေစႏိုင္တယ္လို႔လည္း ကူဂယ္မန္ က မွတ္ယူပါတယ္။

ဘဂၤလားေဒ့ရွ္_ေနာက္ထပ္ဒုကၡသည္_မလိုခ်င္
ေလာေလာဆယ္မွာေတာ့ ရခိုင္ျပည္နယ္ ေမာင္ေတာေဒသ အစိုးရတပ္နဲ႔ AA သူပုန္တို႔အၾကား တိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြားေနတာေၾကာင့္ ဘဂၤါလီမ်ား ပိတ္မိေနၾကဆဲ ျဖစ္တယ္လို႔ “လြတ္လပ္ေသာ ႐ိုဟင္ဂ်ာဆိုသူမ်ား ၫြန္႔ေပါင္းအဖြဲ႕” ပူးတြဲတည္ေထာင္သူ ေနဆန္းလြင္က ေျပာပါတယ္။

စစ္ေျမျပင္မွာ နစကတပ္ေတြ အေရးနိမ့္ေနၿပီး ရကၡိဳင့္တပ္က ေဒသတြင္းကို အျပည့္အဝ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနခ်ိန္ ဘဂၤါလီေတြခဗ်ာ အသက္လုၿပီး ထြက္ေျပးေနရတယ္လို႔ ဆိုပါတယ္။ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ဘဂၤါလီ ၂၇၀,၀၀၀ ခန႔္ က်န္ေနပါေသးေၾကာင္း ရခိုင္ျပည္နယ္တစ္ခုလုံး သြားလာမႈကန္႔သတ္ခံထားရသူ ၁၃၀,၀၀၀ ခန္႔ အပါအဝင္ ႐ိုဟင္ဂ်ာဆိုသူ ၆၀၀,၀၀၀ ခန႔္ ရွိတယ္လို႔ ေနဆန္းလြင္က ဆိုပါတယ္။

ဂ်ာမနီႏိုင္ငံ ဖရန္႔ဖြတ္ၿမိဳ႕ေရာက္ ေနဆန္းလြင္ဟာ ႐ိုဟင္ဂ်ာဆိုသူမ်ား သတင္းစင္တာေတြအနက္ အႀကီးဆုံးတစ္ခု ကို ေမာင္းႏွင္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ က်န္ရွိေနတဲ့ ႐ိုဟင္ဂ်ာဆိုသူေတြဟာ ျပည္တြင္းစစ္မွ ထြက္ေျပးရန္ ႀကိဳးပမ္းေနေပမယ့္ ဘဂၤလားေဒ့ရွ္ကို ေရွာင္ကြင္းၾကလိမ့္မယ္လို႔ သူ႔အေနနဲ႔ ယုံၾကည္ပါတယ္။
..
ရခိုင္ေျမာက္ပိုင္းရွိ ဘဂၤါလီေတြဟာ ဘဂၤလားေဒ့ရွဘက္ကို ထြက္ေျပးဖို႔ အရမ္းသတိထားေနၾကေၾကာင္း၊ သူတို႔ ရဲ႕ အေပါင္းအေဖာ္ ဘဂၤါလီေတာ္ေတာ္မ်ားမ်ားဟာ ဘဂၤလားေဒ့ရွ္ စခန္းေတြမွာ ႏွစ္အေတာ္ၾကာ ပိတ္မိေနခဲ့ၿပီး ေနရပ္ျပန္ေရးအလားအလာက မေသခ်ာေၾကာင္း ေမာင္ေတာေဆး႐ုံမွာ က်န္းမာေရးဝန္ထမ္း မလုံေလာက္တာ ေၾကာင့္ ေဆးကုသမႈခံယူဖို႔ လိုအပ္ေနသူေတြေလာက္သာ ဘဂၤလားေဒ့ရ္ွဘက္ကို ထြက္ေျပးတိမ္းေရွာင္ဖို႔ ႀကိဳးစား ေနၾကတယ္လို႔ ေဒသခံေတြအဆိုအရ သိရွိရေၾကာင္း ေျပာပါတယ္။

ျမန္မာပဋိပကၡ_ျပန႔္ပြားလာမည္ကို_ဘဂၤလားေဒ့ရွ္႐ြာသားတို႔_စိုးရိမ္ေန
ဒုကၡသည္မ်ား အဆက္မျပတ္ လွိမ့္ဝင္ခံေနရတဲ့ ဘဂၤလားေဒ့ရွ္ဟာ ေလာေလာဆယ္ ျမန္မာႏိုင္ငံဘက္က တစ္ေကာင္တစ္ၿမီးကိုမွ် လက္ခံရန္ စိတ္မ၀င္စားပါဘူး၊ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB) နဲ႔ ကမ္း႐ိုးတန္း ေစာင့္တပ္ေတြဟာ ျမန္မာဘက္ျခမ္းမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ဘယ္သူမွ ထိုးေဖာက္စိမ့္ဝင္ႏိုင္ျခင္း မရွိေအာင္ နယ္စပ္တစ္ေလွ်ာက္ ကင္းလွည့္မႈေတြကို အရွိန္အဟုန္ျမႇင့္တင္ထားတယ္လို႔ ေကာ့ခ္ဘဇားခ႐ိုင္ လက္ေထာက္ ေကာ္မရွင္နာမင္းႀကီး မိုဟာမက္_ရွာဟင္း_အင္မရန္ထံမွ သိရွိရပါတယ္။

(လူဦးေရ ၃.၁ သန္းေနထိုင္ရာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ဆိုေပမယ့္ ရခိုင္လူမ်ိဳးခ်ည့္ မဟုတ္ဘဲ ဗမာ၊ ခ်င္း၊ ဘဂၤါလီ၊ ကမန္၊ ၿမိဳ၊ ခမီ၊ သက္၊ မရမာႀကီးနဲ႔ အျခားလူမ်ိဳးစုမ်ား ေရာေႏွာေနပါတယ္။ ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၅.၅၃ ရာခိုင္ႏႈန္းထက္မနည္း (စုစုေပါင္း ၄ သန္းခန္႔) တို႔ဟာ ရခိုင္လူမ်ိဳးမ်ားျဖစ္ၾကၿပီး ရန္ကုန္၊ ဧရာ၀တီတိုင္း ေဒသႀကီးတို႔မွာ အမ်ားဆုံးနဲ႔ ႏိုင္ငံအတြင္းမွာလည္း ပ်ံံ့ႏွံ႔ေနထိုင္ၾကပါတယ္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ကမ္း႐ိုးတန္းေဒသမ်ားအနီးေနထိုင္သူ ၈၀-၉၆ ရာခိုင္ႏႈန္း ကေတာ့ ဘဂၤါလီအမ်ားစု မြတ္စလင္မ်ားျဖစ္ပါတယ္။

ေနဆန္းလြင္ ေျပာတဲ့အခ်က္အလက္ေတြဟာ မွားယြင္းတာေတြ ပါ၀င္ေနတယ္လို႔ မြတ္စလင္အာေဘာ္ အယ္လ္ဂ်ားဇီးယားက ေျပာဆိုသည့္တိုင္ ရခိုင္ျပည္နယ္အတြင္း ႐ိုဟင္ဂ်ာဆိုသူ ၆ သိန္းေက်ာ္ခန္႔ ရွိပါလိမ့္မယ္။ ၂၀၁၇ ခုႏွစ္ ဘဂၤလားေဒ့ရ္ွႏိုင္ငံဘက္ကို ထြက္ေျပးသြားသူ ၇၄၀,၀၀၀ ခန္႔နဲ႔ ေပါင္းလွ်င္ ၁.၄ သန္းခန္႔ရွိေနပါတယ္။ အခ်ိဳ႕ကလည္း မေလးရွားအမ်ားစု ကမာၻအရပ္ရပ္မွာ ေရာက္ရွိေနပါတယ္။ ရခိုင္ျပည္နယ္အတြင္း ေနထိုင္သူ အားလုံးရဲ႕ ၃ ပုံ ၁ ပုံဟာ ဘဂၤါလီမ်ားျဖစ္ပါတယ္။ အထူးသျဖင့္ ရခိုင္ေျမာက္ပိုင္းရဲ႕ လူဦးေရ ၉၆ ရာခိုင္ႏႈန္း ထက္မနည္းဟာ ဘဂၤါလီမ်ားျဖစ္ၾကၿပီး က်န္ ရခိုင္၊ ခ်င္း အပါအ၀င္ လူမ်ိဳးစုမ်ားဟာ လူနည္းစုမ်ားသဖြယ္ ရွိေနပါတယ္။ ။ သတင္းဘာသာျပန္သူ)

#ျမန္မာႏိုင္ငံျပည္တြင္းစစ္ #ရခိုင္ျပည္နယ္တိုက္ပြဲမ်ား #နစက #ရကၡိဳက့္တပ္ #ဘဂၤါလီ #ေကာ့ခ္ဘဇား
(Deutsche Welle., 20 February 2024,” How is Myanmar's civil war impacting Bangladesh?” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.