အပြိုင်လူသစ်စုလာသည့်လက်နက်ကိုင်များကြောင့် ပြည်တွင်းစစ်မီး . . . (ဆောင်းပါး)

 498

မြူနစ် (NP News) - ‌ဖေဖော်ဝါရီ ၂၅

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်အရှည်ကြာဆုံး နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားရန် လက်နက်ကိုင်အသီးသီးက တာစူနေလျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ဦးဆောင်သည့် လက်ရှိ နစက အစိုးရလက်ထက်တွင် တိုက်ပွဲများ အပြင်းထန်ဆုံး ကာလမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်က စတင်သည်ဟု ကောက်ချက်ချနိုင်သည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့ဖြစ် သော MNDAA ၊ TNLAA နှင့် AA တို့သည် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ၂၀၂၃ ခုနှစ် အောက်တို ဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း၌ တိုက်ပွဲများကို စတင်ဖော်ဆောင်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးကာလအတွင်း၌ ကိုးကန့်လက် နက်ကိုင် MNDAA အဖွဲ့သည် ကိုးကန့်ဒေသတစ်ခုလုံးနီးပါးကိုထိန်းချုပ်နိုင်ခဲ့သည့် သဘောရှိသကဲ့သို့ တအာင်းလက်နက်ကိုင် TNLA အဖွဲ့အနေဖြင့်လည်း ရှမ်းမြောက်အတွင်းရှိ မြို့(၇)မြို့ခန့်ကို ထိန်းချုပ်နိုင်ခဲ့သည့်သဘောရှိသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ မြောက်ပိုင်း(၃)ဖွဲ့နှင့် နစက၏တပ်မတော်တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၁ ရက်မှစတင်ကာ နှစ်ဖက်အပစ်ရပ်ဆိုင်းထားကြသည်။

ထိုသို့ နှစ်ဖက်အပစ်အခတ် ရပ်ဆိုင်းထားသည့် ကာလအတွင်း၌ MNDAA ၊ TNLA လက်နက်ကိုင်အဖွဲ့တို့သည် ၎င်းတို့ထိန်းချုပ်ထားရာမြို့များတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်သားသစ်စုဆောင်းခြင်းများကိုလည်း လုပ်ကိုင်နေလျက်ရှိသည်။

''လောက်ကိုင်မှာတော့ MNDAA ကပဲ အခု ဦးစီးနေတာပေါ့။ ကျွန်တော်တို့ပြည်မက အလုပ်သ မားတွေကိုခေါ်မယ်ဆိုရင် သူတို့ဆီမှာ ထောက်ခံစာ ယူရတယ်။ သူတို့ရုံးကိုသွားပြီးတော့ အာမခံမှခေါ်လို့ ရတယ်။ လောက်ကိုင်မှာက သူတို့ရုံးရှိတယ်လေ။ နောက်တစ်ခုက အိမ်တွေမှာ စာရင်းလိုက်ကောက် တာရှိတယ်။ သားသမီးဘယ်နှယောက်ရှိလဲပေါ့။ စစ်မှု ထမ်းရမယ်ဆိုတဲ့အကြောင်းတွေပါ ပြောသွားတာရှိ တယ်။ ကိုးကန့်လူမျိုးတွေကတော့ လိုလိုလားလားနဲ့ သွားကြတာတော့ရှိတယ်"ဟု လောက်ကိုင်မြို့ခံတစ် ဦးက NP News ကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြောသည်။

အလားတူ ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့(၇)မြို့ခန့်ကို ထိန်းချုပ်ထားသော TNLA အဖွဲ့သည်လည်း တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည်ဆိုသည့် ဥပဒေတစ်ရပ် ထုတ်ပြန်လာခဲ့သည်ကို တွေ့ရှိရသည်။

MNDAA နှင့် TNLA အဖွဲ့တို့သည် ၎င်းတို့ ထိန်းချုပ်ထားရာဒေသများတွင် အုပ်ချုပ်ရေးလုပ်ငန်း များစတင်မှုနှင့်အတူ တပ်သားသစ်စုဆောင်းမှုများ ကိုပါ တစ်ပြိုင်နက်တည်း ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် လက်ရှိနိုင်ငံတော် တာဝန်ရယူထားသည့် နစက အစိုးရသည်လည်း ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည် ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေသည် ဗိုလ်ချုပ် မှူးကြီးသန်းရွှေလက်ထက်တွင်ရေးဆွဲခဲ့သော ဥပဒေ တစ်ရပ်ဖြစ်ပြီး ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန် နိုင်ငံသားတိုင်း တာဝန်ရှိသည့်အတွက် ဥပဒေအာဏာတည်လိုက်ခြင်းဖြစ်ကြောင်း နစကဘက်က ပြောဆိုထားသည်။ ယင်းကဲ့သို့ ပြည် သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း နစက မှ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က လည်း ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံများအနေဖြင့် စစ်မှု ထမ်းရမည်ဟု ထပ်မံထုတ်ပြန်လာခဲ့သည်။

စစ်မှုထမ်းဆောင်ခြင်းမရှိဘဲ နိုင်ငံခြားသို့ ထွက် ပြေးတိမ်းရှောင်ပါက နေအိမ်ရှိပစ္စည်းဥစ္စာများကို သိမ်းဆည်းသွားမည်ဟုလည်း RCSS ဘက်က ခြိမ်း ခြောက်ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

NCA လက်မှတ်ရေးထိုးထားသော RCSS အနေဖြင့် ယခုကဲ့သို့ လူအင်အားတိုးချဲ့ရန် ဆောင်ရွက်လာမှုသည် NCA ၏ ပြဋ္ဌာန်းချက်များနှင့် ကိုက် ညီမှုရှိ၊ မရှိ မေးခွန်းထုတ်သူအချို့လည်း ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ဒေသများတွင် ဒေသခံတိုင်းရင်းသားများအနေဖြင့် ၎င်းလက်နက်ကိုင်များ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း အပြုအမူများကို ခံနေရ လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံအတွင်း ရှိ လူငယ်အပါအဝင် ပြည်သူလူထုအနေဖြင့် လက် နက်ကိုင်အဖွဲ့များ၏ စစ်မှုထမ်းရမည်ဆိုသည့် ထုတ် ပြန်ကြေညာချက်များကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်ကိုလည်း တွေ့ရသည်။

''ကျုပ်အမြင်ကတော့ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းက သူတို့ရဲ့ကိုယ်ကျိုးစီးပွားကို ပြည်သူ လူထုကို ချနင်းတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆို တော့ တိုင်းပြည်ကြီးက စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ အချိန်မှာ ပြည်သူလူထုရဲ့အကျိုးစီးပွားဆိုပြီးမှ လက် နက်ကိုင်တွေအကုန်လုံးက ဒီစကားလုံးကို တွင်တွင်သုံးပြီးတော့မှ တိုင်းသူပြည်သားတွေနဲ့ လူငယ်တွေနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ ဒီလောက်ဒုက္ခရောက်နေတဲ့ အချိန်မှာ ပြည်သူ့အကျိုးစီးပွားကို တစ်တိုင်းပြည်လုံး မှာရှိတဲ့လက်နက်ကိုင်တွေ တစ်ယောက်မှ ရှေးမရှုဘူး လို့ သုံးသပ်ချင်တယ်။ ပြည်သူကို သေကွင်းထဲ၊ သတ် ကွင်းထဲ အတင်းဆွဲခေါ်နေတဲ့အတွက်ကြောင့် ဘယ် ကောင်မှ မင်းကောင်းမင်းမြတ်မဖြစ်ဘူးဆိုတာ ကျုပ်ပြောချင်တယ်"ဟု စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ IBEC ဆရာတော် ဦးသောဘိတက NP News ကို သုံးသပ်မိန့်ကြားသည်။

ထို့ကြောင့် လက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့် လက်နက်ဖြင့်တိုက်ခိုက်နေခြင်းအစား ငြိမ်း ချမ်းရေးစားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် လည်း ဆရာတော်ဦးသောဘိတက မေတ္တာရပ်ခံ မိန့်ကြားထား သည်။

''ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲဆိုတော့ အဲဒီ လက်နက်ကိုင်ခေါင်းဆောင်တွေအကုန်လုံးက Poli­tical dialogue အရ ဆွေးနွေးပြီးတော့မှ ဖက်ဒရယ် ဆို ဖက်ဒရယ်၊ နိုင်ငံတော်ကို တည်ဆောက်ဖို့အတွက် ဖွဲ့စည်းပုံကို ဘယ်လိုပြင်ကြမလဲ။ လက်နက်နဲ့တိုက်နေတာထက် စားပွဲဝိုင်းမှာတိုက်တာကို ကျုပ်ကတော့ တိုက် တွန်းလိုတာပေါ့။ ဒီလိုဖြစ်စဉ်တွေက ကမ္ဘောဒီးယား မှာလည်း ဖြစ်ခဲ့ကြဖူးတာ။ လူဦးရေ (၆)သန်းလောက် ရှိတာကို (၂)သန်းလောက်က ပဋိပက္ခကြောင့်သေကျေ ခဲ့ရဖူးတယ်။ အဲဒီတော့ တို့တိုင်းပြည်မှာလည်း လူဦး ရေ သန်း (၅၀) လောက်က သူတို့ ဒီလိုလက်နက်ကိုင် ဖြေရှင်းနေကြရင် သန်းနဲ့ချီသော ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေက ပျက်စီးဆုံးရှုံးသွား နိုင်တယ်။ ဒါကြောင့်မို့လို့ အဲဒီလိုဟာမျိုးတွေကို ကျုပ် က ဘယ်အဖွဲ့အစည်းကိုမှအားမပေးဘူး။ အကောင်း ဆုံးကတော့ လက်နက်ကိုင်ခေါင်းဆောင်တွေ အား လုံးရော၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးက အာဆီယံတို့၊ ကုလသမဂ္ဂတို့ နိုင်ငံကြီးတွေရဲ့ အဖွဲ့အ စည်းတွေရဲ့ တွန်းအားပေးမှုနဲ့အတူ စားပွဲဝိုင်းယဉ် ကျေးမှုပေါ်ကိုသွားဖို့အတွက် တိုက်တွန်းလိုပါတယ်။ တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် အဲဒီလက် နက်ကိုင်တွေအားလုံး Poli­tical dialogue ကို သွားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်"ဟု ဆရာတော်က ထပ်မံ မိန့်ကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ လက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် လူအင်အားစုဆောင်း ရန် ပြင်ဆင်နေလျက်ရှိကြပြီး လိုလိုလား လားဖြင့် စစ်မှုထမ်းလိုသူများရှိသကဲ့သို့ ငြင်းဆိုနေသူများလည်း ရှိနေသည်ကို တွေ့ရသည်။

"လက်တွေ့ကတော့ စစ်သားအင်အား လက် နက်တပ်ပေးလိုက်ရင် စစ်မီးကတော့ ပိုကျယ်ပြန့်မှာပေါ့။ ကိုယ့်နယ်မြေကို မပေးလိုလို့သာ တောင့်ခံမယ် ဆိုတဲ့ အားနဲ့စုကြတာ။ ရရှိပြီးသားနယ်မြေကို ထိန်း ချုပ်ဖို့ လူ၊ လက်နက်လိုတယ်ဆိုတာလည်း ဖြစ်နိုင် တယ်ပေါ့ဗျာ။ တစ်ဖက်ကလည်း စွန့်လွှတ်ခဲ့ရတဲ့မြေ တွေကို ပြန်ပြီးရအောင်ယူမယ်ဆိုတဲ့သဘောနဲ့ လူ၊ လက်နက်ကလည်း စုကြရတာပေါ့။ အဲဒီတော့ အတက်၊ အဆုတ်ပေါ့ဗျာ စစ်ဗျူဟာအရလေ။ ဒီပြည် တွင်းစစ် ပဋိပက္ခဆိုးကျိုးသံသရာက ဆက်လည်ပတ် ဖို့အတွက် မီးလောင်ရာလေပင့် တစ်နည်းအားဖြင့် ဆီဖျန်းပေးတဲ့သဘောပဲ"ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။

ထို့ပြင် ပြည်တွင်းစစ်မီးသည် အမြင့်ဆုံးအမှတ် သို့ရောက်ရှိချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း အင်အားကြီးကြီးဖြင့် ထွက်ပေါ်လာနိုင်သည်ဟုလည်း ဒေါက်တာအေးမောင်က ဆိုသည်။

"မြန်မာနိုင်ငံက အရွေ့တစ်ခုကို သွားတာပေါ့။ ပြည်တွင်းပဋိပက္ခ ပိုများလည်ပတ်ဦးမှာလား။ စစ်မီးလျှံတွေပေါ့။ ပဋိပက္ခတွေ ပိုကျယ်ပြန့်ဖို့အတွက် လူ၊ လက်နက်၊ နည်းပညာစုဆောင်းနေဖြစ်ကြပြီလားဆိုတာ တွေးပူကြမှာပေါ့။ အဲဒီလိုတွေးပူသလိုပဲ ပြည်ထောင်စုငြိမ်းချမ်းမှုအတွက် ဘယ်လိုလုပ်ရင် ကောင်း မလဲဆိုတဲ့ လိုအပ်ချက်အပူတစ်ခုကလည်း ထပ် ရောက်လာမယ်ထင်တယ် လူထုကြားမှာလေ။ ဒီအတိုင်း အစိတ်စိတ် အမြွှာမြွှာကွဲအောင် မီးလောင်ရာကို လေပင့်နေပြီ၊ ဒီမီးကို ငြိမ်းအောင် ဘယ်လို ငြိမ်းချမ်း ရေးဖြစ်စဉ်တစ်ခု လိုအပ်ချက်နဲ့အတူ အားလုံးသဘောပေါက်ပြီးပါဝင်နိုင်အောင် ဆွေးနွေးညှိနှိုင်း တိုင် ပင်နိုင်ရင်ကောင်းမှာလဲဆိုတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း တစ်ခုလည်း အမြင့်ဆုံးအရှိန်ကိုရောက်တဲ့ကာလမျိုး မှာ ပေါ်ထွန်းလာနိုင်ပါတယ်။ ဒါက မျှော်လင့်ချက်ပါ"ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌက ဆိုသည်။

သို့သော် လက်ရှိတွင် နိုင်ငံအတွင်းရှိ လက်နက် ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် အပြိုင် လူသစ် စုဆောင်းနေကြသည့်အတွက် ပြည်တွင်းစစ်သည် ပို မိုဖြစ်ပွားလာနိုင်ခြေရှိသည့်အဖြေတစ်ခု ထွက်ရှိနေပြီ ဖြစ်ကြောင်း သုံးသပ်ကြနေသည်။ ပြည်တွင်းစစ် ပြင်း ထန်နေချိန်ကာလတွင် စစ်မှုထမ်းရမည်ဆိုသော ထုတ်ပြန်ကြေညာချက်များကြောင့် လူငယ်လူရွယ် အချို့သည် ပြည်ပသို့ထွက်ခွာရန် ပြင်ဆင်မှုများရှိ လာနေသည်ကိုလည်း တွေ့နေရပြန်သည်။

"အခု မြဝတီနယ်စပ်တို့၊ ဘုရားသုံးဆူနယ်စပ် တို့မှာဆိုရင် ထိုင်းဘက်ကို တရားဝင်ရော၊ တရားမဝင် ရော ထွက်လာတာတွေ တော်တော်များများတွေ့ရ တယ်။ တရားဝင်ထွက်တာကတော့ အပေါ်လမ်းကနေ ဗီဇာယူပြီးထွက်တယ်။ နိုင်ငံကူးလက်မှတ်လုပ်ပြီး ထွက်ကြတယ်။ အောက်လမ်းကနေပြီးတော့မှ ဒီအ တိုင်းထွက်ကြတာတွေလည်း ရှိတယ်။ တချို့လူငယ် တွေက စစ်မှုမထမ်းချင်လို့ ရှောင်ချင်တာရယ်၊ မိဘ တွေက တတ်နိုင်တဲ့ကလေးတွေကတော့ ပညာသင် ကြားဖို့ထွက်ချင်တယ်။ တချို့ကျတော့လည်း လက် နက်မကိုင်ချင်လို့ နီးစပ်ရာနိုင်ငံတွေမှာ ရရာ အလုပ် ကိုလုပ်ပြီးတော့ နေကြထိုင်ကြမယ်ဆိုတဲ့ ပုံစံမျိုးလေး တွေ တွေ့နေရတော့ စိတ်မကောင်းပါဘူး"ဟု မြန်မာ-ထိုင်းနယ်စပ်ရှိ ဒေသခံတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ စတင် ဖော်ဆောင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရခိုင် ပြည်နယ်အတွင်း၌ ဆင်နွှဲနေသည့်သဘောရှိပြီး အဆိုပါပြည်နယ်အတွင်းတွင် တိုက်ပွဲများ အပြင်းအ ထန်ဖြစ်ပွားနေလျက်ရှိသည်။

ထို့ပြင် ကချင်၊ စစ်ကိုင်း၊ ပဲခူး စသော ဒေသများရှိ နေရာအချို့တွင်လည်း တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၊ PDF အဖွဲ့များကြားတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်ကို တွေ့နေရ သည်။

"ဆိုတော့ ပြည်တွင်းစစ်ကြီးက ဖြစ်ခဲ့တယ်။ ဖြစ်နေပြီ။ ဒါကြီးက စစ်မီးထပ်တောက်မှာလား ဆိုတဲ့ အခါ လူသူလက်နက်တွေ အဘက်ဘက်က ပြန်စုကြ တော့ ပိုပြီး စစ်မီးလျှံတောက်လောင် နိုင်ခြေရှိတယ်ဆို တာတော့ အဖြေထွက်မှာပေါ့"ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူမှာ (၆) သိန်းကျော်ရှိနိုင်ကြောင်း ကုလသမဂ္ဂဘက်က ခန့်မှန်းထားသည်။ ထို့ကြောင့် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် နှင့် နိုင်ငံတော်အကျိုးကို ရှေးရှုကာ စစ်ပွဲများကို အမြန်ဆုံးရပ်တန့်၍ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဖြေရှင်းကြရန်လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။

zawgyi version
အၿပိဳင္လူသစ္စုလာသည့္လက္နက္ကိုင္မ်ားေၾကာင့္ ျပည္တြင္းစစ္မီး . . .(ေဆာင္းပါး)
ျမဴနစ္ (NP News) - ‌ေဖေဖာ္ဝါရီ ၂၅
ကမာၻေပၚတြင္ ျပည္တြင္းစစ္အရွည္ၾကာဆုံး ႏိုင္ငံတစ္ခုျဖစ္သည့္ ျမန္မာႏိုင္ငံတြင္ စစ္ပြဲမ်ား ဆက္လက္ျဖစ္ပြားရန္ လက္နက္ကိုင္အသီးသီးက တာစူေနလ်က္ရွိသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္ဦးေဆာင္သည့္ လက္ရွိ နစက အစိုးရလက္ထက္တြင္ တိုက္ပြဲမ်ား အျပင္းထန္ဆုံး ကာလမွာ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၂၇ ရက္က စတင္သည္ဟု ေကာက္ခ်က္ခ်ႏိုင္သည္။

ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ (၃)ဖြဲ႕ျဖစ္ ေသာ MNDAA ၊ TNLAA ႏွင့္ AA တို႔သည္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ၂၀၂၃ ခုႏွစ္ ေအာက္တို ဘာလ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္ ေျမာက္ပိုင္းအတြင္း၌ တိုက္ပြဲမ်ားကို စတင္ေဖာ္ေဆာင္ခဲ့သည္။ အဆိုပါစစ္ဆင္ေရးကာလအတြင္း၌ ကိုးကန႔္လက္ နက္ကိုင္ MNDAA အဖြဲ႕သည္ ကိုးကန႔္ေဒသတစ္ခုလုံးနီးပါးကိုထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ သေဘာရွိသကဲ့သို႔ တအာင္းလက္နက္ကိုင္ TNLA အဖြဲ႕အေနျဖင့္လည္း ရွမ္းေျမာက္အတြင္းရွိ ၿမိဳ႕(၇)ၿမိဳ႕ခန႔္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္သေဘာရွိသည္။

လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္း၌ ေျမာက္ပိုင္း(၃)ဖြဲ႕ႏွင့္ နစက၏တပ္မေတာ္တို႔သည္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ဇန္နဝါရီလ ၁၁ ရက္မွစတင္ကာ ႏွစ္ဖက္အပစ္ရပ္ဆိုင္းထားၾကသည္။

ထိုသို႔ ႏွစ္ဖက္အပစ္အခတ္ ရပ္ဆိုင္းထားသည့္ ကာလအတြင္း၌ MNDAA ၊ TNLA လက္နက္ကိုင္အဖြဲ႕တို႔သည္ ၎တို႔ထိန္းခ်ဳပ္ထားရာၿမိဳ႕မ်ားတြင္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို စတင္လုပ္ေဆာင္လ်က္ရွိသကဲ့သို႔ စစ္သားသစ္စုေဆာင္းျခင္းမ်ားကိုလည္း လုပ္ကိုင္ေနလ်က္ရွိသည္။

''ေလာက္ကိုင္မွာေတာ့ MNDAA ကပဲ အခု ဦးစီးေနတာေပါ့။ ကြၽန္ေတာ္တို႔ျပည္မက အလုပ္သ မားေတြကိုေခၚမယ္ဆိုရင္ သူတို႔ဆီမွာ ေထာက္ခံစာ ယူရတယ္။ သူတို႔႐ုံးကိုသြားၿပီးေတာ့ အာမခံမွေခၚလို႔ ရတယ္။ ေလာက္ကိုင္မွာက သူတို႔႐ုံးရွိတယ္ေလ။ ေနာက္တစ္ခုက အိမ္ေတြမွာ စာရင္းလိုက္ေကာက္ တာရွိတယ္။ သားသမီးဘယ္ႏွေယာက္ရွိလဲေပါ့။ စစ္မႈ ထမ္းရမယ္ဆိုတဲ့အေၾကာင္းေတြပါ ေျပာသြားတာရွိ တယ္။ ကိုးကန႔္လူမ်ိဳးေတြကေတာ့ လိုလိုလားလားနဲ႔ သြားၾကတာေတာ့ရွိတယ္"ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ ဦးက NP News ကို ေဖေဖာ္ဝါရီလ ၁၉ ရက္က ေျပာသည္။

အလားတူ ယခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္းရွိ ၿမိဳ႕(၇)ၿမိဳ႕ခန႔္ကို ထိန္းခ်ဳပ္ထားေသာ TNLA အဖြဲ႕သည္လည္း တအာင္းအမ်ိဳးသားတိုင္း စစ္မႈထမ္းရမည္ဆိုသည့္ ဥပေဒတစ္ရပ္ ထုတ္ျပန္လာခဲ့သည္ကို ေတြ႕ရွိရသည္။

MNDAA ႏွင့္ TNLA အဖြဲ႕တို႔သည္ ၎တို႔ ထိန္းခ်ဳပ္ထားရာေဒသမ်ားတြင္ အုပ္ခ်ဳပ္ေရးလုပ္ငန္း မ်ားစတင္မႈႏွင့္အတူ တပ္သားသစ္စုေဆာင္းမႈမ်ား ကိုပါ တစ္ၿပိဳင္နက္တည္း ျပဳလုပ္လ်က္ရွိသည္ကို ေတြ႕ရသည္။

ထို႔ျပင္ လက္ရွိႏိုင္ငံေတာ္ တာဝန္ရယူထားသည့္ နစက အစိုးရသည္လည္း ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီလ ၁၀ ရက္က ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာတည္ ေၾကာင္း အမိန႔္ထုတ္ျပန္ခဲ့သည္။

အဆိုပါျပည္သူ႔စစ္မႈထမ္းဥပေဒသည္ ဗိုလ္ခ်ဳပ္ မႉးႀကီးသန္းေ႐ႊလက္ထက္တြင္ေရးဆြဲခဲ့ေသာ ဥပေဒ တစ္ရပ္ျဖစ္ၿပီး ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ ေစာင့္ေရွာက္ရန္ ႏိုင္ငံသားတိုင္း တာဝန္ရွိသည့္အတြက္ ဥပေဒအာဏာတည္လိုက္ျခင္းျဖစ္ေၾကာင္း နစကဘက္က ေျပာဆိုထားသည္။ ယင္းကဲ့သို႔ ျပည္ သူ႔စစ္မႈထမ္းဥပေဒကို အာဏာတည္ေၾကာင္း နစက မွ အမိန႔္ထုတ္ျပန္ၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီလ ၁၉ ရက္တြင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ဦးေဆာင္ေသာ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS) က လည္း ရွမ္းျပည္နယ္အတြင္းရွိ ေဒသခံမ်ားအေနျဖင့္ စစ္မႈ ထမ္းရမည္ဟု ထပ္မံထုတ္ျပန္လာခဲ့သည္။

စစ္မႈထမ္းေဆာင္ျခင္းမရွိဘဲ ႏိုင္ငံျခားသို႔ ထြက္ ေျပးတိမ္းေရွာင္ပါက ေနအိမ္ရွိပစၥည္းဥစၥာမ်ားကို သိမ္းဆည္းသြားမည္ဟုလည္း RCSS ဘက္က ၿခိမ္း ေျခာက္ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

NCA လက္မွတ္ေရးထိုးထားေသာ RCSS အေနျဖင့္ ယခုကဲ့သို႔ လူအင္အားတိုးခ်ဲ႕ရန္ ေဆာင္႐ြက္လာမႈသည္ NCA ၏ ျပ႒ာန္းခ်က္မ်ားႏွင့္ ကိုက္ ညီမႈရွိ၊ မရွိ ေမးခြန္းထုတ္သူအခ်ိဳ႕လည္း ရွိေနသည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ေဒသခံတိုင္းရင္းသားမ်ားအေနျဖင့္ ၎လက္နက္ကိုင္မ်ား၏ အတင္းအဓမၼ လူသစ္စုေဆာင္းျခင္း၊ ေပၚတာဆြဲျခင္း အျပဳအမူမ်ားကို ခံေနရ လ်က္ရွိေၾကာင္း သိရသည္။ လက္ရွိတြင္ ႏိုင္ငံအတြင္း ရွိ လူငယ္အပါအဝင္ ျပည္သူလူထုအေနျဖင့္ လက္ နက္ကိုင္အဖြဲ႕မ်ား၏ စစ္မႈထမ္းရမည္ဆိုသည့္ ထုတ္ ျပန္ေၾကညာခ်က္မ်ားေၾကာင့္ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚလ်က္ရွိေနသည္ကိုလည္း ေတြ႕ရသည္။

''က်ဳပ္အျမင္ကေတာ့ အဖြဲ႕အစည္းတိုင္း အဖြဲ႕အစည္းတိုင္းက သူတို႔ရဲ႕ကိုယ္က်ိဳးစီးပြားကို ျပည္သူ လူထုကို ခ်နင္းတယ္လို႔ ျမင္တယ္။ ဘာေၾကာင့္လဲဆို ေတာ့ တိုင္းျပည္ႀကီးက စစ္ေရးပဋိပကၡေတြျဖစ္ေနတဲ့ အခ်ိန္မွာ ျပည္သူလူထုရဲ႕အက်ိဳးစီးပြားဆိုၿပီးမွ လက္ နက္ကိုင္ေတြအကုန္လုံးက ဒီစကားလုံးကို တြင္တြင္သုံးၿပီးေတာ့မွ တိုင္းသူျပည္သားေတြနဲ႔ လူငယ္ေတြနဲ႔ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြ ဒီေလာက္ဒုကၡေရာက္ေနတဲ့ အခ်ိန္မွာ ျပည္သူ႔အက်ိဳးစီးပြားကို တစ္တိုင္းျပည္လုံး မွာရွိတဲ့လက္နက္ကိုင္ေတြ တစ္ေယာက္မွ ေရွးမရႈဘူး လို႔ သုံးသပ္ခ်င္တယ္။ ျပည္သူကို ေသကြင္းထဲ၊ သတ္ ကြင္းထဲ အတင္းဆြဲေခၚေနတဲ့အတြက္ေၾကာင့္ ဘယ္ ေကာင္မွ မင္းေကာင္းမင္းျမတ္မျဖစ္ဘူးဆိုတာ က်ဳပ္ေျပာခ်င္တယ္"ဟု စေတာ့ဟုမ္းကမာၻ႔ၿငိမ္းခ်မ္းေရးဆုရွင္၊ ႈျႏဃ ဆရာေတာ္ ဦးေသာဘိတက NP News ကို သုံးသပ္မိန႔္ၾကားသည္။

ထို႔ေၾကာင့္ လက္နက္ကိုင္ေခါင္းေဆာင္မ်ားအေနျဖင့္ လက္နက္ျဖင့္တိုက္ခိုက္ေနျခင္းအစား ၿငိမ္း ခ်မ္းေရးစားပြဲဝိုင္းတြင္ ေတြ႕ဆုံေဆြးေႏြးေျဖရွင္းၾကရန္ လည္း ဆရာေတာ္ဦးေသာဘိတက ေမတၱာရပ္ခံ မိန႔္ၾကားထား သည္။

''ဘယ္လိုေျဖရွင္းလို႔ရႏိုင္မလဲဆိုေတာ့ အဲဒီ လက္နက္ကိုင္ေခါင္းေဆာင္ေတြအကုန္လုံးက Poli­tical dialogue အရ ေဆြးေႏြးၿပီးေတာ့မွ ဖက္ဒရယ္ ဆို ဖက္ဒရယ္၊ ႏိုင္ငံေတာ္ကို တည္ေဆာက္ဖို႔အတြက္ ဖြဲ႕စည္းပုံကို ဘယ္လိုျပင္ၾကမလဲ။ လက္နက္နဲ႔တိုက္ေနတာထက္ စားပြဲဝိုင္းမွာတိုက္တာကို က်ဳပ္ကေတာ့ တိုက္ တြန္းလိုတာေပါ့။ ဒီလိုျဖစ္စဥ္ေတြက ကေမာၻဒီးယား မွာလည္း ျဖစ္ခဲ့ၾကဖူးတာ။ လူဦးေရ (၆)သန္းေလာက္ ရွိတာကို (၂)သန္းေလာက္က ပဋိပကၡေၾကာင့္ေသေက် ခဲ့ရဖူးတယ္။ အဲဒီေတာ့ တို႔တိုင္းျပည္မွာလည္း လူဦး ေရ သန္း (၅၀) ေလာက္က သူတို႔ ဒီလိုလက္နက္ကိုင္ ေျဖရွင္းေနၾကရင္ သန္းနဲ႔ခ်ီေသာ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြက ပ်က္စီးဆုံးရႈံးသြား ႏိုင္တယ္။ ဒါေၾကာင့္မို႔လို႔ အဲဒီလိုဟာမ်ိဳးေတြကို က်ဳပ္ က ဘယ္အဖြဲ႕အစည္းကိုမွအားမေပးဘူး။ အေကာင္း ဆုံးကေတာ့ လက္နက္ကိုင္ေခါင္းေဆာင္ေတြ အား လုံးေရာ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြအားလုံးက အာဆီယံတို႔၊ ကုလသမဂၢတို႔ ႏိုင္ငံႀကီးေတြရဲ႕ အဖြဲ႕အ စည္းေတြရဲ႕ တြန္းအားေပးမႈနဲ႔အတူ စားပြဲဝိုင္းယဥ္ ေက်းမႈေပၚကိုသြားဖို႔အတြက္ တိုက္တြန္းလိုပါတယ္။ တိုင္းျပည္ကို တကယ္ခ်စ္ၾကတယ္ဆိုရင္ အဲဒီလက္ နက္ကိုင္ေတြအားလုံး Poli­tical dialogue ကို သြားေပးၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္}} ဟု ဆရာေတာ္က ထပ္မံ မိန႔္ၾကားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ လက္နက္ ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ လူအင္အားစုေဆာင္း ရန္ ျပင္ဆင္ေနလ်က္ရွိၾကၿပီး လိုလိုလား လားျဖင့္ စစ္မႈထမ္းလိုသူမ်ားရွိသကဲ့သို႔ ျငင္းဆိုေနသူမ်ားလည္း ရွိေနသည္ကို ေတြ႕ရသည္။

"လက္ေတြ႕ကေတာ့ စစ္သားအင္အား လက္ နက္တပ္ေပးလိုက္ရင္ စစ္မီးကေတာ့ ပိုက်ယ္ျပန႔္မွာေပါ့။ ကိုယ့္နယ္ေျမကို မေပးလိုလို႔သာ ေတာင့္ခံမယ္ ဆိုတဲ့ အားနဲ႔စုၾကတာ။ ရရွိၿပီးသားနယ္ေျမကို ထိန္း ခ်ဳပ္ဖို႔ လူ၊ လက္နက္လိုတယ္ဆိုတာလည္း ျဖစ္ႏိုင္ တယ္ေပါ့ဗ်ာ။ တစ္ဖက္ကလည္း စြန႔္လႊတ္ခဲ့ရတဲ့ေျမ ေတြကို ျပန္ၿပီးရေအာင္ယူမယ္ဆိုတဲ့သေဘာနဲ႔ လူ၊ လက္နက္ကလည္း စုၾကရတာေပါ့။ အဲဒီေတာ့ အတက္၊ အဆုတ္ေပါ့ဗ်ာ စစ္ဗ်ဴဟာအရေလ။ ဒီျပည္ တြင္းစစ္ ပဋိပကၡဆိုးက်ိဳးသံသရာက ဆက္လည္ပတ္ ဖို႔အတြက္ မီးေလာင္ရာေလပင့္ တစ္နည္းအားျဖင့္ ဆီဖ်န္းေပးတဲ့သေဘာပဲ"ဟု ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္က NP News ကို သုံးသပ္ေျပာၾကားသည္။

ထို႔ျပင္ ျပည္တြင္းစစ္မီးသည္ အျမင့္ဆုံးအမွတ္ သို႔ေရာက္ရွိခ်ိန္တြင္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္သည္လည္း အင္အားႀကီးႀကီးျဖင့္ ထြက္ေပၚလာႏိုင္သည္ဟုလည္း ေဒါက္တာေအးေမာင္က ဆိုသည္။

"ျမန္မာႏိုင္ငံက အေ႐ြ႕တစ္ခုကို သြားတာေပါ့။ ျပည္တြင္းပဋိပကၡ ပိုမ်ားလည္ပတ္ဦးမွာလား။ စစ္မီးလွ်ံေတြေပါ့။ ပဋိပကၡေတြ ပိုက်ယ္ျပန႔္ဖို႔အတြက္ လူ၊ လက္နက္၊ နည္းပညာစုေဆာင္းေနျဖစ္ၾကၿပီလားဆိုတာ ေတြးပူၾကမွာေပါ့။ အဲဒီလိုေတြးပူသလိုပဲ ျပည္ေထာင္စုၿငိမ္းခ်မ္းမႈအတြက္ ဘယ္လိုလုပ္ရင္ ေကာင္း မလဲဆိုတဲ့ လိုအပ္ခ်က္အပူတစ္ခုကလည္း ထပ္ ေရာက္လာမယ္ထင္တယ္ လူထုၾကားမွာေလ။ ဒီအတိုင္း အစိတ္စိတ္ အႁမႊာႁမႊာကြဲေအာင္ မီးေလာင္ရာကို ေလပင့္ေနၿပီ၊ ဒီမီးကို ၿငိမ္းေအာင္ ဘယ္လို ၿငိမ္းခ်မ္း ေရးျဖစ္စဥ္တစ္ခု လိုအပ္ခ်က္နဲ႔အတူ အားလုံးသေဘာေပါက္ၿပီးပါဝင္ႏိုင္ေအာင္ ေဆြးေႏြးညႇိႏႈိင္း တိုင္ ပင္ႏိုင္ရင္ေကာင္းမွာလဲဆိုတဲ့ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း တစ္ခုလည္း အျမင့္ဆုံးအရွိန္ကိုေရာက္တဲ့ကာလမ်ိဳး မွာ ေပၚထြန္းလာႏိုင္ပါတယ္။ ဒါက ေမွ်ာ္လင့္ခ်က္ပါ"ဟု ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒က ဆိုသည္။

သို႔ေသာ္ လက္ရွိတြင္ ႏိုင္ငံအတြင္းရွိ လက္နက္ ကိုင္အဖြဲ႕အစည္းအသီးသီးအေနျဖင့္ အၿပိဳင္ လူသစ္ စုေဆာင္းေနၾကသည့္အတြက္ ျပည္တြင္းစစ္သည္ ပို မိုျဖစ္ပြားလာႏိုင္ေျခရွိသည့္အေျဖတစ္ခု ထြက္ရွိေနၿပီ ျဖစ္ေၾကာင္း သုံးသပ္ၾကေနသည္။ ျပည္တြင္းစစ္ ျပင္း ထန္ေနခ်ိန္ကာလတြင္ စစ္မႈထမ္းရမည္ဆိုေသာ ထုတ္ျပန္ေၾကညာခ်က္မ်ားေၾကာင့္ လူငယ္လူ႐ြယ္ အခ်ိဳ႕သည္ ျပည္ပသို႔ထြက္ခြာရန္ ျပင္ဆင္မႈမ်ားရွိ လာေနသည္ကိုလည္း ေတြ႕ေနရျပန္သည္။

"အခု ျမဝတီနယ္စပ္တို႔၊ ဘုရားသုံးဆူနယ္စပ္ တို႔မွာဆိုရင္ ထိုင္းဘက္ကို တရားဝင္ေရာ၊ တရားမဝင္ ေရာ ထြက္လာတာေတြ ေတာ္ေတာ္မ်ားမ်ားေတြ႕ရ တယ္။ တရားဝင္ထြက္တာကေတာ့ အေပၚလမ္းကေန ဗီဇာယူၿပီးထြက္တယ္။ ႏိုင္ငံကူးလက္မွတ္လုပ္ၿပီး ထြက္ၾကတယ္။ ေအာက္လမ္းကေနၿပီးေတာ့မွ ဒီအ တိုင္းထြက္ၾကတာေတြလည္း ရွိတယ္။ တခ်ိဳ႕လူငယ္ ေတြက စစ္မႈမထမ္းခ်င္လို႔ ေရွာင္ခ်င္တာရယ္၊ မိဘ ေတြက တတ္ႏိုင္တဲ့ကေလးေတြကေတာ့ ပညာသင္ ၾကားဖို႔ထြက္ခ်င္တယ္။ တခ်ိဳ႕က်ေတာ့လည္း လက္ နက္မကိုင္ခ်င္လို႔ နီးစပ္ရာႏိုင္ငံေတြမွာ ရရာ အလုပ္ ကိုလုပ္ၿပီးေတာ့ ေနၾကထိုင္ၾကမယ္ဆိုတဲ့ ပုံစံမ်ိဳးေလး ေတြ ေတြ႕ေနရေတာ့ စိတ္မေကာင္းပါဘူး"ဟု ျမန္မာ-ထိုင္းနယ္စပ္ရွိ ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ စတင္ ေဖာ္ေဆာင္ခဲ့ေသာ ၁၀၂၇ စစ္ဆင္ေရးသည္ ရခိုင္ ျပည္နယ္အတြင္း၌ ဆင္ႏႊဲေနသည့္သေဘာရွိၿပီး အဆိုပါျပည္နယ္အတြင္းတြင္ တိုက္ပြဲမ်ား အျပင္းအ ထန္ျဖစ္ပြားေနလ်က္ရွိသည္။

ထို႔ျပင္ ကခ်င္၊ စစ္ကိုင္း၊ ပဲခူး စေသာ ေဒသမ်ားရွိ ေနရာအခ်ိဳ႕တြင္လည္း တပ္မေတာ္ႏွင့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕၊ PDF အဖြဲ႕မ်ားၾကားတြင္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေနသည္ကို ေတြ႕ေနရ သည္။

"ဆိုေတာ့ ျပည္တြင္းစစ္ႀကီးက ျဖစ္ခဲ့တယ္။ ျဖစ္ေနၿပီ။ ဒါႀကီးက စစ္မီးထပ္ေတာက္မွာလား ဆိုတဲ့ အခါ လူသူလက္နက္ေတြ အဘက္ဘက္က ျပန္စုၾက ေတာ့ ပိုၿပီး စစ္မီးလွ်ံေတာက္ေလာင္ ႏိုင္ေျခရွိတယ္ဆို တာေတာ့ အေျဖထြက္မွာေပါ့"ဟု ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္က သုံးသပ္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၌ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလမွစ၍ ျပင္းထန္လာသည့္တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရသူမွာ (၆) သိန္းေက်ာ္ရွိႏိုင္ေၾကာင္း ကုလသမဂၢဘက္က ခန႔္မွန္းထားသည္။ ထို႔ေၾကာင့္ ႏိုင္ငံအတြင္းရွိ လက္နက္ကိုင္အဖြဲ႕အစည္း အသီးသီးအေနျဖင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ ႏွင့္ ႏိုင္ငံေတာ္အက်ိဳးကို ေရွးရႈကာ စစ္ပြဲမ်ားကို အျမန္ဆုံးရပ္တန႔္၍ ႏိုင္ငံေရးနည္းလမ္းျဖင့္ ေတြ႕ဆုံေျဖရွင္းၾကရန္လိုအပ္ေနၿပီျဖစ္ေၾကာင္း အႀကံျပဳလိုက္ရပါသည္။

Related news

© 2021. All rights reserved.