ရုရှားက ထိုးစစ်ဆင်မှုအသစ် လုပ်ဆောင်သွားနိုင်ဖွယ်ရှိနေဟု ယူကရိန်းသမ္မတ ခန့်မှန်းပြောဆို

 720

Pika (NP News) - ဖေဖော်ဝါရီ ၂၆

ရုရှားတပ်ဖွဲ့များသည် လာမည့် မေလနှောင်းပိုင်း (သို့မဟုတ်) နွေရာသီတွင် ယူကရိန်း၏ ကာကွယ်ရေးပိုင်းကို ထိုးစစ်ဆင်မှုအသစ် လုပ်ဆောင်သွားရန်အတွက် ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ဖေဖော်ဝါရီလ(၂၅)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

သို့သော်လည်း ယူကရိန်းတွင် ရှင်းလင်းသော ကိုယ်ပိုင်စစ်မြေပြင်အစီအစဉ်တစ်ခုရှိကြောင်း ဇီလန်စကီးက ထပ်မံပြောခဲ့သည်။ ယူကရိန်းနှင့် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်နိုင်ငံများကြား ဆက်လက်စည်းလုံး ညီညွတ်နေရန် အရေးကြီးကြောင်း နှင့် ရုရှား၏ တိုက်ခိုက်မှုအသစ်အပြီးတွင် ဖြစ်ပေါ်လာနိုင်သော ခက်ခဲသည့်လ (၂)လအတွက် ကြိုတင်ခန့်မှန်းမှုများ လုပ်ဆောင်ရန် အရေးကြီးကြောင်း ဇီလန်စကီးက ပြောခဲ့သည်။

ဇီလန်စကီးက "ရုရှားတပ်ဖွဲ့တွေဟာ လာမယ့်နွေရာသီအစ ဒါမှမဟုတ် မေလနှောင်းပိုင်းမှာ ယူကရိန်းအပေါ် တန်ပြန်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ဖို့အတွက် ပြင်ဆင်သွားနိုင်ဖွယ်ရှိနေပါတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုတွေ အတွက် ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်သွားမှာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၈)ရက်က စတင်ခဲ့တဲ့ ရုရှားရဲ့တိုက်ခိုက်မှုတွေက ဘာရလဒ်မှ ထွက်မလာခဲ့ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ဖက်ကလည်း ကိုယ်ပိုင်အစီအစဉ်ကို ပြင်ဆင်ပြီး ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ကတည်းက ယူကရိန်းတပ်ဖွဲ့ဝင် (၃၁ဝဝဝ)ဦး သေဆုံးခဲ့ကြောင်း ဇီလန်စကီးက ထပ်မံပြောခဲ့သည်။

ထို့အပြင် အမေရိကန်လွှတ်တော်သည် စစ်ရေးနှင့် ဘဏ္ဍာရေးအကူအညီအသစ်ကို အတည်ပြုပေးလိမ့်မည်ဟု ယုံကြည်ကြောင်း နှင့် ယူကရိန်းဖက်က အဆိုပါဆုံးဖြတ်ချက်ကို တစ်လအတွင်း လိုအပ်နေကြောင်း ဇီလန်စကီးက ပြောခဲ့သည်။
ယူကရိန်းစစ်ပွဲသည် အနောက်အုပ်စုနိုင်ငံများ၏ ထောက်ပံ့ပေးမှုများအပေါ်မူတည်နေပြီး ဥရောပသမဂ္ဂသည် ၎င်းတို့ ကတိပြုထားသော ခဲယမ်းမီးကျည်(၁)သန်း၏ (၃၀)ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးခဲ့ကြောင်း ဇီလန်စကီး က ထပ်မံပြောဆိုခဲ့သည်။

Zawgyi Version;
႐ုရွားက ထိုးစစ္ဆင္မႈအသစ္ လုပ္ေဆာင္သြားႏိုင္ဖြယ္ရွိေနဟု ယူကရိန္းသမၼတ ခန႔္မွန္းေျပာဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆

႐ုရွားတပ္ဖြဲ႕မ်ားသည္ လာမည့္ ေမလေႏွာင္းပိုင္း (သို႔မဟုတ္) ေႏြရာသီတြင္ ယူကရိန္း၏ ကာကြယ္ေရးပိုင္းကို ထိုးစစ္ဆင္မႈအသစ္ လုပ္ေဆာင္သြားရန္အတြက္ ျပင္ဆင္ေနေၾကာင္း ယူကရိန္းသမၼတဇီလန္စကီးက ေဖေဖာ္ဝါရီလ(၂၅)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

သို႔ေသာ္လည္း ယူကရိန္းတြင္ ရွင္းလင္းေသာ ကိုယ္ပိုင္စစ္ေျမျပင္အစီအစဥ္တစ္ခုရွိေၾကာင္း ဇီလန္စကီးက ထပ္မံေျပာခဲ့သည္။ ယူကရိန္းႏွင့္ ၎၏ အေနာက္အုပ္စုေက်ာေထာက္ေနာက္ႏိုင္ငံမ်ားၾကား ဆက္လက္စည္းလုံး ညီၫြတ္ေနရန္ အေရးႀကီးေၾကာင္း ႏွင့္ ႐ုရွား၏ တိုက္ခိုက္မႈအသစ္အၿပီးတြင္ ျဖစ္ေပၚလာႏိုင္ေသာ ခက္ခဲသည့္လ (၂)လအတြက္ ႀကိဳတင္ခန႔္မွန္းမႈမ်ား လုပ္ေဆာင္ရန္ အေရးႀကီးေၾကာင္း ဇီလန္စကီးက ေျပာခဲ့သည္။

ဇီလန္စကီးက "႐ုရွားတပ္ဖြဲ႕ေတြဟာ လာမယ့္ေႏြရာသီအစ ဒါမွမဟုတ္ ေမလေႏွာင္းပိုင္းမွာ ယူကရိန္းအေပၚ တန္ျပန္ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ျပင္ဆင္သြားႏိုင္ဖြယ္ရွိေနပါတယ္။ သူတို႔ရဲ႕ တိုက္ခိုက္မႈေတြ အတြက္ ကြၽန္ေတာ္တို႔ဘက္ကလည္း ျပင္ဆင္စရာရွိတာေတြကို ျပင္ဆင္သြားမွာပါ။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ (၈)ရက္က စတင္ခဲ့တဲ့ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြက ဘာရလဒ္မွ ထြက္မလာခဲ့ဘူးလို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔ဖက္ကလည္း ကိုယ္ပိုင္အစီအစဥ္ကို ျပင္ဆင္ၿပီး ဆက္လက္လုပ္ေဆာင္သြားမွာပါ" ဟု ေျပာခဲ့သည္။

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္း ကတည္းက ယူကရိန္းတပ္ဖြဲ႕ဝင္ (၃၁ဝဝဝ)ဦး ေသဆုံးခဲ့ေၾကာင္း ဇီလန္စကီးက ထပ္မံေျပာခဲ့သည္။

ထို႔အျပင္ အေမရိကန္လႊတ္ေတာ္သည္ စစ္ေရးႏွင့္ ဘ႑ာေရးအကူအညီအသစ္ကို အတည္ျပဳေပးလိမ့္မည္ဟု ယုံၾကည္ေၾကာင္း ႏွင့္ ယူကရိန္းဖက္က အဆိုပါဆုံးျဖတ္ခ်က္ကို တစ္လအတြင္း လိုအပ္ေနေၾကာင္း ဇီလန္စကီးက ေျပာခဲ့သည္။
ယူကရိန္းစစ္ပြဲသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ေထာက္ပံ့ေပးမႈမ်ားအေပၚမူတည္ေနၿပီး ဥေရာပသမဂၢသည္ ၎တို႔ ကတိျပဳထားေသာ ခဲယမ္းမီးက်ည္(၁)သန္း၏ (၃၀)ရာခိုင္ႏႈန္းကိုသာ ေထာက္ပံ့ေပးခဲ့ေၾကာင္း ဇီလန္စကီး က ထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.