အမေရိကန်လက်နက်ကုမ္ပဏီတွေ အကျိုးစီးပွားအတွက် ကမ္ဘာကြီးမတည်ငြိမ်အောင် အမေရိကန်အစိုးရ ဖန်တီးနေသလား (ဆောင်းပါး)

 528

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၆
ကမ္ဘာတစ်ဝန်းရှိပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးရရှိစေဖို့ တောင်းဆိုနေပေမယ့် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ စစ်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်ပွားလာတာနဲ့ တစ်ပြိုင်တည်း ပြိုင်ဘက်အုပ်စုတွေကို အနိုင်ရယူဖို့ ခေတ်မီလက်နက်တွေပိုင်ဆိုင်နိုင်အောင် အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ရာ ခေတ်မီလက်နက်တွေ ထုတ်လုပ် နိုင်တဲ့ လက်နက်ကုမ္ပဏီတွေဟာ အကျိုးအမြတ်များ စွာဖြစ်ထွန်းနေခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး အမြတ်စွန်းများ စွာရရှိခဲ့တယ်လို့ စစ်လက်နက်ပစ္စည်းရောင်းချရေး စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားတောင်းဆိုနေပေမယ့် လက်တွေ့မှာတော့ စစ်လိုလားတဲ့ စရိုက်အတိုင်း နိုင်ငံတကာစည်းကမ်း၊ ဥပဒေတွေရှိနေပေမယ့် အကြောင်းအမျိုးမျိုးပြကာ တခြားနိုင်ငံတွေကို ဝင်ရောက် တိုက်ခိုက်တာမျိုးတွေ ရှိနေခဲ့တယ်ဆိုတာ သမိုင်းမှတ် တမ်းတွေက သက်သေအဖြစ်ရှိနေပါတယ်။ တရုတ် နိုင်ငံအခြေစိုက် ဂလိုဘယ်တိုင်းမ်သတင်းဌာနရဲ့ ဖော် ပြချက်တွေအရ ၁၉၄၅ ခုနှစ်နောက်ပိုင်းကတည်းက ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ အားလုံးရဲ့ (၈၀)ရာခိုင်နှုန်းဟာ အမေရိကန်နိုင်ငံနဲ့ ဆက်နွှယ်ခဲ့ တယ်လို့ဖော်ပြထားပြီး အမေရိကန်နိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း ၂၄၀ ကျော်အတွင်းမှာ စစ်ပွဲနဲ့မဆက်နွှယ်တဲ့ နှစ်ပေါင်း (၁၆)နှစ်သာရှိခဲ့ တယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝန်းမှာ စစ်ပွဲတွေဖြစ်ပွားလာချိန်မှာ အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းရောင်းချရေး ကုမ္ပဏီတွေရဲ့ တိုက်လေယာဉ်တွေအပါအဝင် ခေတ်မီလက်နက်တွေထုတ်လုပ်မှုတွေလည်း ယခင် ထက် တိုးမြင့်လာခဲ့ပြီး အမြတ်စွန်းများစွာ ရရှိခဲ့ပါတယ်။ အမေရိကန်ရဲ့နာမည်ကျော် စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ လော့ဟီမာတင် ကုမ္ပဏီ အပြင် General Dynamics ကုမ္ပဏီ နဲ့ Northrop Grumman ကုမ္ပဏီတို့ဟာ လာမယ့် (၁၂)လအတွင်း လက်နက်ရောင်းချရမှု (၅) ရာခိုင်နှုန်းကနေ (၇) ရာ ခိုင်နှုန်းအထိ တိုးမြင့်လာဖွယ်ရှိတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားတဲ့စစ်ပွဲအပြင် ၂၀၂၃ ခုနှစ်အောက်တိုဘာလမှာ စတင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့ရဲ့စစ်ပွဲ၊ အရှေ့အလယ် ပိုင်းဒေအတွင်း တင်းမာမှုအခြေအနေတွေကြောင့် အမေရိကန်လက်နက်ကုမ္ပဏီတွေဟာ လက်နက်ရောင်း ချရဖို့ အမှာစာများစွာရရှိထားတယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် Defence News သတင်း ဌာနရဲ့ဖော်ပြချက်တွေဟာ ၂၀၂၃ ခုနှစ်အတွက် စစ် လက်နက်ပစ္စည်းရောင်းချရမှုကနေ အများဆုံး ဝင်ငွေ ရရှိခဲ့တဲ့ လက်နက်ကုမ္ပဏီ ၅ ခုထဲမှာ အမေရိကန်အ ခြေစိုက် ကုမ္ပဏီလေးခုနဲ့ တရုတ်ကုမ္ပဏီတို့ ပါဝင်နေ ပါတယ်။ အမေရိကန်အခြေစိုက် လက်နက်ကုမ္ပဏီ ဖြစ်တဲ့ လောဟီမာတင်ဟာ အမေရိကန်ဒေါ်လာ ၆၃၃၃၄ သန်း ရောင်းချနိုင်ခဲ့သလို အမေရိ ကန်အခြေစိုက် RTX ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၉၆၀ဝ သန်း၊ အမေရိကန်အခြေစိုက် Northrop Grumman ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၂၄၃၅ သန်းရောင်း ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် တရုတ်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aviation Industry Corporation of China ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၀၉၇၁ သန်း၊ အမေရိကန်လက် နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘိုရင်းကုမ္ပဏီက အမေရိ ကန်ဒေါ်လာ ၃၀၈၄၃ သန်း ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်အခြေစိုက် Defence News သတင်းဌာနရဲ့အဆိုအရ ၂၀၂၃ ခုနှစ်အတွက်ထုတ်ပြန်တဲ့ စစ်လက်နက်ပစ္စည်းအများ ဆုံးရောင်းချရတဲ့ ကုမ္ပဏီ ၁၀ ခု စာရင်းထဲမှာ အမေရိကန်အခြေစိုက် လက်နက်ကုမ္ပဏီ ၆ ခု၊ တရုတ် အခြေစိုက်ကုမ္ပဏီ ၃ ခုနဲ့ ဗြိတိန်အခြေစိုက် ကုမ္ပဏီ တစ်ခု ပါဝင်နေခဲ့ပါ တယ်။ လက်နက်ကုမ္ပဏီတွေ အကျိုးအမြတ်များစွာရရှိ နေခဲ့တာဟာ ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေ ကြောင့်ဖြစ်နေပြီး ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲ ဖြစ်လာခဲ့ပြီးနောက်ပိုင်း စစ်လက်နက်ပစ္စည်းရောင်းချရမှု အရှိန်မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ အမေရိ ကန်အစိုးရဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်း တွေကူညီပေးနိုင်ဖို့ အမေရိကန်အခြေစိုက်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီတွေထံကဝယ်ယူခဲ့သလို ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း အမေရိကန်အခြေစိုက်စစ်လက်နက်ပစ္စည်းကုမ္ပဏီ တွေထံကနေ ဝယ်ယူခဲ့ပါတယ်။ အမေရိကန်လက်နက် ကုမ္ပဏီတွေ အကျိုးအမြတ် များစွာရရှိနေခြင်းဟာ အမေရိကန်နိုင်ငံအတွက်လည်း အကျိုးအမြတ်များ စွာရရှိနေပြီး စစ်လက်နက်ပစ္စည်း ရောင်းချရတဲ့ငွေ ကြေးတွေနဲ့ပတ်သက်ရင် ဝင်ငွေခွန်တွေကို အစိုးရထံ ပြန်လည်ပေးဆောင်ရတာမျိုးတွေ ရှိနေပါတယ်။

အမေရိကန်စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေဟာ လည်း အမေရိကန်လက်နက်ကုမ္ပဏီတွေထံမှာ အကြံပေးအဖြစ်တာဝန်ယူတာ၊ ဒါရိုက်တာအဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်နေတာမျိုးတွေရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ စစ်လက်နက်ပစ္စည်းတွေကို အပြိုင် အဆိုင် စမ်းသပ်ထုတ်လုပ်နေခြင်းတွေ အရှိန်မြင့် တက်လာချိန်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မေးခွန်း ထုတ်စရာ ဖြစ်လာနေပါတယ်။ လက်နက်ကုမ္ပဏီတွေ ဟာ သူတို့ထုတ်လုပ်ထားတဲ့ စစ်လက်နက်ပစ္စည်း တွေရဲ့ စွမ်းဆောင်ရည်တွေကို ကြော်ငြာနိုင်ဖို့နဲ့ ရောင်းချနိုင်ဖို့ လက်တွေ့စစ်ပွဲတွေမှာ စမ်းသပ်တာ တွေရှိလာခဲ့ပါတယ်။ အမေရိကန်လက်နက်ကုမ္ပဏီ တွေဟာ သူတို့ထုတ်လုပ်ထားတဲ့လက်နက်အသစ် အဆန်းတွေကို အာဖဂန်နစ္စတန်၊ အီရတ်စစ်ပွဲတွေ အပါအဝင် ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ လက်တွေ့အသုံးချစမ်းသပ်တာတွေရှိလာခဲ့ပါတယ်။ စစ်ပွဲတွေဟာ ကမ္ဘာကျော်လက်နက်ကုမ္ပဏီကြီးတွေရဲ့ လက်နက်စမ်းသပ်ရာ ကွင်းတစ်ခုဖြစ်နေသလားဆိုပြီး မေးခွန်းထုတ်တာမျိုးတွေလည်းရှိလာခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲမှာ အစ္စရေးစစ်တပ်ဟာ သူတို့လက်နက်ကုမ္ပဏီတွေက တီထွင်ဖန်တီးထားတဲ့ ခေတ်မီလက်နက်ဆန်းတွေကိုအသုံးပြုလာခဲ့ရာ ကမ္ဘာ့နိုင်ငံတွေကြား လူကြိုက်များလာခဲ့ကာ ဝယ်ယူဖို့ စိတ်ဝင်စားမှုမြင့်တက်လာနေပါတယ်။

လက်နက်ကုမ္ပဏီတွေ အကျိုးစီးပွားများစွာဖြစ် ထွန်းနေတဲ့ကာလပတ်လုံး ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး ရဖို့ အလားအလာနည်းနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ ရဲ့စည်းကမ်းတွေထဲမှာလည်း နိုင်ငံတစ်နိုင်ငံရဲ့ ပြည် တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ သတ် မှတ်ထားပေမယ့် အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ရှိတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ နိုင်ငံတွေရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်း၊ ဆန့်ကျင်ဘက်အုပ်စုတွေကို ပံ့ပိုးကူညီခြင်း၊ အားပေး အားမြှောက်ပြုလုပ်ခြင်းတွေကြောင့် ထိပ်တိုက်တွေ့ ဆုံမှုတွေ၊ ပဋိပက္ခဖြစ်ပွားမှုအရှိန် မြင့်တက်လာကာ စစ်ပွဲတွေအထိ ဦးတည်လာစေခဲ့ပါတယ်။ အနီးစပ်ဆုံး ဥပမာပြရမယ်ဆိုရင် ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့စစ်ပွဲဟာ အမေရိကန်ရဲ့သွေးထိုးမြှောက် ပင့်ပေးမှုတွေကြောင့် ဖြစ်ပွားလာခဲ့တယ်လို့ ကမ္ဘာ့နိုင် ငံရေးသုတေသီတွေက သုံးသပ်ပြောဆိုထားပါတယ်။ ရုရှားဘက်က သတိပေးတားဆီးနေတဲ့ကြားကနေ အမေရိကန်ဟာ ယူကရိန်းကို နေတိုးအုပ်စုထဲ ဝင် ရာက်ခွင့်ပေးမယ်ဆိုတဲ့ မက်လုံးမျိုးပေးကာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံလာအောင် ဖန်တီးခဲ့တယ်လို့ စွပ်စွဲ ချက်တွေလည်းရှိနေပါတယ်။ အမေရိကန်ရဲ့သွေးထိုး မြှောက်ပင့်ပေးမှုတွေကြောင့် ရုရှားနဲ့ ယူကရိန်းစစ်ပွဲ ဖြစ်လာချိန်မှာ ယူကရိန်းနဲ့ အနောက်အုပ်စုနိုင်ငံ တွေဟာ ခေတ်မီလက်နက်တွေကို ရယူနိုင်ဖို့ အမေရိ ကန် လက်နက်ကုမ္ပဏီတွေကို အားကိုးအားထားပြုလာ ခဲ့ရာ အမေရိကန်လက်နက်ကုမ္ပဏီတွေအတွက် အကျိုးစီးပွားများစွာဖြစ်လာစေခဲ့တယ်လို့ သုံးသပ် တင်ပြလိုက်ပါတယ်။

zawgyi version
အေမရိကန္လက္နက္ကုမၸဏီေတြ အက်ိဳးစီးပြားအတြက္ ကမာၻႀကီးမတည္ၿငိမ္ေအာင္ အေမရိကန္အစိုးရ ဖန္တီးေနသလား (ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၆

ကမာၻတစ္ဝန္းရွိျပည္သူေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ သာယာဝေျပာေရးရရွိေစဖို႔ ေတာင္းဆိုေနေပမယ့္ လက္ရွိအခ်ိန္အထိ ကမာၻတစ္ဝန္းမွာ စစ္ပြဲေတြ ျဖစ္ပြားေနဆဲျဖစ္ပါတယ္။ စစ္ပြဲေတြျဖစ္ပြားလာတာနဲ႔ တစ္ၿပိဳင္တည္း ၿပိဳင္ဘက္အုပ္စုေတြကို အႏိုင္ရယူဖို႔ ေခတ္မီလက္နက္ေတြပိုင္ဆိုင္ႏိုင္ေအာင္ အၿပိဳင္အဆိုင္ ႀကိဳးပမ္းလာခဲ့ရာ ေခတ္မီလက္နက္ေတြ ထုတ္လုပ္ ႏိုင္တဲ့ လက္နက္ကုမၸဏီေတြဟာ အက်ိဳးအျမတ္မ်ား စြာျဖစ္ထြန္းေနခဲ့ပါတယ္။ အထူးသျဖင့္ အေမရိကန္ စစ္လက္နက္ပစၥည္း ထုတ္လုပ္ေရးကုမၸဏီေတြဟာ အေမရိကန္ေဒၚလာ ဘီလ်ံနဲ႔ခ်ီၿပီး အျမတ္စြန္းမ်ား စြာရရွိခဲ့တယ္လို႔ စစ္လက္နက္ပစၥည္းေရာင္းခ်ေရး စစ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ အေမရိကန္ႏိုင္ငံ ဟာ ကမာၻ႔ၿငိမ္းခ်မ္းေရးကို လိုလားေတာင္းဆိုေနေပမယ့္ လက္ေတြ႕မွာေတာ့ စစ္လိုလားတဲ့ စ႐ိုက္အတိုင္း ႏိုင္ငံတကာစည္းကမ္း၊ ဥပေဒေတြရွိေနေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ တျခားႏိုင္ငံေတြကို ဝင္ေရာက္ တိုက္ခိုက္တာမ်ိဳးေတြ ရွိေနခဲ့တယ္ဆိုတာ သမိုင္းမွတ္ တမ္းေတြက သက္ေသအျဖစ္ရွိေနပါတယ္။ တ႐ုတ္ ႏိုင္ငံအေျခစိုက္ ဂလိုဘယ္တိုင္းမ္သတင္းဌာနရဲ႕ ေဖာ္ ျပခ်က္ေတြအရ ၁၉၄၅ ခုႏွစ္ေနာက္ပိုင္းကတည္းက ကမာၻတစ္ဝန္းမွာျဖစ္ပြားခဲ့တဲ့ လက္နက္ကိုင္ပဋိပကၡ အားလုံးရဲ႕ (၈၀)ရာခိုင္ႏႈန္းဟာ အေမရိကန္ႏိုင္ငံနဲ႔ ဆက္ႏႊယ္ခဲ့ တယ္လို႔ေဖာ္ျပထားၿပီး အေမရိကန္ႏိုင္ငံ တည္ေထာင္ၿပီး ႏွစ္ေပါင္း ၂၄၀ ေက်ာ္အတြင္းမွာ စစ္ပြဲနဲ႔မဆက္ႏႊယ္တဲ့ ႏွစ္ေပါင္း (၁၆)ႏွစ္သာရွိခဲ့ တယ္လို႔ ဆိုပါတယ္။

ကမာၻတစ္ဝန္းမွာ စစ္ပြဲေတြျဖစ္ပြားလာခ်ိန္မွာ အေမရိကန္ရဲ႕စစ္လက္နက္ပစၥည္းေရာင္းခ်ေရး ကုမၸဏီေတြရဲ႕ တိုက္ေလယာဥ္ေတြအပါအဝင္ ေခတ္မီလက္နက္ေတြထုတ္လုပ္မႈေတြလည္း ယခင္ ထက္ တိုးျမင့္လာခဲ့ၿပီး အျမတ္စြန္းမ်ားစြာ ရရွိခဲ့ပါတယ္။ အေမရိကန္ရဲ႕နာမည္ေက်ာ္ စစ္လက္နက္ပစၥည္းထုတ္ လုပ္ေရးကုမၸဏီေတြျဖစ္တဲ့ ေလာ့ဟီမာတင္ ကုမၸဏီ အျပင္ General Dynamics ကုမၸဏီ နဲ႔ Northrop Grumman ကုမၸဏီတို႔ဟာ လာမယ့္ (၁၂)လအတြင္း လက္နက္ေရာင္းခ်ရမႈ (၅) ရာခိုင္ႏႈန္းကေန (၇) ရာ ခိုင္ႏႈန္းအထိ တိုးျမင့္လာဖြယ္ရွိတယ္လို႔ ခန႔္မွန္းသုံးသပ္မႈေတြရွိလာခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္မွာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားတဲ့စစ္ပြဲအျပင္ ၂၀၂၃ ခုႏွစ္ေအာက္တိုဘာလမွာ စတင္ခဲ့တဲ့ အစၥေရးနဲ႔ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တို႔ရဲ႕စစ္ပြဲ၊ အေရွ႕အလယ္ ပိုင္းေဒအတြင္း တင္းမာမႈအေျခအေနေတြေၾကာင့္ အေမရိကန္လက္နက္ကုမၸဏီေတြဟာ လက္နက္ေရာင္း ခ်ရဖို႔ အမွာစာမ်ားစြာရရွိထားတယ္လို႔ ဆိုပါတယ္။ အေမရိကန္အေျခစိုက္ Defence News သတင္း ဌာနရဲ႕ေဖာ္ျပခ်က္ေတြဟာ ၂၀၂၃ ခုႏွစ္အတြက္ စစ္ လက္နက္ပစၥည္းေရာင္းခ်ရမႈကေန အမ်ားဆုံး ဝင္ေငြ ရရွိခဲ့တဲ့ လက္နက္ကုမၸဏီ ၅ ခုထဲမွာ အေမရိကန္အ ေျခစိုက္ ကုမၸဏီေလးခုနဲ႔ တ႐ုတ္ကုမၸဏီတို႔ ပါဝင္ေန ပါတယ္။ အေမရိကန္အေျခစိုက္ လက္နက္ကုမၸဏီ ျဖစ္တဲ့ ေလာဟီမာတင္ဟာ အေမရိကန္ေဒၚလာ ၆၃၃၃၄ သန္း ေရာင္းခ်ႏိုင္ခဲ့သလို အေမရိ ကန္အေျခစိုက္ RTX ကုမၸဏီက အေမရိကန္ေဒၚလာ ၃၉၆၀ဝ သန္း၊ အေမရိကန္အေျခစိုက္ Northrop Grumman ကုမၸဏီက အေမရိကန္ေဒၚလာ ၃၂၄၃၅ သန္းေရာင္း ခ်ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့ျပင္ တ႐ုတ္စစ္လက္နက္ပစၥည္းထုတ္လုပ္ေရး ကုမၸဏီတစ္ခုျဖစ္တဲ့ Aviation Industry Corporation of China ကုမၸဏီက အေမရိကန္ေဒၚလာ ၃၀၉၇၁ သန္း၊ အေမရိကန္လက္ နက္ကုမၸဏီတစ္ခုျဖစ္တဲ့ ဘိုရင္းကုမၸဏီက အေမရိ ကန္ေဒၚလာ ၃၀၈၄၃ သန္း ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ဆိုပါတယ္။ အေမရိကန္အေျခစိုက္ Defence News သတင္းဌာနရဲ႕အဆိုအရ ၂၀၂၃ ခုႏွစ္အတြက္ထုတ္ျပန္တဲ့ စစ္လက္နက္ပစၥည္းအမ်ား ဆုံးေရာင္းခ်ရတဲ့ ကုမၸဏီ ၁၀ ခု စာရင္းထဲမွာ အေမရိကန္အေျခစိုက္ လက္နက္ကုမၸဏီ ၆ ခု၊ တ႐ုတ္ အေျခစိုက္ကုမၸဏီ ၃ ခုနဲ႔ ၿဗိတိန္အေျခစိုက္ ကုမၸဏီ တစ္ခု ပါဝင္ေနခဲ့ပါ တယ္။ လက္နက္ကုမၸဏီေတြ အက်ိဳးအျမတ္မ်ားစြာရရွိ ေနခဲ့တာဟာ ကမာၻတစ္ဝန္းမွာျဖစ္ပြားေနတဲ့စစ္ပြဲေတြ ေၾကာင့္ျဖစ္ေနၿပီး ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း စစ္လက္နက္ပစၥည္းေရာင္းခ်ရမႈ အရွိန္ျမင့္တက္လာခဲ့တယ္လို႔ဆိုပါတယ္။ အေမရိ ကန္အစိုးရဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္း ေတြကူညီေပးႏိုင္ဖို႔ အေမရိကန္အေျခစိုက္လက္နက္ ထုတ္လုပ္ေရးကုမၸဏီေတြထံကဝယ္ယူခဲ့သလို ဥေရာပသမဂၢနဲ႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြကလည္း အေမရိကန္အေျခစိုက္စစ္လက္နက္ပစၥည္းကုမၸဏီ ေတြထံကေန ဝယ္ယူခဲ့ပါတယ္။ အေမရိကန္လက္နက္ ကုမၸဏီေတြ အက်ိဳးအျမတ္ မ်ားစြာရရွိေနျခင္းဟာ အေမရိကန္ႏိုင္ငံအတြက္လည္း အက်ိဳးအျမတ္မ်ား စြာရရွိေနၿပီး စစ္လက္နက္ပစၥည္း ေရာင္းခ်ရတဲ့ေငြ ေၾကးေတြနဲ႔ပတ္သက္ရင္ ဝင္ေငြခြန္ေတြကို အစိုးရထံ ျပန္လည္ေပးေဆာင္ရတာမ်ိဳးေတြ ရွိေနပါတယ္။

အေမရိကန္စစ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္းေတြဟာ လည္း အေမရိကန္လက္နက္ကုမၸဏီေတြထံမွာ အႀကံေပးအျဖစ္တာဝန္ယူတာ၊ ဒါ႐ိုက္တာအဖြဲ႕ဝင္ အျဖစ္ ပါဝင္ေဆာင္႐ြက္ေနတာမ်ိဳးေတြရွိေနပါတယ္။ ကမာၻတစ္ဝန္းမွာ စစ္လက္နက္ပစၥည္းေတြကို အၿပိဳင္ အဆိုင္ စမ္းသပ္ထုတ္လုပ္ေနျခင္းေတြ အရွိန္ျမင့္ တက္လာခ်ိန္မွာ ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ ေမးခြန္း ထုတ္စရာ ျဖစ္လာေနပါတယ္။ လက္နက္ကုမၸဏီေတြ ဟာ သူတို႔ထုတ္လုပ္ထားတဲ့ စစ္လက္နက္ပစၥည္း ေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို ေၾကာ္ျငာႏိုင္ဖို႔နဲ႔ ေရာင္းခ်ႏိုင္ဖို႔ လက္ေတြ႕စစ္ပြဲေတြမွာ စမ္းသပ္တာ ေတြရွိလာခဲ့ပါတယ္။ အေမရိကန္လက္နက္ကုမၸဏီ ေတြဟာ သူတို႔ထုတ္လုပ္ထားတဲ့လက္နက္အသစ္ အဆန္းေတြကို အာဖဂန္နစၥတန္၊ အီရတ္စစ္ပြဲေတြ အပါအဝင္ ကမာၻတစ္ဝန္းမွာျဖစ္ပြားခဲ့တဲ့ စစ္ပြဲေတြမွာ လက္ေတြ႕အသုံးခ်စမ္းသပ္တာေတြရွိလာခဲ့ပါတယ္။ စစ္ပြဲေတြဟာ ကမာၻေက်ာ္လက္နက္ကုမၸဏီႀကီးေတြရဲ႕ လက္နက္စမ္းသပ္ရာ ကြင္းတစ္ခုျဖစ္ေနသလားဆိုၿပီး ေမးခြန္းထုတ္တာမ်ိဳးေတြလည္းရွိလာခဲ့ပါတယ္။ လက္ရွိျဖစ္ပြားေနတဲ့ အစၥေရးနဲ႔ ဟားမတ္စ္အဖြဲ႕ ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲမွာ အစၥေရးစစ္တပ္ဟာ သူတို႔လက္နက္ကုမၸဏီေတြက တီထြင္ဖန္တီးထားတဲ့ ေခတ္မီလက္နက္ဆန္းေတြကိုအသုံးျပဳလာခဲ့ရာ ကမာၻ႔ႏိုင္ငံေတြၾကား လူႀကိဳက္မ်ားလာခဲ့ကာ ဝယ္ယူဖို႔ စိတ္ဝင္စားမႈျမင့္တက္လာေနပါတယ္။

လက္နက္ကုမၸဏီေတြ အက်ိဳးစီးပြားမ်ားစြာျဖစ္ ထြန္းေနတဲ့ကာလပတ္လုံး ကမာၻႀကီးမွာ ၿငိမ္းခ်မ္းေရး ရဖို႔ အလားအလာနည္းေနပါတယ္။ ကုလသမဂၢအဖြဲ႕ ရဲ႕စည္းကမ္းေတြထဲမွာလည္း ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ျပည္ တြင္းေရးကို ၾကားဝင္စြက္ဖက္တာမ်ိဳးမလုပ္ဖို႔ သတ္ မွတ္ထားေပမယ့္ အေမရိကန္နဲ႔ အေနာက္အုပ္စု ႏိုင္ငံေတြဟာ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈေတြ ရွိတယ္ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ ႏိုင္ငံေတြရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ျခင္း၊ ဆန႔္က်င္ဘက္အုပ္စုေတြကို ပံ့ပိုးကူညီျခင္း၊ အားေပး အားေျမႇာက္ျပဳလုပ္ျခင္းေတြေၾကာင့္ ထိပ္တိုက္ေတြ႕ ဆုံမႈေတြ၊ ပဋိပကၡျဖစ္ပြားမႈအရွိန္ ျမင့္တက္လာကာ စစ္ပြဲေတြအထိ ဦးတည္လာေစခဲ့ပါတယ္။ အနီးစပ္ဆုံး ဥပမာျပရမယ္ဆိုရင္ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြားခဲ့တဲ့စစ္ပြဲဟာ အေမရိကန္ရဲ႕ေသြးထိုးေျမႇာက္ ပင့္ေပးမႈေတြေၾကာင့္ ျဖစ္ပြားလာခဲ့တယ္လို႔ ကမာၻ႔ႏိုင္ ငံေရးသုေတသီေတြက သုံးသပ္ေျပာဆိုထားပါတယ္။ ႐ုရွားဘက္က သတိေပးတားဆီးေနတဲ့ၾကားကေန အေမရိကန္ဟာ ယူကရိန္းကို ေနတိုးအုပ္စုထဲ ဝင္ ရာက္ခြင့္ေပးမယ္ဆိုတဲ့ မက္လုံးမ်ိဳးေပးကာ ႐ုရွားနဲ႔ ထိပ္တိုက္ေတြ႕ဆုံလာေအာင္ ဖန္တီးခဲ့တယ္လို႔ စြပ္စြဲ ခ်က္ေတြလည္းရွိေနပါတယ္။ အေမရိကန္ရဲ႕ေသြးထိုး ေျမႇာက္ပင့္ေပးမႈေတြေၾကာင့္ ႐ုရွားနဲ႔ ယူကရိန္းစစ္ပြဲ ျဖစ္လာခ်ိန္မွာ ယူကရိန္းနဲ႔ အေနာက္အုပ္စုႏိုင္ငံ ေတြဟာ ေခတ္မီလက္နက္ေတြကို ရယူႏိုင္ဖို႔ အေမရိ ကန္ လက္နက္ကုမၸဏီေတြကို အားကိုးအားထားျပဳလာ ခဲ့ရာ အေမရိကန္လက္နက္ကုမၸဏီေတြအတြက္ အက်ိဳးစီးပြားမ်ားစြာျဖစ္လာေစခဲ့တယ္လို႔ သုံးသပ္ တင္ျပလိုက္ပါတယ္။

Related news

© 2021. All rights reserved.